Telenor Myanmar ကို မေလ ၃၀ ရက်မှစ၍ Atom Myanmar အဖြစ် ပြောင်းလဲ

News

Telenor Myanmar ကို မေလ ၃၀ ရက်မှစ၍ Atom Myanmar အဖြစ် ပြောင်းလဲ

ရန်ကုန်၊ ဇွန် ၂

လူငယ့်ခေတ်

မြန်မာနိုင်ငံတွင် သုံးစွဲသူ ၁၈ သန်းခန့်ရှိသော ဆက်သွယ်ရေးကုမ္ပဏီ Telenor Myanmar ကို ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်မှစ၍ Atom Myanmar အမည်သို့ ပြောင်းလဲလိုက်ကြောင်း ဇွန်လ ၁ ရက် ကထုတ်ပြန်သည်။

Telenor Myanmar မှ Atom Myanmar သို့အမည်ပြောင်းလဲရုံကလွဲ၍ လက်ရှိသုံးစွဲနေမှုများအပေါ် မည်သည့် သက်ရောက်မှုမျှရှိမည်မဟုတ်ဘဲ သုံးစွဲသူများကို ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးဝန်ဆောင်မှုများပေးသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီသည် တယ်လီနော မြန်မာကို လက်ဘနွန် နိုင်ငံမှ M1 Group နှင့် စစ်ကောင်စီနှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူလုပ်ငန်းစုထံသို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဟု ပြီးခဲ့သည့်မတ်လအတွင်းကထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ တယ်လီနောအမှတ်တံဆိပ်ဖြင့် ၆ လကြာ ဆက်လက် တည်ရှိနေမည်ဟုဖော်ပြထားပြီး ၆ လ ပြီးနောက်မှသာ ဝန်ဆောင်မှုလုပ်ငန်းလွှဲပြောင်းခြင်းကို သဘောတူညီထားသည်ဟု ဖော်ပြထားခဲ့သည်။

ထိုသို့ရောင်းချရာတွင် တယ်လီနော သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ စစ်ကောင်စီ ထံသို့ရောက်ရှိမည်ဖြစ်သော ကြောင့် အရပ်ဖက်အဖွဲ့ အစည်းများက ကန့်ကွက်ခဲ့ကြသည်။

တယ်လီနောမြန်မာကို လွှဲပြောင်းလက်ခံရန် M1 Group သည် စင်ကာပူနိုင်ငံ၌ Invest comအမည်ဖြင့် ကုမ္ပဏီတည်ထောင်ခဲ့ပြီး ၎င်း ကုမ္ပဏီ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းခန့်ကို ရွှေဗျိုင်းဖြူက ပိုင်ဆိုင်မည်ဖြစ် သည်။

ရွှေဗျိုင်းဖြူ ကုမ္ပဏီသည် စစ်တပ်ပိုင် မြန်မာ့စီးပွါးရေး ဦးပိုင်လီမိတက်၏ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ စက်သုံးဆီ တင်သွင်းဖြန့်ချိသည့်လုပ်ငန်းကိုလုပ်ကိုင်နေသည်။ ထို့ပြင် လောင်စာဆီ လုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်း၊ ကျောက်စိမ်းနှင့် အခြားကျောက်မျက် တူးဖော်ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်နေသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအများအပြား မြန်မာနိုင်ငံမှ ထွက်ခွါသွားခဲ့ကြပြီး နော်ဝေနိုင်ငံအခြေစိုက်တယ်လီနောဆက်သွယ်ရေး ကုမ္ပဏီလည်းတစ်ခုအပါအဝင်ဖြစ်သည်။

Crd

Unicode

Telenor Myanmar ကို ေမလ ၃၀ ရက္မွစ၍ Atom Myanmar အျဖစ္ ေျပာင္းလဲ

ရန္ကုန္၊ ဇြန္ ၂

လူငယ့္ေခတ္

ျမန္မာနိုင္ငံတြင္ သုံးစြဲသူ ၁၈ သန္းခန္႔ရွိေသာ ဆက္သြယ္ေရးကုမၸဏီ Telenor Myanmar ကို ၂၀၂၂ ခုႏွစ္ ေမလ ၃၀ ရက္မွစ၍ Atom Myanmar အမည္သို႔ ေျပာင္းလဲလိုက္ေၾကာင္း ဇြန္လ ၁ ရက္ ကထုတ္ျပန္သည္။

