ယေန႔ေခတ္ လူငယ္ေတြ မသိၾကေတာ့တဲ့ ဦးေနဝင္းေခတ္ သမဝါယမဆိုင္မ်ား အေၾကာင္း

News

ယေန႔ေခတ္ လူငယ္ေတြ မသိၾကေတာ့တဲ့ ဦးေနဝင္းေခတ္ သမဝါယမဆိုင္မ်ား အေၾကာင္း

ဦးေနဝင္းတေယာက္ လက္တည့္စမ္းၿပီး ေလၽွာက္လုပ္ခဲ့တဲ့ သမဝါယမဆိုင္ေတြနဲ႔ ပတ္သက္ၿပီး ကိုယ္တိုင္ၾကဳံခဲ့ရသူေတြရဲ့ အေတြ႕အၾကဳံကို ေဖာ္ျပေပးလိုက္ပါတယ္-

သမဝါယမဆိုင္မွာ ဆီတို႔ ဆန္တို႔ ေပးတဲ့ ေန႔ဆို စည္လိုက္တာမွ အလကားေဝတဲ့အတိုင္းပဲ ။ အလကားေပးတာလားတဲ့ ရပါလိမ့္မယ္အားႀကီး။ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ဝယ္တာကိုတန္းစီရတယ္ စာအုပ္ထပ္ရတယ္။ ဆန္ထုပ္မယ္ဆို ဆန္ေကာင္းမေကာင္း အရင္ၾကည့္ရေသးတယ္။

ဆန္ေကာင္းဆိုလို႔ အထင္မႀကီးေလနဲ႔ စပါးလုံးနည္းနည္း ဆန္ကြဲနည္းနည္းပဲပါရင္ကို ေတာ္ေတာ္ေကာင္းေနၿပီ။ ေရႊဝါဆပ္ျပာ ခြဲတမ္းနဲ႔ သၾကားခြဲတမ္းနဲ႔ ဆီခြဲတမ္းနဲ႔။ တစ္ႏွစ္ေလာက္မွတခါ ပဒုမၼာပိတ္ နဲ႔လုပ္သားပုဆိုးမဲေဖာက္။

ျပည္သူ႔ဆိုင္လို႔သာ နာမည္တြင္တာ စာေရးကအစ အေပါက္ေစာင့္အဆုံး တရပ္ကြက္လုံးသူတို႔လုပ္စာစားေနရသလိုမ်ိဳး ဥကၠဌေတြ အတြင္းေရးမႉးေတြကဆို ထီမထင္မ်က္ႏွာနဲ႔ သၾကားနဲ႔ဆားကေရာေသး ဆန္နဲ႔ဆန္ကြဲေရာ ျပည္ေတာင္းကိုမျပည့္ေအာင္ပိန္ေအာင္ထုထားေသးတယ္ ဆီနဲ႔ေရနဲ႔ေရာ စာရင္းစစ္ဝင္မယ္ၾကားရင္ မီးေလာင္ေသးတယ္။

နို႔ဆီဆိုတာ ခ်ိဳသလားခါးသလား မသိေအာင္ အရသာေမ့မွတခါရ၊ ေျပာမဆုံးဘူး စိတ္နာလိုက္တာမ်ား ဆိုရွယ္လစ္ေခတ္ကို၊ ဆန္ေကာင္းဆို စာေရးမကဖယ္ၿပီးသား ပိုးထိုးအက်ိဳးအေၾကက အမ်ားအတြက္။ တဦးကိုတစ္လ ဆန္ ၆ ျပည္ခြဲတမ္း မိသားစုမ်ားရင္ ကိုက္တယ္။

ျပန္ၿပီးေရာင္းလိုက္တယ္ အျပင္မွာ ဆန္ေကာင္းဝယ္စား ။ ဒူးယားစီးကရက္တဗူး မဲေပါက္ရင္ေတာင္အလြန္ေပ်ာ္ခဲ့ရတာပါ။ အျပင္ကကြမ္းယာဆိုင္ကိုေရာင္းၿပီး မုန္႔ဝယ္စားခဲ့ရတာပါ။

