2021 9-10 လပိုင်းလောက်ကစပြီး ခုချိန်ထိ စွပ်စွဲနေတဲ့ ဟိန်းဇော်ညိုကို အပြတ်သားဆုံးပြောလာတဲ့ ဒေါက်တာ A Nyein

News





















ကျွန်တော်စိတ်မဝင်စားပါ ဘာလို့စိတ်မဝင်စားလဲဆို ကျွန်တော်တော်လှန်နေတာ မင်းအောင်လိုင်နဲ့စစ်အာဏာရှင်အုပ်စုကိုပါဟိန်းဇော်ညိုကိုတော်လှန်နေတာမဟူတ်တဲ့အတွက် ဟိန်းဇော်ညိုအကြောင်းကိုကျွန်တော်စိတ်မဝင်စားပါ



အဲ့လိုမလာနိုင်ဘူးဆိုရင်တော့ ကျွန်တော့်အကြောင်းကိုစုံစမ်းနေတာထက်စစ်အာဏာရှင် ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့နောက်လိုက်နောက်ပါတွေရဲ့ ပိုင်ဆိုင်မူတွေကိုစုံစမ်းတာပိုကောင်းပါတယ်






source A NYEIN

Crd

unicode

တော်လှန်ရေးစကတည်းက ဒီနေ့ဒီချိန်ထိ ကျွန်တော် တော်လှန်ရေးအမှန်တကယ်လုပ်နေတဲ့ မည်သည့် အဖွဲ့အစည်း သို့မဟုတ် မည်သည့်လူပုဂ္ဂိုလ်ကိုမှ စွပ်စွဲပုတ်ခတ်ခြင်းမလုပ်ဖူးပါ

ကိုယ့်နည်းကိုဟန် နဲ့တော်လှန်နေကြတဲ့ လူတွေကို စွပ်စွဲလိုက်ရင် ပုတ်ခတ်လိုက်ရင် အဲ့ဒီလူတွေသာအမှန်တကယ် တော်လှန်ရေးအတွက် အလုပ်လုပ်နေတဲ့သူတွေဖြစ်ခဲ့ရင် တော်လှန်ရေးကိုထိခိုက်မှာစိုးတဲ့အတွက်ပါ

ငါလုပ်နေတာကမှ အစစ်အမှန်တော်လှန်ရေးတခြားသူလုပ်နေတာ အတုအယောင် ဆိုတဲ့စိတ်မျိုးလည်းကျွန်တော့်မှာမရှိပါ

လိုင်းပေါ်ကနေစွပ်စွဲနေတဲ့ ငွေပမာဏနဲ့ဆို ကျွန်တော်ဟာ နိုင်ငံခြားတနေရာရာမှာ အေးအေးဆေးဆေးနေလို့ရပါပြီ တော်လှန်စရာမလိုတော့ပါဘူး

ဒါပေမဲ့အခုချိန်ထိ ကျွန်တော်က ပြည်တွင်းမှာပဲ ချင်းတောင်ပေါ်မှာပဲ ရဲဘော်ရဲဘက်တွေနဲ့အတူတော်လှန်ရေးလုပ်နေတုန်းပါပဲ

CDF မင်းတပ်ရဲ့ အခမ်းအနားတိုင်းပွဲတိုင်းမှာ ကျွန်တော့်ကိုတလေးတစားဖိတ်ပါတယ် နေရာပေးပါတယ်တချို့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်းကျွန်တော်ရင်းနှီးပါတယ်

ကျွန်တော်သာ စွပ်စွဲကြသလို တကယ် သူခိုးဖြစ်ခဲ့ရင် ဘယ် CDF PDF မှ ကျွန်တော့်ကို လက်ခံစရာ နေရာပေးစရာမရှိပါဒလန်တကယ်ဖြစ်ခဲ့ရင်လက်နက်ကိုင်ပေါတဲ့

တိုင်းရင်းသားနယ်မြေမှာ ကျွန်တော်တရက်တောင် အသက်ရှင်စရာမရှိပါ ဒါလေးတွေးကြဖို့လိုပါတယ်

Public မှာ အလှူမခံခင်က ကျွန်တော်အလှူခံpostမှာပါတဲ့ အဖွဲ့တိုင်းကို ဒီလိုဒီလိုလုပ်ဖို့ရှိတယ် အဆင်ပြေရဲ့လား လို့လိုက်မေးပြီး အကုန်လူံးကသဘောတူမှသာ အလှူခံpost တင်ပါတယ်

ကျွန်တော်ကနေတဆင့်မလှူဘဲ ဒီအဖွဲ့အစည်းတွေကိုတိုက်ရိုက်လှူမယ်ဆိုလည်း ဝမ်းမြောက်ဝမ်းသာနဲ့ကျေးဇူးတင်ပါတယ်ဒါကြောင့်လည်းနာမည်တွေပါထည့်ပေးထားတာပါ

CDF မင်းတပ်ကို ပြည်ပရောက်ချင်းတွေလှူတဲ့အလှူငွေမပါဘဲ ပြည်တွင်းကအလှူငွေပဲဆို အခုနောက်ပိုင်း တလကို သိန်း ဆယ်ဂဏန်းခန့်သာရှိပါတယ်

YDF တပ်ရင်း ၃ ရွှေစွန်ညိုတပ်ရင်းက သိပ်မကြာသေးခင်က ရန်ပုံငွေအတွက်မဲရောင်းတာမှာ မဲအစောင်ရေတဝက်ခန့်သာကုန်ပါတယ်

ဒါတောင် ကျွန်တော် Fb ပေါ်မှာခဏခဏshare တာပါဒီလိုအလှူငွေနည်းပါးနေလို့ လိုအပ်နေလို့ သူတို့အတွက် ကျွန်တော်အလှူခံပေးတာပါ

