နိုင်ငံပျောက်သူဇာတ်ကား နှင့်အပြိုင် စကစရဲ့ဝါဒဖြန့် ငြိမ်းချမ်းပါတော့ မြန်မာပြည် ဇာတ်ကား ကြည့်ရတော့မည်
ဒါ႐ိုက္တာ ဏ ႀကီး ဇာတ္လမ္းတို႐ိုက္ၿပီးေနာက္ ႀကံ့ခိုင္ေရးပါတီလည္း ဇာတ္လမ္းတို႐ိုက္ၿပီ




ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲႀကိဳဆိုေထာက္ခံေၾကာင္း ႐ိုက္ကူးထားတဲ့ “ၿငိမ္းခ်မ္းပါေတာ့ ျမန္မာျပည္” ဆိုတဲ့ ဗြီဒီယိုကို
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) က ႐ိုက္ကူးထုတ္လႊင့္ခဲ့တယ္လို႔ သိရပါတယ္။အဲ့ဒီဇာတ္လမ္း
တိုကို USDP ပါတီေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က သူ႔ရဲ႕လူမႈကြန္ရက္ေပၚကတဆင့္ ျဖန႔္ေဝထားပါ
တယ္။ဒီဇာတ္လမ္းတိုထဲမွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဖိတ္ေခၚထားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို




ေထာက္ခံႀကိဳဆိုေၾကာင္း လူငယ္ေတြက ဝိုင္းဝန္းေဆြးေႏြးတဲ့ပုံစံ ႐ိုက္ကူးထားတာျဖစ္ၿပီး USDP ရဲ႕ လူငယ္ပါတီ
ဝင္ေတြက စုေပါင္းၿပီး ႐ိုက္ကူးတင္ဆက္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက
ဒါ႐ိုက္တာ ဏႀကီး ႐ိုက္ကူးခဲ့ၿပီး ထုတ္လႊင့္ခဲ့တဲ့ ႏိုင္ငံေပ်ာက္သူ ဇာတ္လမ္းတိုဟာ You Tube ေပၚမွာ ၾကည့္ရႈသူ
ႏွစ္သန္းနီးပါးခန႔္ရွိခဲ့တယ္လို႔ သိရၿပီး အခုအခါမွာေတာ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီကလည္း
ဇာတ္လမ္းတို႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။
Unicode
နိုင်ငံပျောက်သူဇာတ်ကား နှင့်အပြိုင် စကစရဲ့ဝါဒဖြန့် ငြိမ်းချမ်းပါတော့ မြန်မာပြည် ဇာတ်ကား ကြည့်ရတော့မည်
ဒါရိုက်တာ ဏ ကြီး ဇာတ်လမ်းတိုရိုက်ပြီးနောက် ကြံ့ခိုင်ရေးပါတီလည်း ဇာတ်လမ်းတိုရိုက်ပြီ
ငြိမ်းချမ်းရေးဆွေးနွေးပွဲကြိုဆိုထောက်ခံကြောင်း ရိုက်ကူးထားတဲ့ “ငြိမ်းချမ်းပါတော့ မြန်မာပြည်” ဆိုတဲ့ ဗွီဒီယိုကို




ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ရိုက်ကူးထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီဇာတ်လမ်း
တိုကို USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သူ့ရဲ့လူမှုကွန်ရက်ပေါ်ကတဆင့် ဖြန့်ဝေထားပါ
တယ်။ဒီဇာတ်လမ်းတိုထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို
ထောက်ခံကြိုဆိုကြောင်း လူငယ်တွေက ဝိုင်းဝန်းဆွေးနွေးတဲ့ပုံစံ ရိုက်ကူးထားတာဖြစ်ပြီး USDP ရဲ့ လူငယ်ပါတီ
ဝင်တွေက စုပေါင်းပြီး ရိုက်ကူးတင်ဆက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက




ဒါရိုက်တာ ဏကြီး ရိုက်ကူးခဲ့ပြီး ထုတ်လွှင့်ခဲ့တဲ့ နိုင်ငံပျောက်သူ ဇာတ်လမ်းတိုဟာ You Tube ပေါ်မှာ ကြည့်ရှုသူ
နှစ်သန်းနီးပါးခန့်ရှိခဲ့တယ်လို့ သိရပြီး အခုအခါမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်း
ဇာတ်လမ်းတိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။
Crd