၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် ၈၅ ရာခိုင်နှုန်း ရှိပြီး ရခိုင်နှင့် မွန်တို့ အောင်ချက်ကောင်း
မေလ ၁၉
ယခုနှစ်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် ၈၅ ရာခိုင်နှုန်း ရှိပြီး ရခိုင်နှင့် မွန်ပြည်နယ်တို့က အောင်ချက် မြင့်မားတယ်လို့ ကနဦးသတင်းများအရ သိရပါတယ်။
အောင်စာရင်းကိုတော့ လာမည့် ဇွန်လ ဒုတိယပတ်အတွင်းထုတ်ပြန်သွားမှာ ဖြစ် ပြီး အွန်လိုင်းကတဆင့်လည်း ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့
ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသူ ကျောင်းသားဦးရေ ၃သိန်းကျော်ရှိတယ်လို့ စစ်ကောင်စီက ပြောဆိုခဲ့ပါတယ်။
သို့သော်လည်း တက္ကသိုလ်ဝန်တန်းစာမေးပွဲ ပထမနေ့မှာ လာရောက်ဖြေဆိုသူသည် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၈ဝဝဝဝကျော်သာရှိပြီး
စစ်ကောင်စီဘက်ကတော့ လာရောက်ဖြေဆိုသူ ၉ဝဒသမ၁၈ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
Crd
zawgyi
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် ၈၅ ရာခိုင်နှုန်း ရှိပြီး ရခိုင်နှင့် မွန်တို့ အောင်ချက်ကောင်း
မေလ ၁၉
crd