ဘာဖြစ်လို့နေ့တိုင်း post တင်နေလဲဆို target မပြည့်လို့ ပြန်ပြန်တင်နေတာပါFacebook ရဲ့သဘောအရ တင်ပြီးသား post ကို share တာထက် အသစ်ပြန်တင်တာက ပိုပြီး လူတွေဆီရောက်ပါတယ်

ကိုဟိန်းဇော်ညိုရေအကို့အနေနဲ့ 2021 9-10 လပိုင်းလောက်ကစပြီး ကျွန်တော့်ကိုစွပ်စွဲလာလိုက်တာ အခုဆို 2022 5လပိုင်းတောင်ရောက်ပါပြီ

စစွပ်စွဲခါစကဆို တရက်ကို post 50လောက်တောင်တင်တယ်လို့သိရပါတယ်အငြိုးအတေးမရှိဘဲ တခါမှမမြင်ဖူးတဲ့သူတယောက်ကို ဒီလို လနဲ့ချီပြီး စွပ်စွဲဖို့ဆိုတာ တော်ရုံတန်ရုံစိတ်ပါရုံနဲ့မရဘူးလို့ထင်ပါတယ်

တချို့လူတွေကျွန်တော့်ကိုလာပြောသလို တကယ်ပဲတဘက်အဖွဲ့အစည်းက ထိန်းချုပ်နေတာလားလို့တောင်သံသယဖြစ်မိပါတယ်

2021 -11 လပိုင်းမှာ အထဲရောက်သွားတဲ့ ကျွန်တော့် senior အမ တွေက ဟိန်းဇော်ညိုကမှတကယ့်ဒလန်လို့ သူတို့အတန်းဖော်တွေကို စာပို့တယ်လို့သိရပါတယ်

အခုအဖမ်းခံလိုက်ရတဲ့ သတင်းထောက် အကို ကျွန်တော့်ကိုinterview စဉ်က သူပြောတဲ့စကားရှိပါတယ်ကျွန်တော်က အငြိမ်းနဲ့ပတ်သတ်ပြီး မသက်ာတာတွေ့ရင် သက်သေနဲ့တကွသူ့ကိုလာပို့ပေးပါလို့ လိုင်းပေါ်မှာတင်တော့ လာတော့ပို့ကြတယ်

ဟိန်းဇော်ညိုအကြောင်းကြီးပဲဖြစ်နေတယ် ဆိုတာမျိုးပဲအကို့အကြောင်းလည်း ကျွန်တော့်ကိုလာပြောကြပါတယ်

ကျွန်တော်စိတ်မဝင်စားပါ ဘာလို့စိတ်မဝင်စားလဲဆို ကျွန်တော်တော်လှန်နေတာ မင်းအောင်လိူင်နဲ့စစ်အာဏာရှင်အုပ်စုကိုပါဟိန်းဇော်ညိုကိုတော်လှန်နေတာမဟူတ်တဲ့အတွက် ဟိန်းဇော်ညိုအကြောင်းကိုကျွန်တော်စိတ်မဝင်စားပါ

ပြီးတော့ တရက်ကို post 50 လောက် တင်ဖို့ထိလည်း ကျွန်တော်အရင်လိုမအားပါ အကို့အနေနဲ့ကျွန်တော့်အကြောင်းကိုစိတ်ဝင်စားတယ်ဆိုရင်တော့ သူများအပြောနဲ့မဟုတ်ဘဲ

ကိုယ်တိုင်ကိုယ်ကျ ကျွန်တော်ရှိတဲ့နေရာထိလာပြီး ကျွန်တော့်ကိုစစ်ဆေးနိုင်ဖို့ကျွန်တော်မျှော်လင့်ပါတယ်အပြင်မှာတွေ့ရင်တော့ ကျွန်တော်လုပ်ထားသမျှ
အစအဆုံး ရှင်းပြနိုင်ပါလိမ့်မယ်

အဲ့လိုမလာနိုင်ဘူးဆိုရင်တော့ ကျွန်တော့်အကြောင်းကိုစုံစမ်းနေတာထက်စစ်အာဏာရှင် ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့နောက်လ်ိုက်နောက်ပါတွေရဲ့ ပိုင်ဆိုင်မူတွေကိုစုံစမ်းတာပိုကောင်းပါတယ်

နောက်တချိန် တော်လှန်ရေးအောင်တဲ့အခါ နောက်ကြောင်းပြန်အရေးယူမူတွေလူပ်တဲ့အခါ အကို့သက်သေတွေကအင်မတန်အကျိုးရှိမှာပါ

နောက်ဆူံးအနေနဲ့ပြောရရင်တော့ တော်လှန်ရေးက ပါဝင်သင့်တဲ့သူတွေမပါဝင်လို့ အချိန်ကြာနေပါတယ်

အချင်းချင်းသွေးခွဲ ကုန်းတိုက် တိုက်ခိုက်နေတဲ့ အဆိပ်အတောက်တွေကြောင့်လည်း တော်လှန်ရေးကလိုအပ်တာထက်ပိုကြာနေရပါတယ်

အကို့ကို တော်လှန်ရေးရဲ့အဆိပ်အတောက်မဖြစ်ဖို့ကျွန်တော်မျှော်လင့်ပါတယ်

လိုင်းပေါ်မှာ လူတကာနဲ့လိုက်ရန်ဖြစ်နေမယ့်အစား အရင်လို ရေခဲချောင်းရောင်းတာက အကို့အတွက် ပိုအကျိုးရှိပါလိမ့်မယ်လိုအပ်ရင် ကျွန်တော်ကိုယ်တိုင် marketing ဆင်းပေးပါ့မယ်

source A NYEIN

Crd

Leave a Reply

Your email address will not be published.