ကိုယ် လု ပ်စ ရာရှိ တာလုပ် နေတ ယ်ဆိုတဲ့ သတင်းတင် ဆက်သူ ကျော်သက်လင်း
မြန်မာအသံရဲ့ မြန်မာစံတော်ချိန် ည ၈ နာရီ နာရီအချိန်တိုင်း အသံပါဝါကောင်းကောင်းနဲ့ “ကျန်းမာတော်မူကြပါစခင်ဗျာ” လို့ နှုတ်ခွ
န်းဆက်သသံနဲ့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ အသံပိုင်ရှင်တစ်ဦးကို အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။ သူကတော့
စစ်အာဏာသိမ်းတာကို လက်မခံဘဲ အစောဆုံး CDM ပြုလုပ်ခဲ့သူတစ်ဦးဖြစ်တဲ့ မြန်မာအသံရဲ့ဝန်ထမ်း သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ပဲ
ဖြစ်ပါတယ်။ ဦးကျော်သက်လင်း ကတော့ လက်ရှိမှာ အသက် ၅၀ နီးပါးရှိနေပေမယ့် လူငယ်တွေနဲ့တန်းတူ အာဏာရှင်ကို
တွန်းလှန်ဖို့အတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကျရာတာဝန်တွေကို အစွမ်းကုန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
အဝေးတစ်နေရာကနေ ကိုယ်လုပ်စရာရှိတာလုပ်နေတယ်ဆိုတဲ့အကြောင်းကို ဦးကျော်သက်လင်း ဟာ ” ခင်ဗျားတို့ဘာတွေ
လုပ်ပြီး ဘယ်လိုပဲပြောပြော ပေါ်ပေါ်တင်တင်ပဲပျော်ပျော် ခိုးကြောင်ခိုးဝှက်ပဲပျော်ပျော် ဘာတွေပဲတင်ပြီး ဘယ်လိုပဲခွီခွီ ခင်ဗျားတို့ရင်ထဲစိတ်ဓာတ်
ခံယူချက်အမှန်နဲ့ တန်ရာတန်ရာပဲရမှာပါ ကျနော်တို့ကတော့ ဘယ်သူပဲမှားမှား မှန်မှန် အဝေးကနေ ကိုယ်လုပ်စရာရှိတာလုပ်ရင်း
အားတဲ့အချိန် လိုင်းပေါ်ကနေကြည့်နေရုံမှတပါး….အခြားမရှိ။ (လူဆိုတာ စကားမပြောပဲကြည့်ရုံမြင်ရုံနဲ့တင် ဘယ်လိုလူဆိုတာ
အကဲခတ်လို့ ၈၀%မှန်နိုင်ပါတယ်။ ကျန်တဲ့၂၀%ကလည်းမမှားပါဘူး။ အဲဒီလူကဆင်ခြေပေးတာကိုနားထောင်ရင်း ခင်ဗျားတို့ဝေဝါးသွားတာပါ)”လို့ သူ့ရဲ့လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ကဲ….ပရိသတ်ကြီးရေ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ကတော့ ခိုးကြောင်ခိုးဝှက်ပဲပျော်ပျော် ဘယ်လိုပဲပျော်ပျော်
တန်ရာတန်ရာပဲ ရမယ်လို့ ပြောလိုက်တာပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Crd
Unicode
ကိုယ် လု ပ်စ ရာရှိ တာလုပ် နေတ ယ်ဆိုတဲ့ သတင်းတင် ဆက်သူ ကျော်သက်လင်း
မြန်မာအသံရဲ့ မြန်မာစံတော်ချိန် ည ၈ နာရီ နာရီအချိန်တိုင်း အသံပါဝါကောင်းကောင်းနဲ့ “ကျန်းမာတော်မူကြပါစခင်ဗျာ” လို့ နှုတ်ခွန်းဆက်သသံနဲ့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ အသံပိုင်ရှင်တစ်ဦးကို အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။ သူကတော့ စစ်အာဏာသိမ်းတာကို လက်မခံဘဲ အစောဆုံး CDM ပြုလုပ်ခဲ့သူတစ်ဦးဖြစ်တဲ့ မြန်မာအသံရဲ့ဝန်ထမ်း သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ပဲ ဖြစ်ပါတယ်။
ဦးကျော်သက်လင်း ကတော့ လက်ရှိမှာ အသက် ၅၀ နီးပါးရှိနေပေမယ့် လူငယ်တွေနဲ့တန်းတူ အာဏာရှင်ကိုတွန်းလှန်ဖို့အတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကျရာတာဝန်တွေကို အစွမ်းကုန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။အဝေးတစ်နေရာကနေ ကိုယ်လုပ်စရာရှိတာလုပ်နေတယ်ဆိုတဲ့အကြောင်းကို ဦးကျော်သက်လင်း ဟာ ” ခင်ဗျားတို့ဘာတွေလုပ်ပြီး ဘယ်လိုပဲပြောပြော ပေါ်ပေါ်တင်တင်ပဲပျော်ပျော်
ခိုးကြောင်ခိုးဝှက်ပဲပျော်ပျော် ဘာတွေပဲတင်ပြီး ဘယ်လိုပဲခွီခွီ ခင်ဗျားတို့ရင်ထဲစိတ်ဓာတ် ခံယူချက်အမှန်နဲ့ တန်ရာတန်ရာပဲရမှာပါ ကျနော်တို့ကတော့ ဘယ်သူပဲမှားမှား မှန်မှန် အဝေးကနေ ကိုယ်လုပ်စရာရှိတာလုပ်ရင်း အားတဲ့အချိန် လိုင်းပေါ်ကနေကြည့်နေရုံမှတပါး….အခြားမရှိ။
(လူဆိုတာ စကားမပြောပဲကြည့်ရုံမြင်ရုံနဲ့တင် ဘယ်လိုလူဆိုတာအကဲခတ်လို့ ၈၀%မှန်နိုင်ပါတယ်။ ကျန်တဲ့၂၀%ကလည်းမမှားပါဘူး။ အဲဒီလူကဆင်ခြေပေးတာကိုနားထောင်ရင်း ခင်ဗျားတို့ဝေဝါးသွားတာပါ)”လို့ သူ့ရဲ့လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ကဲ….ပရိသတ်ကြီးရေ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ကတော့ ခိုးကြောင်ခိုးဝှက်ပဲပျော်ပျော် ဘယ်လိုပဲပျော်ပျော် တန်ရာတန်ရာပဲ ရမယ်လို့ ပြောလိုက်တာပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
အော်ပြီး ပစ်ရင်းပြေးတက်ရတာ မဟုတ်ဘူးလားဟင်။
အခုကျ အဘတပ်မဒေါ်ကြီးကအဆန်းဂျီး။
Crd