ငစိန္ဆန္ ဧည့္မထဆန္ ဆန္ေကာင္း ( ငကၽြဲ ေပၚဆန္းေမႊး ) ပဲ စားတတ္သူေတြကေတာ့ သမဆိုင္ကရတဲ့ သမဆန္(ဆန္ၾကမ္း)ကို ျပန္ေရာင္းၿပီး ဆန္ေခ်ာျပန္ဝယ္စားေပါ့။ သမစာအုပ္က တအိမ္ေထာင္ တအုပ္ေပးထားတာ စာအုပ္အေပါင္ခံစားသူေတြ ခြဲတမ္းဆန္ တို႔ ဆပ္ျပာ( ေရႊဝါ/ကာေဘာ္လစ္ ) ျပန္ေကာက္သူေတြလဲ ရွိရဲ့။

ေရနံဆီေပးတဲ့ ေခတ္ တအိမ္ေထာင္ကို သုံးပုလင္း ေနာက္ေတာ့ ၂ ပုလင္း တစ္ပတ္တခါ ထုတ္ေပးခဲ့တာ ခုေခတ္ဆိုယင္ေတာ့ ေရနံဆီဆိုတာ ဘာလဲလို႔ဝိုင္းေမး ၾကမယ္နဲ႔ တူတယ္၊ ၊

အဲဒီေခတ္က ရန္ကုန္ၿမိဳ႕မွာ အသုံးရလြယ္ တဲ့ သမဝါယမဆိုင္မွာ တန္းစီတိုးၿပီးထုတ္ရတဲ့ ေရနံဆီနဲ႔ သုံးတဲ့ ေရနံဆီမီးဖိုပဲသုံးၾကတာ့။ အဲဒီေခတ္ က လၽွပ္စစ္မီးဖို အဲေလာက္ မ်ားမ်ား စားစား တြင္တြင္ က်ယ္က်ယ္လည္း မသုံးၾကေသးဘူး။

မီးေသြးသုံးၾကသူေတြလည္း ရွိသေပါ့ ဘိုကေလးမီးေသြး ဆိုတာနာမည္ႀကီးပဲ။ သမဝါယမဆိုင္ကို ေရနံဆီလာပို႔တဲ့ ေရနံဆီလွည္း ဆိုတာလည္း ခုေခတ္ၿမိဳ႕ သစ္ေတြမွာသုံးေနတဲ့ ေရစည္လွည္းနဲ႔ တူတူပါ၊ ေပပါကို တုံးလုံးလွဲၿပီး လွည္းေပၚ တင္ထားတာပါ ၊

နိူ႔ဆီတစ္ဗူးရတဲ့လ အရမ္းကံေကာင္းပါတယ္။ သမီး၂ ေယာက္နဲ႔အေမ မုဒုံလုံခ်ည္တစ္ကြင္း ဘယ္သူယူမလဲ ေဆြးေႏြးရပါတယ္။ အစိုးရေဆးဆိုးပန္းရိုက္စက္႐ုံက ဒီတစ္လထုတ္တဲ့ ဒီဇိုင္းတူေတြကို ပဲျပဳတ္သည္ တကၠသိုလ္ေက်ာင္းသူ အရာရွိမ အဖြားႀကီး စတဲ့ မိန္းမအားလုံးယိမ္းထြက္သလိုဝတ္ခဲ့ရတယ္

ဖေယာင္းတိုင္နဲ႔ဆီတြဲယူရတယ္။ မလိုခ်င္တာကို လိုခ်င္တာနဲ႔ တြဲယူ ပိုတာ အသုံးမလိုေသးတာကို ျပန္ေရာင္းရင္ ဝယ္တဲ့ ေဈးသည္ကလည္းဆိုင္ေရွ႕မွာပဲရွိတယ္။

စြပ္က်ယ္ မဲႏွိုက္ရင္ အပ္ခ်ိတ္ပဲေပါက္တတ္တယ္။ လူပ်ိဳႀကီး က ထဘီမဲေပါက္ၿပီး အပ်ိဳႀကီးက စြပ္က်ယ္မဲေပါက္တာလဲရွိ။ လူရႊင္ေတာ္ေတြေနာက္တာ သမဆိုင္မွာအေလးေသြးတယ္။ ျပည္ေတာင္းထုတယ္ ဆားနဲ႔သၾကားနဲ႔ေရာတယ္ဆိုတာ မွတ္မိေသးတယ္

ေနာက္တခု ဆိုရွယ္လစ္ေခတ္ ေဈးမဆစ္နဲ႔ လိုရင္ဝယ္ထားေဈးမမ်ားဘူး မႀကိဳက္ျပန္ေရာင္းေဈးေကာင္းရမယ္။ ငါးျပားႏွစ္လုံးပ႐ုပ္လုံး။ ငါးျပားနကပ္အပ္ခ်ီကပ္။ တေစာင္ႏွစ္က်ပ္ထီလက္မွတ္။ တစ္အုပ္ျပားငါးဆယ္ ေတာကေရႊဧည့္သည္၊ သာဒင္ဘာထင္သလဲ၊ ေထြးညိဳေနာက္ဆက္တြဲ။

ဘီအီးဒီစီ ဆိုင္မွာ အရက္ တန္းစီေသာက္ခဲ့ရတဲ့ ေခတ္။ အရက္ ၄ ပက္ထက္ပိုမေရာင္းလို႔ အဲ့ဒီတုန္းက အရက္ေၾကာင့္ ေသတဲ့ သူမရွိသေလာက္ရွား။ OP တပက္ျပား ၃၀ ကုန္ထမ္းတဲ့ ဦးလူကေလး အသက္ ၅၀ ခန္႔ မနက္ ျပား ၃၀ဘိုးေသာက္ၿပီးရင္ ထမင္းစား ေန႔ခင္းျပား ၃၀ဘိုးေသာက္ၿပီးရင္ ထမင္းစား ညေနအလုပ္သိမ္းေတာ့ ျပား ၆၀ဘိုးေသာက္ အသက္ ၇၀ေလာက္ထိ ကုန္ထမ္းနိုင္ေသးတယ္

အတိတ္တခ်ိန္က ရန္ကုန္လူေနမႈဘဝ အေၾကာင္း ဝင္ေရာက္ေဆြးေႏြး ေရးသားသူမ်ား၏ ကြန္မန္႔မ်ားကို စုစည္းၿပီး ျပန္လည္ပုံေဖာ္ထားျခင္း ျဖစ္ပါသည္။

မွားယြင္းမႈမ်ား ခၽြတ္ေခ်ာ္ျခင္းမ်ားရွိခဲ့ပါက နားလည္ခြင့္လႊတ္ေပးၾကပါရန္ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

Crd

unicode

ယေန႔ေခတ္ လူငယ္ေတြ မသိၾကေတာ့တဲ့ ဦးေနဝင္းေခတ္ သမဝါယမဆိုင္မ်ား အေၾကာင္း

ဦးနေဝင်းတယောက် လက်တည့်စမ်းပြီး လျှောက်လုပ်ခဲ့တဲ့ သမဝါယမဆိုင်တွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ အတွေ့အကြုံကို ဖော်ပြပေးလိုက်ပါတယ်-

သမဝါယမဆိုင်မှာ ဆီတို့ ဆန်တို့ ပေးတဲ့ နေ့ဆို စည်လိုက်တာမှ အလကားဝေတဲ့အတိုင်းပဲ ။ အလကားပေးတာလားတဲ့ ရပါလိမ့်မယ်အားကြီး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာကိုတန်းစီရတယ် စာအုပ်ထပ်ရတယ်။ ဆန်ထုပ်မယ်ဆို ဆန်ကောင်းမကောင်း အရင်ကြည့်ရသေးတယ်။

ဆန်ကောင်းဆိုလို့ အထင်မကြီးလေနဲ့ စပါးလုံးနည်းနည်း ဆန်ကွဲနည်းနည်းပဲပါရင်ကို တော်တော်ကောင်းနေပြီ။ ရွှေဝါဆပ်ပြာ ခွဲတမ်းနဲ့ သကြားခွဲတမ်းနဲ့ ဆီခွဲတမ်းနဲ့။ တစ်နှစ်လောက်မှတခါ ပဒုမ္မာပိတ် နဲ့လုပ်သားပုဆိုးမဲဖောက်။

