သာကေတမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသူရဲ့ ဦးလေး ဖြစ်သူပါ ဒီနေ့ ထပ်မံသေဆုံး
ရန်ကုန်၊ သာကေတမြို့နယ်မှာ နေထိုင်တဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နောက်ဆုံးနှစ် ရူပဗေဒကျောင်းသူ မဟန်နီဦးနဲ့ မိသားစုဝင်တချို့
မနေ့ မေလ ၁၉ ရက်နေ့မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေကပြောပါတယ်

မနေ့နေ့လယ်ပိုင်းက သာကေတမြို့နယ် ၇ရပ်ကွက် (၈ထိပ်မှတ်တိုင်) အောင်သပြေလမ်းနဲ့ စံပယ်လမ်းထိပ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး
ကျောင်းသူမဟန်နီဦးကတော့ နေရာမှာတင်သေဆုံးကာ မိသားစုဝင်တချို့လည်း ထိမှန်တာရှိခဲ့တယ်လို့ သက်ဆိုင်ရာ ကျောင်းသားအဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်
လာရှာတာတော့ မဟန်နီဦးရဲ့ ဦးလေးကိုလာရှာတာ၊ သူ့ဦးလေးက မြေပြင်သပိတ် တွေမှာ ပါဝင်တယ်လို့လည်း သိထားရတယ်
သူ့ဦးလေးကို ပစ်လိုက်တော့ သူ့ဦးလေး ကြောက်အားလန့်အား ပြေးတဲ့အချိန်မှာ ဘေးမှာရှိနေတဲ့ မဟန်နီဦးကိုပါပစ်လိုက်တာ

မနေ့ညက ထပ်သိရတာတော့ ထိသွားတဲ့ သူ့ဦးလေးလည်းဆုံးသွားပြီလို့ သိထားပါတယ် ဘေးနားမှာရှိတဲ့ မဟန်နီဦးရဲ့အမေကလည်း ထိထားလို့ ဆေးရုံရောက်နေတယ် လို့
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ-တကသ အဖွဲ့ ပြန်ကြားရေးတာဝန်ခံကိုမင်းသူရိန်က ပြောပါတယ်
ဒီပစ်ခတ်မှုဟာ စစ်ကောင်စီကိုဆန့်ကျင်သူတွေ၊ စစ်ကောင်စီသတင်းပေးတွေကို တိုက်ခိုက်သူတွေကို တန်ပြန်တိုက်ခိုက်မှုတွေ လုပ်မယ်လို့
သတင်းထုတ်ပြန်နေတဲ့ သွေးသောက်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့လည်း ကျောင်းသားသမဂ္ဂအဖွဲ့က မျက်မြင်တွေ့သူတွေရဲ့ပြောကြားချက်ကို ကိုးကားပြီးထုတ်ပြန်ထားပါတယ်
Credit- ဘီဘီစီမြန်မာပိုင်း
Unicode
သာကေတမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသူရဲ့ ဦးလေး ဖြစ်သူပါ ဒီနေ့ ထပ်မံသေဆုံး
ရန်ကုန်၊ သာကေတမြို့နယ်မှာ နေထိုင်တဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နောက်ဆုံးနှစ် ရူပဗေဒကျောင်းသူ မဟန်နီဦးနဲ့ မိသားစုဝင်တချို့

မနေ့ မေလ ၁၉ ရက်နေ့မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေကပြောပါတယ်
မနေ့နေ့လယ်ပိုင်းက သာကေတမြို့နယ် ရရပ်ကွက် (၈ထိပ်မှတ်တိုင်) အောင်သပြေလမ်းနဲ့ စံပယ်လမ်းထိပ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး