စကစ ဖြင့္တဲ့ ေက်ာင္းေတြမွာ ဆရာအင္အား လုံေလာက္မႈ မရွိတာကို ဒဲ့ဖြင့္ခ်လိုက္တဲ့ ေက်ာင္းဆရာေလး…(ေရွ႔ကဖံုး ေနာက္ကေပၚ)

News

စကစ ဖြင့္တဲ့ ေက်ာင္းေတြမွာ ဆရာအင္အား လုံေလာက္မႈ မရွိတာကို ဒဲ့ဖြင့္ခ်လိုက္တဲ့ ေက်ာင္းဆရာေလး… (ေရာေၾကာ္ ပညာေရးစနစ္ကို မသင္ခ်င္လို႔ ႏုတ္ထြက္စာတင္ထားတဲ့ ေက်ာင္းဆရာေလးရဲ႕ ရင္ဖြင့္သံ )

အလုပ္ထြက္ဖို႔ေတာ့ျပင္ၿပီ။ ဘာျဖစ္လို႔လည္းဆိုေတာ့ ေျပာင္းလဲလာတဲ့ ပညာေရးစနစ္နဲ႔အညီ ဆရာ/မ အင္အား ျဖည့္တင္း မႈ မရွိဘဲ ပညာေရးစနစ္သစ္ကိုေအာင္ျမင္ခ်င္တဲ့ လူေတြကို စိတ္နာလို႔၊ ၿမိဳ႕ေပၚမွာေနၿပီး ဉာဏ္ရည္ေကာင္းတဲ့ ကေလးေတြကို သင္ၿပီး ဂုဏ္ယူေနတဲ့လူေတြ ေက်းလက္ေတာ႐ြာမွာက်ေနတဲ့ဆရာ/မေတြရဲ႕ အေျခေနကို မသိဘဲ စြပ္စြဲေျပာဆိုတတ္တဲ့

လူေတြကို စိတ္နာတယ္။ စနစ္သစ္ပညာေရး ကေလးေတြဟာ သင္ခ်ိန္တိုင္းမွာ ဆရာ/မနဲ႔ အတူရွိေနရတယ္။ အခုလက္ရွိ ျဖစ္ေနတာကို ေျပာလိုက္ မယ္။ မူလတန္းမွာ KG ကေန စတုတၳတန္းအထိ အတန္း ၅တန္းရွိပါတယ္။ ဆရာ/မအင္အားက မူလတန္းအတြက္ ၄ ေယာက္ ေက်ာင္းအုပ္အပါဝင္ ၅ ေယာက္ ေက်ာင္းလုပ္ငန္းတာဝန္ေတြ စာရင္းဇယားေတြ ခဏခဏ

ေတာင္းခံေနတဲ့ အတြက္ ေက်ာင္းအုပ္ကလည္း စာရင္းဇယား၊ သင္တန္း၊ အစည္းေဝး ဒါေတြနဲ႔လုံးခ်ာလိုက္ၿပီး ႐ြာလည္ေနေတာ့တာ၊ က်ေနာ္တို႔ဆရာ/မေတြဟာ မိမိ ရထားတဲ့ အလုပ္ေလးတစ္ခုကိုတည္ၿမဲဖို႔၊ ကေလးေတြ ေကာင္းစားဖို႔အတြက္ မိသားစုကို အခ်ိန္မေပးႏိုင္ ေတာ့ပါဘူး။ ေနာက္တစ္ခုက ပညာေရးမွာ နံပါတ္တစ္ျဖစ္တဲ့ ဖင္လန္ ႏိုင္ငံမွာ ကေလးေတြရဲ႕ တစ္ေန႔တာ

စာသင္ခ်ိန္က ေန႔တစ္ဝက္ပဲ ရွိပါတယ္။ အဲ့လိုထားတဲ့အတြက္ ေနာက္တစ္ရက္အတြက္ သင္ခန္းစာျပင္ဆင္ရတာ ပိုၿပီးအဆင္ေျပပါတယ္။ အခုက်ေနာ္တို႔ ျမန္မာႏိုင္ငံပညာေရးမွာက်ေတာ့ မနက္ ၉နာရီေက်ာင္းတက္ ညေန ၄ နာရီ မွ ေက်ာင္းဆင္းရတယ္။ ေက်ာင္းဆင္းလို႔ အစည္းေဝးေခၚရင္ ထမင္းေတာင္ ၅နာရီ ၆နာရီေလာက္မွ ခ်က္ရတယ္ အဲ့ဒါၿပီးရင္က ေနာက္တစ္ရက္