ပြည်သူ့ဆိုင်လို့သာ နာမည်တွင်တာ စာရေးကအစ အပေါက်စောင့်အဆုံး တရပ်ကွက်လုံးသူတို့လုပ်စာစားနေရသလိုမျိုး ဥက္ကဌတွေ အတွင်းရေးမှူးတွေကဆို ထီမထင်မျက်နှာနဲ့ သကြားနဲ့ဆားကရောသေး ဆန်နဲ့ဆန်ကွဲရော ပြည်တောင်းကိုမပြည့်အောင်ပိန်အောင်ထုထားသေးတယ် ဆီနဲ့ရေနဲ့ရော စာရင်းစစ်ဝင်မယ်ကြားရင် မီးလောင်သေးတယ်။

နို့ဆီဆိုတာ ချိုသလားခါးသလား မသိအောင် အရသာမေ့မှတခါရ၊ ပြောမဆုံးဘူး စိတ်နာလိုက်တာများ ဆိုရှယ်လစ်ခေတ်ကို၊ ဆန်ကောင်းဆို စာရေးမကဖယ်ပြီးသား ပိုးထိုးအကျိုးအကြေက အများအတွက်။ တဦးကိုတစ်လ ဆန် ၆ ပြည်ခွဲတမ်း မိသားစုများရင် ကိုက်တယ်။

ပြန်ပြီးရောင်းလိုက်တယ် အပြင်မှာ ဆန်ကောင်းဝယ်စား ။ ဒူးယားစီးကရက်တဗူး မဲပေါက်ရင်တောင်အလွန်ပျော်ခဲ့ရတာပါ။ အပြင်ကကွမ်းယာဆိုင်ကိုရောင်းပြီး မုန့်ဝယ်စားခဲ့ရတာပါ။

ငစိန်ဆန် ဧည့်မထဆန် ဆန်ကောင်း ( ငကျွဲ ပေါ်ဆန်းမွှေး ) ပဲ စားတတ်သူတွေကတော့ သမဆိုင်ကရတဲ့ သမဆန်(ဆန်ကြမ်း)ကို ပြန်ရောင်းပြီး ဆန်ချောပြန်ဝယ်စားပေါ့။ သမစာအုပ်က တအိမ်ထောင် တအုပ်ပေးထားတာ စာအုပ်အပေါင်ခံစားသူတွေ ခွဲတမ်းဆန် တို့ ဆပ်ပြာ( ရွှေဝါ/ကာဘော်လစ် ) ပြန်ကောက်သူတွေလဲ ရှိရဲ့။

ရေနံဆီပေးတဲ့ ခေတ် တအိမ်ထောင်ကို သုံးပုလင်း နောက်တော့ ၂ ပုလင်း တစ်ပတ်တခါ ထုတ်ပေးခဲ့တာ ခုခေတ်ဆိုယင်တော့ ရေနံဆီဆိုတာ ဘာလဲလို့ဝိုင်းမေး ကြမယ်နဲ့ တူတယ်၊ ၊

အဲဒီခေတ်က ရန်ကုန်မြို့မှာ အသုံးရလွယ် တဲ့ သမဝါယမဆိုင်မှာ တန်းစီတိုးပြီးထုတ်ရတဲ့ ရေနံဆီနဲ့ သုံးတဲ့ ရေနံဆီမီးဖိုပဲသုံးကြတာ့။ အဲဒီခေတ် က လျှပ်စစ်မီးဖို အဲလောက် များများ စားစား တွင်တွင် ကျယ်ကျယ်လည်း မသုံးကြသေးဘူး။

မီးသွေးသုံးကြသူတွေလည်း ရှိသပေါ့ ဘိုကလေးမီးသွေး ဆိုတာနာမည်ကြီးပဲ။ သမဝါယမဆိုင်ကို ရေနံဆီလာပို့တဲ့ ရေနံဆီလှည်း ဆိုတာလည်း ခုခေတ်မြို့ သစ်တွေမှာသုံးနေတဲ့ ရေစည်လှည်းနဲ့ တူတူပါ၊ ပေပါကို တုံးလုံးလှဲပြီး လှည်းပေါ် တင်ထားတာပါ ၊

