NLD အစိုးရလက်ထက် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေး(မှူးဇော်) ကွယ်လွန်

News

စစ်ကောင်စီဖမ်းထားသည့် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဟောင်း ဦးဇော်ဌေး ကွယ်လွန်၊ စစ်ကောင်စီ၏ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုကြောင့် ကွယ်လွန်ခြင်းဖြစ်နိုင်ဟု မိတ်ဆွေဟောင်းများ သံသယရှိနေ

ဧရာဝတီတိုင်းမ်

မေလ ၂၃ ရက်

အရပ်သား NLD အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေးမှာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဦးဇော်ဌေး(ခ) ဦးမှူးဇော်မှာ ယခင် သမ္မတ ဦးထင်ကျော်နှင့် သမ္မတ ဦးဝင်းမြင့်တို့ လက်ထက်တွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ၊ သမ္မတရုံးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးတို့၏ ညွန်ကြားရေးမှူးချုပ်အဖြစ် အရေးကြီးတာဝန်များ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက် ဦးဇော်ဌေးကို စစ်ကောင်စီက နေအိမ်အကျယ်ချုပ်ဖြင့် ထိမ်းသိမ်းဖမ်းဆီးထားစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

“ဦးဇော်ဌေး ဆုံးသွားပါပြီ။ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ ဆုံးတာပါ။ သူ့မှာ နှလုံးရောဂါ ရှိတယ်။ ရုတ်တရက် နှလုံးရောဂါဖောက်ပြီး ဆုံးတယ်လို့တော့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး”ဟု နေပြည်တော်ရှိ ဦးဇော်ဌေး၏ မိတ်ဆွေဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားစဉ် သေဆုံးခဲ့ခြင်းဖြစ်သည့်အတွက် ဦးဇော်ဌေး သေဆုံးမှုမှာ စစ်ကောင်စီအပေါ်တွင် တာဝန်အပြည့်ရှိပြီး စစ်ကောင်စီက ၎င်းအား စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်သဖြင့် သေဆုံးရခြင်း ဖြစ်နိုင်သည်ဟု ဦးဇော်ဌေး၏မိတ်ဆွေများက သံသယ ရှိနေကြသည်။

“ဦးဇော်ဌေးက နှလုံးရောဂါရှိတာ မှန်ပေမယ့် ကျန်းမာရေးလိုက်စားတဲ့သူ။ Heart Attack (ရုတ်တရက် ဖြစ်ပေါ်သည့်နှလုံးရောဂါ) ဆိုတာမျိုးက စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှု အပြင်းအထန်ခံရချိန်မှာ ပေါ်ပေါက် တတ်တဲ့အရာ။ အကြောင်းမဲ့တော့ Heart Attack မဖြစ်ဘူး။ စစ်ကောင်စီက သူ့ကို စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် ညှဉ်းပန်းနှိပ်စက်လို့ နှလုံးရောဂါ ထဖောက်ပြီး ဆုံးတာလားဆိုတာ ကျနော်တို့ သံသယရှိတယ်။ အဲ့လိုသာဖြစ်တယ်ဆိုရင်တော့ ဦးဇော်ဌေးကို သတ်တာ စစ်ကောင်စီပဲ”ဟု ဦးဇော်ဌေး၏ မိတ်ဆွေဟောင်းတစ်ဦးက ပြောသည်။

ဦးဇော်ဌေးမှာ တပ်မတော် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၃၇ ကျောင်းဆင်း တပ်မတော်အရာရှိဟောင်း ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီအစိုးရ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် သမ္မတရုံး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

NLD အစိုးရလက်ထက်တွင် အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးတို့၏ ညွှန်ကြားရေးမှူးချုပ်ရာထူးများကို ပူးတွဲထမ်းဆောင်ခဲ့သူဖြစ်ကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်အားကိုးခြင်း ခံခဲ့ရပြီး ပြည်နယ်နှင့်တိုင်း ခရီးစဉ်များစွာကို လိုက်ပါခဲ့သူ ဖြစ်သည်။

Crd

Unicode

NLD အစိုးရလက်ထက် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေး(မှူးဇော်) ကွယ်လွန်

စစ္ေကာင္စီဖမ္းထားသည့္ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူေဟာင္း ဦးေဇာ္ေဌး ကြယ္လြန္၊ စစ္ေကာင္စီ၏ စိတ္ပိုင္းဆိုင္ရာ ညႇဥ္းပန္းမႈေၾကာင့္ ကြယ္လြန္ျခင္းျဖစ္နိုင္ဟု မိတ္ေဆြေဟာင္းမ်ား သံသယရွိေန

ဧရာဝတီတိုင္းမ္

ေမလ ၂၃ ရက္

အရပ္သား NLD အစိုးရလက္ထက္တြင္ နိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ညႊန္ၾကားေရးမႉးခ်ဳပ္ေဟာင္း ဦးေဇာ္ေဌးမွာ ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံ၌ ကြယ္လြန္သြားေၾကာင္း သတင္းရရွိသည္။