သင္မဲ့သင္ခန္းစာကို ၾကည့္ရတယ္။ တစ္ရက္ကို သင္ခ်ိန္က မရွိဘူးဆို အနည္းဆုံး ၄ ခ်ိန္ပဲ။ မနက္သင္မဲ့ဘာသာကို ညမွာ ျပန္ၾကည့္ ရတယ္။ ကေလးေတြကို ထိေရာက္စြာသင္မယ္ဆိုရင္ သင္ခန္းစာပိုင္ႏိုင္ဖို႔ လိုအပ္တာေပါ့။ တစ္ဘာသာကို တစ္နာရီပဲၾကည့္ ၄ ဘာသာ ဆိုေတာ့ ၆ နာရီကပဲ စၾကည့္ ည ၁၀ နာရီမွာၿပီးတယ္။ တစ္ေနကုန္ မနက္ကတည္းက ညေနထိ

မထိုင္ဘဲသင္ေနရတဲ့ စနစ္သစ္ ပညာေရးေၾကာင့္ ညဆို ေျခေထာက္ေတြနာ လူေတြလည္းနားခ်င္တာေပါ့။ ေက်ာင္းပိတ္ရက္ဆိုရင္လည္း တစ္ပတ္စာ သင္ခန္းစာေတြကို ထိေရာက္တဲ့သင္ခန္းစာ ျပင္ဆင္ခ်က္ေတြေရး သင္ေထာက္ကူ ေတြ လုပ္ၾကရ နဲ႔ပါ။ တခ်ိဳ႕ဆို မေရးႏိုင္ၾကဘူး ဘာျဖစ္လို႔လဲသိလား ကေလးေတြကို အခ်ိန္မီ သင္ၾကား ႏိုင္ေအာင္ Teacher Guide ကိုဖတ္

ဘယ္လိုလုပ္ရင္ထိေရာက္မလဲ အဲ့လိုေလးေတြ စဥ္းစားၿပီးသင္ေနၾကရတာပါ။ အဲ့ဒါ ေတြက ဆရာအင္အားမလုံေလာက္ဘဲ လုပ္ေနရတာေတြပါ။ အဲ့ဒီလိုေတြလုပ္ေနတာေတာင္မွ အထက္က ကိုယ္ေတာ္ေခ်ာ ေတြက သင္ခန္းစာျပင္ဆင္ခ်က္မေရး တဲ့သူဆိုရင္ မွင္နီေလးနဲ႔မွတ္ခ်က္ကေလးေရးလိုက္ရမွ ေက်နပ္ၾကတာပါ။ က်ေနာ္တို႔က မူလတန္းကို သင္ေနၾကရတာပါ အသိဉာဏ္

စတင္ဖြံ႕ၿဖိဳးစျပဳေနတဲ့ကေလးေတြကို ထိန္းေက်ာင္းေနရတာပါ။ စကစရဲ႕ ပညာဝန္ႀကီးခင္ဗ်ား။ စနစ္သစ္ပညာေရးနဲ႔ကိုက္ညီတဲ့ ဆရာ/မ အင္အားကို မေပးႏိုင္ေသးသ၍ “ပညာေရးျဖင့္ေခတ္မွီဖြံ႕ၿဖိဳးတိုးတက္ေသာႏိုင္ငံေတာ္ႀကီး တည္ေဆာက္အံ့” ဆိုတဲ့ ပညာေရး ေဆာင္ပုဒ္ႀကီးကို အေျခခံ ပညာေက်ာင္းေတြကေန ျဖဳတ္ခ်ထားလိုက္ပါ လို႔ေျပာခ်င္ပါတယ္။ ေနာက္တစ္ခုက

အခုလို က်ေနာ္ႏုတ္ထြက္ခြင့္တင္တာ ကေလးေတြကို မစာနာ မသနားလို႔မဟုတ္ပါ။ က်ေနာ္တင္လိုက္တဲ့ ပိုစ့္တစ္ခုေၾကာင့္ ကေလးေတြကို သင္ၾကားေပးမဲ့ ဆရာအင္အားျပည့္စုံရင္ က်ေနာ္ ႏုတ္ထြက္ရက်ိဳးနပ္ပါတယ္။ က်ေနာ္ ထြက္လိုက္တဲ့အတြက္ ခဏေတာ့ကေလးေတြ ဒုကၡေရာက္မွာေပါ့။ ေနာင္လာမဲ့စာသင္ႏွစ္ေတြမွာေတာ့အဆင္ေျပသြားမွာပါ။ အဆင္မေျပခဲ့ဘူးဆိုရင္လည္း