Telenor Myanmar မွ Atom Myanmar သို႔အမည္ေျပာင္းလဲ႐ုံကလြဲ၍ လက္ရွိသုံးစြဲေနမႈမ်ားအေပၚ မည္သည့္ သက္ေရာက္မႈမၽွရွိမည္မဟုတ္ဘဲ သုံးစြဲသူမ်ားကို ပိုမိုေကာင္းမြန္ေသာ ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ားေပးသြားမည္ဟု ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ေနာ္ေဝနိုင္ငံအေျခစိုက္ တယ္လီေနာကုမၸဏီသည္ တယ္လီေနာ ျမန္မာကို လက္ဘႏြန္ နိုင္ငံမွ M1 Group ႏွင့္ စစ္ေကာင္စီႏွင့္ဆက္ႏြယ္ေနေသာ ေရႊဗ်ိဳင္းျဖဴလုပ္ငန္းစုထံသို႔ အေမရိကန္ေဒၚလာ ၁၀၅ သန္းျဖင့္ ေရာင္းခ်မည္ဟု ၿပီးခဲ့သည့္မတ္လအတြင္းကထုတ္ျပန္ခဲ့သည္။

ထိုထုတ္ျပန္ခ်က္တြင္ ျမန္မာနိုင္ငံ၌ တယ္လီေနာအမွတ္တံဆိပ္ျဖင့္ ၆ လၾကာ ဆက္လက္ တည္ရွိေနမည္ဟုေဖာ္ျပထားၿပီး ၆ လ ၿပီးေနာက္မွသာ ဝန္ေဆာင္မႈလုပ္ငန္းလႊဲေျပာင္းျခင္းကို သေဘာတူညီထားသည္ဟု ေဖာ္ျပထားခဲ့သည္။

ထိုသို႔ေရာင္းခ်ရာတြင္ တယ္လီေနာ သုံးစြဲသူမ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ား စစ္ေကာင္စီ ထံသို႔ေရာက္ရွိမည္ျဖစ္ေသာ ေၾကာင့္ အရပ္ဖက္အဖြဲ႕ အစည္းမ်ားက ကန္႔ကြက္ခဲ့ၾကသည္။

တယ္လီေနာျမန္မာကို လႊဲေျပာင္းလက္ခံရန္ M1 Group သည္ စင္ကာပူနိုင္ငံ၌ Invest comအမည္ျဖင့္ ကုမၸဏီတည္ေထာင္ခဲ့ၿပီး ၎ ကုမၸဏီ၏ အစုရွယ္ယာ ၈၀ ရာခိုင္ႏႈန္းခန္႔ကို ေရႊဗ်ိဳင္းျဖဴက ပိုင္ဆိုင္မည္ျဖစ္ သည္။

ေရႊဗ်ိဳင္းျဖဴ ကုမၸဏီသည္ စစ္တပ္ပိုင္ ျမန္မာ့စီးပြါးေရး ဦးပိုင္လီမိတက္၏ မိတ္ဖက္ကုမၸဏီတစ္ခုျဖစ္ၿပီး ျမန္မာနိုင္ငံသို႔ စက္သုံးဆီ တင္သြင္းျဖန္႔ခ်ိသည့္လုပ္ငန္းကိုလုပ္ကိုင္ေနသည္။ ထို႔ျပင္ ေလာင္စာဆီ လုပ္ငန္း၊ သတၱဳတူးေဖာ္ေရး လုပ္ငန္း၊ ေက်ာက္စိမ္းႏွင့္ အျခားေက်ာက္မ်က္ တူးေဖာ္ေရး လုပ္ငန္းမ်ားကိုလည္း လုပ္ကိုင္ေနသည္။

ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္တြင္ အၾကမ္းဖက္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ ကုမၸဏီအမ်ားအျပား ျမန္မာနိုင္ငံမွ ထြက္ခြါသြားခဲ့ၾကၿပီး ေနာ္ေဝနိုင္ငံအေျခစိုက္တယ္လီေနာဆက္သြယ္ေရး ကုမၸဏီလည္းတစ္ခုအပါအဝင္ျဖစ္သည္။

Crd

Leave a Reply

Your email address will not be published.