ဦးေဇာ္ေဌး(ခ) ဦးမႉးေဇာ္မွာ ယခင္ သမၼတ ဦးထင္ေက်ာ္ႏွင့္ သမၼတ ဦးဝင္းျမင့္တို႔ လက္ထက္တြင္ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ၊ သမၼတ႐ုံးႏွင့္ နိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးတို႔၏ ညြန္ၾကားေရးမႉးခ်ဳပ္အျဖစ္ အေရးႀကီးတာဝန္မ်ား တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ၂၀၂၁ ေဖေဖာ္ဝါရီလက စစ္တပ္အာဏာသိမ္းၿပီးေနာက္ ဦးေဇာ္ေဌးကို စစ္ေကာင္စီက ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ထိမ္းသိမ္းဖမ္းဆီးထားစဥ္ ကြယ္လြန္ခဲ့ျခင္း ျဖစ္သည္။

“ဦးေဇာ္ေဌး ဆုံးသြားပါၿပီ။ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံႀကီးမွာ ဆုံးတာပါ။ သူ႔မွာ ႏွလုံးေရာဂါ ရွိတယ္။ ႐ုတ္တရက္ ႏွလုံးေရာဂါေဖာက္ၿပီး ဆုံးတယ္လို႔ေတာ့ သိရတယ္။ အေသးစိတ္ေတာ့ မသိရေသးဘူး”ဟု ေနျပည္ေတာ္ရွိ ဦးေဇာ္ေဌး၏ မိတ္ေဆြေဟာင္းတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

စစ္ေကာင္စီက ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ဖမ္းဆီးထားစဥ္ ေသဆုံးခဲ့ျခင္းျဖစ္သည့္အတြက္ ဦးေဇာ္ေဌး ေသဆုံးမႈမွာ စစ္ေကာင္စီအေပၚတြင္ တာဝန္အျပည့္ရွိၿပီး စစ္ေကာင္စီက ၎အား စိတ္ပိုင္းဆိုင္ရာ ညႇဥ္းပန္းႏွိပ္စက္မႈမ်ား ျပဳလုပ္သျဖင့္ ေသဆုံးရျခင္း ျဖစ္နိုင္သည္ဟု ဦးေဇာ္ေဌး၏မိတ္ေဆြမ်ားက သံသယ ရွိေနၾကသည္။

“ဦးေဇာ္ေဌးက ႏွလုံးေရာဂါရွိတာ မွန္ေပမယ့္ က်န္းမာေရးလိုက္စားတဲ့သူ။ Heart Attack (႐ုတ္တရက္ ျဖစ္ေပၚသည့္ႏွလုံးေရာဂါ) ဆိုတာမ်ိဳးက စိတ္ပိုင္းဆိုင္ရာ ညႇဥ္းဆဲမႈ အျပင္းအထန္ခံရခ်ိန္မွာ ေပၚေပါက္ တတ္တဲ့အရာ။ အေၾကာင္းမဲ့ေတာ့ Heart Attack မျဖစ္ဘူး။ စစ္ေကာင္စီက သူ႔ကို စိတ္ပိုင္းဆိုင္ရာ အျပင္းအထန္ ညႇဥ္းပန္းႏွိပ္စက္လို႔ ႏွလုံးေရာဂါ ထေဖာက္ၿပီး ဆုံးတာလားဆိုတာ က်ေနာ္တို႔ သံသယရွိတယ္။ အဲ့လိုသာျဖစ္တယ္ဆိုရင္ေတာ့ ဦးေဇာ္ေဌးကို သတ္တာ စစ္ေကာင္စီပဲ”ဟု ဦးေဇာ္ေဌး၏ မိတ္ေဆြေဟာင္းတစ္ဦးက ေျပာသည္။

ဦးေဇာ္ေဌးမွာ တပ္မေတာ္ ဗိုလ္ေလာင္းသင္တန္း အပတ္စဥ္ ၃၇ ေက်ာင္းဆင္း တပ္မေတာ္အရာရွိေဟာင္း ျဖစ္ၿပီး ႀကံ့ခိုင္ေရးပါတီအစိုးရ သမၼတ ဦးသိန္းစိန္လက္ထက္တြင္ သမၼတ႐ုံး ညႊန္ၾကားေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

NLD အစိုးရလက္ထက္တြင္ အစိုးရ ေျပာေရးဆိုခြင့္ရွိသူ၊ သမၼတ႐ုံးႏွင့္ အတိုင္ပင္ခံ႐ုံးတို႔၏ ညႊန္ၾကားေရးမႉးခ်ဳပ္ရာထူးမ်ားကို ပူးတြဲထမ္းေဆာင္ခဲ့သူျဖစ္ကာ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ယုံၾကည္အားကိုးျခင္း ခံခဲ့ရၿပီး ျပည္နယ္ႏွင့္တိုင္း ခရီးစဥ္မ်ားစြာကို လိုက္ပါခဲ့သူ ျဖစ္သည္။

Crd

Leave a Reply

Your email address will not be published.