ယခုလို ပိုစ္မ်ိဳးထပ္တင္ၿပီးေတာင္းဆိုမွာပါ က်ေနာ္တင္တဲ့ပိုစ့္တိုင္းဟာ public နဲ႔ပဲတင္ပါတယ္။ ယခုလိုႏုတ္ထြက္စာတင္ျခင္းေၾကာင့္ ယခုကဲ့သို႔ဆရာတစ္ေယာက္ျဖစ္လာေအာင္ လမ္းၫႊန္ဆုံးမ သြန္သင္ ပဲ့ျပင္ေပးခဲ့ ၾကေသာ ဆရာ/မ မ်ားကို အစဥ္ အၿမဲ ႐ိုေသေလးစားလ်က္ပါ။

(မူရင္းေရးသားသူအား ေလးစားမႈျဖင့္)

Unicode

စကစ ဖွင့်တဲ့ ကျောင်းတွေမှာ ဆရာအင်အား လုံလောက်မှု မရှိတာကို ဒဲ့ဖွင့်ချလိုက်တဲ့ ကျောင်းဆရာလေး… (ရောကြော် ပညာရေးစနစ်ကို မသင်ချင်လို့ နုတ်ထွက်စာတင်ထားတဲ့ ကျောင်းဆရာလေးရဲ့ ရင်ဖွင့်သံ )

အလုပ်ထွက်ဖို့တော့ပြင်ပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ပြောင်းလဲလာတဲ့ ပညာရေးစနစ်နဲ့အညီ ဆရာ/မ အင်အား ဖြည့်တင်း မှု မရှိဘဲ ပညာရေးစနစ်သစ်ကိုအောင်မြင်ချင်တဲ့ လူတွေကို စိတ်နာလို့၊ မြို့ပေါ်မှာနေပြီး ဉာဏ်ရည်ကောင်းတဲ့ ကလေးတွေကို သင်ပြီး ဂုဏ်ယူနေတဲ့လူတွေ ကျေးလက်တောရွာမှာကျနေတဲ့ဆရာ/မတွေရဲ့ အခြေနေကို မသိဘဲ စွပ်စွဲပြောဆိုတတ်တဲ့

လူတွေကို စိတ်နာတယ်။ စနစ်သစ်ပညာရေး ကလေးတွေဟာ သင်ချိန်တိုင်းမှာ ဆရာ/မနဲ့ အတူရှိနေရတယ်။ အခုလက်ရှိ ဖြစ်နေတာကို ပြောလိုက် မယ်။ မူလတန်းမှာ KG ကနေ စတုတ္ထတန်းအထိ အတန်း ၅တန်းရှိပါတယ်။ ဆရာ/မအင်အားက မူလတန်းအတွက် ၄ ယောက် ကျောင်းအုပ်အပါဝင် ၅ ယောက် ကျောင်းလုပ်ငန်းတာဝန်တွေ စာရင်းဇယားတွေ ခဏခဏ

တောင်းခံနေတဲ့ အတွက် ကျောင်းအုပ်ကလည်း စာရင်းဇယား၊ သင်တန်း၊ အစည်းဝေး ဒါတွေနဲ့လုံးချာလိုက်ပြီး ရွာလည်နေတော့တာ၊ ကျနော်တို့ဆရာ/မတွေဟာ မိမိ ရထားတဲ့ အလုပ်လေးတစ်ခုကိုတည်မြဲဖို့၊ ကလေးတွေ ကောင်းစားဖို့အတွက် မိသားစုကို အချိန်မပေးနိုင် တော့ပါဘူး။ နောက်တစ်ခုက ပညာရေးမှာ နံပါတ်တစ်ဖြစ်တဲ့ ဖင်လန် နိုင်ငံမှာ ကလေးတွေရဲ့ တစ်နေ့တာ

စာသင်ချိန်က နေ့တစ်ဝက်ပဲ ရှိပါတယ်။ အဲ့လိုထားတဲ့အတွက် နောက်တစ်ရက်အတွက် သင်ခန်းစာပြင်ဆင်ရတာ ပိုပြီးအဆင်ပြေပါတယ်။ အခုကျနော်တို့ မြန်မာနိုင်ငံပညာရေးမှာကျတော့ မနက် ၉နာရီကျောင်းတက် ညနေ ၄ နာရီ မှ ကျောင်းဆင်းရတယ်။ ကျောင်းဆင်းလို့ အစည်းဝေးခေါ်ရင် ထမင်းတောင် ၅နာရီ ၆နာရီလောက်မှ ချက်ရတယ် အဲ့ဒါပြီးရင်က နောက်တစ်ရက်

