နိုင်ငံပျောက်သူဇာတ်လမ်းတိုအား ရိုက်ကူးစဥ်အခါကကြုံတွေခဲ့ရတဲ့ အခက်အခဲအချို့ကိုပြောပြလာခဲ့ရှာတဲ့ ပိုင်ဖြိုးသု
News
နိုင်ငံပျောက်သူဇာတ်လမ်းတိုအား ရိုက်ကူးစဥ်အခါကကြုံတွေခဲ့ရတဲ့ အခက်အခဲအချို့ကိုပြောပြလာခဲ့ရှာတဲ့ ပိုင်ဖြိုးသု
မင်းသမီးချော ပိုင်ဖြိုးသု ဟာ လက်ရှိနိုင်ငံရေးအခြေအနေတွေအပေါ်မှာ မြန်မာပြည်သူတွေနဲ့အတူ အမြဲတမ်းရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရပြီးနောက် တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။ ဒီလိုတိမ်းရှောင်နေရင်းနဲ့ပဲ ရောက်တဲ့အရပ်ဒေသကနေ
ကျရာတာဝန်တွေကို ကျေပွန်ကိုထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။ ဒါအပြင် သူမကိုယ်တိုင် ကြိုးစားဖန်တီးထားတဲ့ Crochet အိတ်လေးတွေကို မဲဖောက်ပြီး ရောင်းချပေးနေပါသေးတယ်။ အိတ်လေးတွေ ဖန်တီးနေစဥ်အတွင်း ပြည်သူတွေကိုလဲ Click ဖို့ အမြဲတမ်းနှိုးဆော်နေတာလဲ ဖြစ်ပါတယ်။
ဒီကနေ့မှာ ခင်ပွန်းဖြစ်သူဒါရိုက်တာဏကြီး ရိုက်ကူးပြီး မင်းသား ဒေါင်းနဲ့အတူ ရိုက်ကူးထားတဲ့ နိုင်ငံပျောက်သူ ဇာတ်ကားလေး ထွက်ရှိလို့လာပါပြီ။ ဇာတ်ကားလေးရဲ့ နောက်ကွယ်ကပုံရိပ်အချို့နဲ့ အမှတ်တရအချို့ကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ ” ဒီဇာတ်ကားလေးရိုက်ဖို့အခက်အခဲတွေအများကြီးကိုချစ်ခင်ရတဲ့
မိတ်ဆွေများအကူအညီနဲ့ဖြတ်ကျော်ပြီး ကြိုးစားရိုက်ကူးခဲ့ပါတယ်။ Emergency roomထဲရောက်သွားပြီး၃ရက်အကြာမှာရိုက်ထားတာဆိုတော့ထိုးဆေးစားဆေးတွေအရှိန်နဲ့ဖောရောင်ဖောင်းကားနေတာလေးတော့သည်းခံကြည့်ပေးကြပါ။ VPN ချိတ်ပါ Youtubeဖွင့်ပါ “နိုင်ငံပျောက်သူ”လို့
ရို.က်ရှာပြီးကြည့်ပါ ကြော်ငြာတက်လာရင် “Skip ad” နှိပ်ကျော်ပြီးဆက်ကြည့်‌ပေးပါ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။ကဲပရိသတ်ကြီးရေ နိုင်ငံပျောက်သူ ဇာတ်လမ်းတိုလေးကို ဖော်ပြပါနည်းလမ်းလေးအတိုင်း ကြည့်ရှု့ပြီးတော့ တော်လှန်ရေးအတွက် ပါဝင်အားဖြည့်ကြရအောင်နော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
နိုင်ငံပျောက်သူဇာတ်လမ်းတိုအား ရိုက်ကူးစဥ်အခါကကြုံတွေခဲ့ရတဲ့ အခက်အခဲအချို့ကိုပြောပြလာခဲ့ရှာတဲ့ ပိုင်ဖြိုးသု
Leave a Reply
Your email address will not be published.