ကျောင်းမနေရတဲ့ ကလေးတွေအတွက် ဒေါက်တာဇော်ဝေစိုး ကတော့ ရဲရဲကြီး အာမခံချက်ပေးလိုက်ပါပြီ..

News

ကျောင်းမနေရတဲ့ ကလေးတွေအတွက် ဒေါက်တာဇော်ဝေစိုး ကတော့ ရဲရဲကြီး အာမခံချက်ပေးလိုက်ပါပြီ..

ကျောင်းမနေရဘဲ ကလေးတွေ အသက်တွေကြီးပြီး အရွယ်လွန်ကုန်မှာ မိဘတွေ မပူဖို့ ဒေါက်တာဇော်ဝေစိုး ပြောဒေါက်တာ ဇော်ဝေစိုး ဒီလိုသာ ကျောင်းတွေ မနေရဘဲ ဖြစ်နေ

ရင်၊ ကလေးတွေအသက်တွေ ကြီးပြီး အရွယ်လွန်ကုန်မှာ စိုးတယ် ဆရာတဲ့။ စိတ် သိပ် မပူပါနဲ့၊သားငယ် သမီးငယ်တို့အတွက် ပညာရေးတွေ ရပ်တန့်နေချိန်မှာ အကောင်းဆုံး

ပြင်ဆင် ထားသင့်တာကတော့ မရှိမဖြစ် core subjects တွေ ဖြစ်တဲ့– အင်္ဂလိပ်စာနဲ့ – သင်္ချာ ဒီနှစ်ဘာသာကို သေချာသင်ထားပါ။ကျန်တာတွေအတွက် ဗဟုသုတ ဖြစ်စရာ

စာပေတွေ ဖတ်ခိုင်းပါ။သိပ်မစောင့်ပါနဲ့။ အတန်းပညာ တက်ရဖို့ထက်ကလေးတွေအတွက် စဉ်ဆက်မပြတ် သင်ယူ လေ့လာနိုင်ဖို့က အရေးကြီးပါတယ်။နောက်တစ်ခုကအရည်အချင်းပါ။ အရည်အချင်းကို ဦးစားပေးပါ။ ဆန္ဒမစောပါနဲ့၊သင်ခန်းစာပြီးဖို့ အဓိက

မထားပါနဲ့။ အလွတ်ကျက်တာတွေ အားမပေးပါနဲ့။ စဉ်းစားဉာဏ်ကို ဦးစားပေးပါ၊ ဖြန့်ထွက် တွေးတတ်အောင် သင်ယူခိုင်းပါ။ အရွယ်နဲ့ လေ့လာမှုက မျှတဖို့ လိုပါတယ်။ ဥပမာ

ဆိုရရင် အသက် ၁၀ နှစ်ကလေး ဆိုရင် ၁၀ နှစ်နဲ့ ညီတဲ့ Level အဆင့် ရှိနေရပါမယ်။– ဘာသာစကား – သင်္ချာဉာဏ်ရည်အရေးကြီးပါတယ်။ပြီးတော့ စောစောက ပြောသလို

ပြင်ပ ဗဟုသုတ စာပေစုံ ဖတ်မှတ်ခိုင်းပါ။ တစ်ချိန်မှာဖက်ဒရယ် ပညာရေး ဖြစ်လာရင် အတန်းပညာထက် အရည်အချင်းကို ဦးစားပေးမယ့်Standardization စံသတ်မှတ်

ချက် စာမေးပွဲလိုမျိုးတွေ အရွယ်ကို ကြည့်ပြီ စ.စ်တာမျိုး ဖြစ်လာလိမ့်မယ် ။ဥပမာ ကလေးက High school ပြီးတဲ့ အရွယ် ဆိုပါစို့။ ကောလိပ် တက်နိုင်ဖို့အရည်အချင်း

ပြည့်မီ မမီကို အောင်လက်မှတ် တောင်းပြီး ကြည့်စစ်တာမျိုး မဟုတ်တော့ဘဲ၊College admission tests လိုမျိုး ဝင်ခွင့် စာမေးပွဲတွေ လာပါလိမ့်မယ်။အစိုးရ ပညာရေး

ဝန်ကြီးဌာန ဆိုတာက အောင်လက်မှတ်ပေးတဲ့ အဖွဲ့အစည်း မဟုတ်တော့ဘဲပဲ့ကိုင်ထိန်းရုံ လုပ်မယ့် အဖွဲ့အစည်းအနေနဲ့ပဲ ရှိတော့မှာပါ။စာမေးပတေ ရာသီတွေ Intake ကျောင်းဖွင့်ချိန်တွေက တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် မတူနိုင်သလို၊ Awarding body တွေ

ပေါ်မှာမူတည်ပြီး Semester တွေ ကွဲပြားပါလိမ့်မယ်။ကျောင်းတွေက ယခင်လို ဗဟိုချုပ်ကိုင်ထိန်းချုပ်မှု မရှိတော့ဘဲ အရည်အချင်းစစ်၊ စံချိန်မီ မမီ စစ်ဆေးမယ့် အဖွဲ့

အစည်းတွေနဲ့အဆင့်သတ်မှတ်ချက် (ranking) ပေးမယ့် အဖွဲ့တွေ ပေါ်လာပါလိမ့်မယ်။ဒီအချိန်မှာ ကျောင်းတွေ ရွေးရတာ လည်း တစ်ဖက်က ပိုလွယ်လာသလို မိဘတွေဘက်

ကပညာရေးကို စိတ်ကြိုက် ရွေးချယ်ခွင့် သာလာပါလိမ့်မယ်။လောလောဆယ် ကိုယ့်ဘက်ပြင်ဆင် ထားရမှာက အတန်းပညာရေးထက် အရည်ချင်း ပြည့်မီအောင်ပါပဲ။ မိဘ

ကိုယ်တိုင်ကသေချာစူးစမ်းပြီး ကလေးကို အဆင့်လိုက် ပြင်ဆင်နိုင်အောင် စီစဉ်သင့်ပါတယ်။တစ်ခုပဲ အကြံပေးချင်တာက စိတ်လောပြီး တတ်ချင်လွန်း အားကြီးပြီး ကလေးကို

မနိုင်မနင်း တစ်ခုပြီး တစ်ခု၊ တစ်ချိန်ပြီး တစ်ချိန်၊ အနားမပေးဘဲသင်ယူနေတာမျိုး မလုပ်မိပါစေနဲ့။အိုးနဲ့ ဆန် တန်ရုံပဲ ကောင်းပါတယ်၊ မှန်ကန်တဲ့ ပြုစု ပျိုးထောင်မှုမျိုးက အရေးကြီးပါတယ်။အပင် မြန်မြန် ကြီးချင်တာနဲ့ ခဏခဏ အဆက်မပြတ် ရေလောင်းနေလို့မှ မရတာ။
crd.

Leave a Reply

Your email address will not be published.