နိူ့ဆီတစ်ဗူးရတဲ့လ အရမ်းကံကောင်းပါတယ်။ သမီး၂ ယောက်နဲ့အမေ မုဒုံလုံချည်တစ်ကွင်း ဘယ်သူယူမလဲ ဆွေးနွေးရပါတယ်။ အစိုးရဆေးဆိုးပန်းရိုက်စက်ရုံက ဒီတစ်လထုတ်တဲ့ ဒီဇိုင်းတူတွေကို ပဲပြုတ်သည် တက္ကသိုလ်ကျောင်းသူ အရာရှိမ အဖွားကြီး စတဲ့ မိန်းမအားလုံးယိမ်းထွက်သလိုဝတ်ခဲ့ရတယ်

ဖယောင်းတိုင်နဲ့ဆီတွဲယူရတယ်။ မလိုချင်တာကို လိုချင်တာနဲ့ တွဲယူ ပိုတာ အသုံးမလိုသေးတာကို ပြန်ရောင်းရင် ဝယ်တဲ့ ဈေးသည်ကလည်းဆိုင်ရှေ့မှာပဲရှိတယ်။

စွပ်ကျယ် မဲနှိုက်ရင် အပ်ချိတ်ပဲပေါက်တတ်တယ်။ လူပျိုကြီး က ထဘီမဲပေါက်ပြီး အပျိုကြီးက စွပ်ကျယ်မဲပေါက်တာလဲရှိ။ လူရွှင်တော်တွေနောက်တာ သမဆိုင်မှာအလေးသွေးတယ်။ ပြည်တောင်းထုတယ် ဆားနဲ့သကြားနဲ့ရောတယ်ဆိုတာ မှတ်မိသေးတယ်

နောက်တခု ဆိုရှယ်လစ်ခေတ် ဈေးမဆစ်နဲ့ လိုရင်ဝယ်ထားဈေးမများဘူး မကြိုက်ပြန်ရောင်းဈေးကောင်းရမယ်။ ငါးပြားနှစ်လုံးပရုပ်လုံး။ ငါးပြားနကပ်အပ်ချီကပ်။ တစောင်နှစ်ကျပ်ထီလက်မှတ်။ တစ်အုပ်ပြားငါးဆယ် တောကရွှေဧည့်သည်၊ သာဒင်ဘာထင်သလဲ၊ ထွေးညိုနောက်ဆက်တွဲ။

ဘီအီးဒီစီ ဆိုင်မှာ အရက် တန်းစီသောက်ခဲ့ရတဲ့ ခေတ်။ အရက် ၄ ပက်ထက်ပိုမရောင်းလို့ အဲ့ဒီတုန်းက အရက်ကြောင့် သေတဲ့ သူမရှိသလောက်ရှား။ OP တပက်ပြား ၃၀ ကုန်ထမ်းတဲ့ ဦးလူကလေး အသက် ၅၀ ခန့် မနက် ပြား ၃ဝဘိုးသောက်ပြီးရင် ထမင်းစား နေ့ခင်းပြား ၃ဝဘိုးသောက်ပြီးရင် ထမင်းစား ညနေအလုပ်သိမ်းတော့ ပြား ၆ဝဘိုးသောက် အသက် ရဝလောက်ထိ ကုန်ထမ်းနိုင်သေးတယ်

အတိတ်တချိန်က ရန်ကုန်လူနေမှုဘဝ အကြောင်း ဝင်ရောက်ဆွေးနွေး ရေးသားသူများ၏ ကွန်မန့်များကို စုစည်းပြီး ပြန်လည်ပုံဖော်ထားခြင်း ဖြစ်ပါသည်။

မှားယွင်းမှုများ ချွတ်ချော်ခြင်းများရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးကြပါရန် (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Crd

Leave a Reply

Your email address will not be published.