သင်မဲ့သင်ခန်းစာကို ကြည့်ရတယ်။ တစ်ရက်ကို သင်ချိန်က မရှိဘူးဆို အနည်းဆုံး ၄ ချိန်ပဲ။ မနက်သင်မဲ့ဘာသာကို ညမှာ ပြန်ကြည့် ရတယ်။ ကလေးတွေကို ထိရောက်စွာသင်မယ်ဆိုရင် သင်ခန်းစာပိုင်နိုင်ဖို့ လိုအပ်တာပေါ့။ တစ်ဘာသာကို တစ်နာရီပဲကြည့် ၄ ဘာသာ ဆိုတော့ ၆ နာရီကပဲ စကြည့် ည ၁၀ နာရီမှာပြီးတယ်။ တစ်နေကုန် မနက်ကတည်းက ညနေထိ

မထိုင်ဘဲသင်နေရတဲ့ စနစ်သစ် ပညာရေးကြောင့် ညဆို ခြေထောက်တွေနာ လူတွေလည်းနားချင်တာပေါ့။ ကျောင်းပိတ်ရက်ဆိုရင်လည်း တစ်ပတ်စာ သင်ခန်းစာတွေကို ထိရောက်တဲ့သင်ခန်းစာ ပြင်ဆင်ချက်တွေရေး သင်ထောက်ကူ တွေ လုပ်ကြရ နဲ့ပါ။ တချို့ဆို မရေးနိုင်ကြဘူး ဘာဖြစ်လို့လဲသိလား ကလေးတွေကို အချိန်မီ သင်ကြား နိုင်အောင် Teacher Guide ကိုဖတ်

ဘယ်လိုလုပ်ရင်ထိရောက်မလဲ အဲ့လိုလေးတွေ စဉ်းစားပြီးသင်နေကြရတာပါ။ အဲ့ဒါ တွေက ဆရာအင်အားမလုံလောက်ဘဲ လုပ်နေရတာတွေပါ။ အဲ့ဒီလိုတွေလုပ်နေတာတောင်မှ အထက်က ကိုယ်တော်ချော တွေက သင်ခန်းစာပြင်ဆင်ချက်မရေး တဲ့သူဆိုရင် မှင်နီလေးနဲ့မှတ်ချက်ကလေးရေးလိုက်ရမှ ကျေနပ်ကြတာပါ။ ကျနော်တို့က မူလတန်းကို သင်နေကြရတာပါ အသိဉာဏ်

စတင်ဖွံ့ဖြိုးစပြုနေတဲ့ကလေးတွေကို ထိန်းကျောင်းနေရတာပါ။ စကစရဲ့ ပညာဝန်ကြီးခင်ဗျား။ စနစ်သစ်ပညာရေးနဲ့ကိုက်ညီတဲ့ ဆရာ/မ အင်အားကို မပေးနိုင်သေးသ၍ “ပညာရေးဖြင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုတဲ့ ပညာရေး ဆောင်ပုဒ်ကြီးကို အခြေခံ ပညာကျောင်းတွေကနေ ဖြုတ်ချထားလိုက်ပါ လို့ပြောချင်ပါတယ်။ နောက်တစ်ခုက

အခုလို ကျနော်နုတ်ထွက်ခွင့်တင်တာ ကလေးတွေကို မစာနာ မသနားလို့မဟုတ်ပါ။ ကျနော်တင်လိုက်တဲ့ ပိုစ့်တစ်ခုကြောင့် ကလေးတွေကို သင်ကြားပေးမဲ့ ဆရာအင်အားပြည့်စုံရင် ကျနော် နုတ်ထွက်ရကျိုးနပ်ပါတယ်။ ကျနော် ထွက်လိုက်တဲ့အတွက် ခဏတော့ကလေးတွေ ဒုက္ခရောက်မှာပေါ့။ နောင်လာမဲ့စာသင်နှစ်တွေမှာတော့အဆင်ပြေသွားမှာပါ။ အဆင်မပြေခဲ့ဘူးဆိုရင်လည်း

ယခုလို ပိုစ်မျိုးထပ်တင်ပြီးတောင်းဆိုမှာပါ ကျနော်တင်တဲ့ပိုစ့်တိုင်းဟာ public နဲ့ပဲတင်ပါတယ်။ ယခုလိုနုတ်ထွက်စာတင်ခြင်းကြောင့် ယခုကဲ့သို့ဆရာတစ်ယောက်ဖြစ်လာအောင် လမ်းညွှန်ဆုံးမ သွန်သင် ပဲ့ပြင်ပေးခဲ့ ကြသော ဆရာ/မ များကို အစဉ် အမြဲ ရိုသေလေးစားလျက်ပါ။

(မူရင်းရေးသားသူအား လေးစားမှုဖြင့်)

Leave a Reply

Your email address will not be published.