အကြမ်းဖက်စစ်တပ် အာဏာသိမ်းထားသမျှ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးလုံးဝရရှိမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား
မေ ၂၀ ၊ ၂၀၂၂
အကြမ်းဖက်စစ်တပ် အာဏာသိမ်းထားသမျှ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးလုံးဝရရှိမှာ မဟုတ်ဘူးလို့ မေ ၁၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်က ပြောကြားလိုက်တာပါ။




ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေး – ပဋိပက္ခနဲ့ စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေးမှာ သံ အမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့တာပါ။
စစ်တပ်ရဲ့ အောင်မြင်မှုမရှိဘဲ ကျရှုံးတဲ့ အာဏာသိမ်းမှုရှိနေသမျှ မြန်မာ နိုင်ငံက ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို လုံးဝရရှိမည်မဟုတ်ကြောင်း၊ ဒါကြောင့် မြန်မာပြည်သူတွေက ရွေးကောက်ခံအရပ်သားအစိုးရဖြစ်တဲ့ အ မျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ တို့နဲ့အတူ စစ်တပ်က ပြုလုပ်တဲ့ ဒုက္ခအကျပ်တည်းကို ရပ်တန့်ဖို့၊ အခြေခံလူ့အခွင့်အရေးတွေကို အာမခံပေးမှုတွေပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတယ်လို့ ပြောကြားခဲ့တာပါ။




ဒါအပြင် ဆာလောင်မွတ်သိပ်မှုနဲ့ လူသားချင်း စာနာထောက်ထားမှုအကူ အညီတွေကို ပိတ်ပင်တာက စစ်တပ်ရဲ့ ရည်ရွည်ချက်ဖြစ်တယ်ဆိုတာလည်း ထောက်ပြပြောဆိုထားပါတယ်။
မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာအကျပ်အတည်းဖြစ်ရတဲ့ အဓိကအကြောင်း ရင်းတွေက – ပဋိပက္ခ၊ ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲနွမ်းပါးမှုပြဿနာတို့နဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။




ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ရဲ့ အချက်အလက်တွေအရ မြန်မာပြည်သူလူဉီးရေတစ်ဝက်ခန့် (၂၅ သန်းကျော်)က နိုင်ငံရဲ့ ဆင်း ရဲနွမ်းပါးမှု သတ်မှတ်မှုအောက်မှာ နေထိုင်နေရပြီး ၂၀၂၂ ခုနှစ်မှာ မြန်မာပြည်သူ (၆ဒသမ၂) သန်းက အသက်ကယ်ကူညီစောင့်ရှောက်မှုကို လိုအပ်မှာဖြစ်တယ်လို့ လူသားချင်းစာနာထောက်ထား မှုအဖွဲ့အစည်းတွေက ခန့်မှန်း ထားကြတယ်လို့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ်အဖွဲ့ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
Crd
Unicode
အၾကမ္းဖက္စစ္တပ္ အာဏာသိမ္းထားသမၽွ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးလုံးဝရရွိမွာ မဟုတ္ဘူးလို႔ ကုလသမဂၢမွာ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းေျပာၾကား
ေမ ၂၀ ၊ ၂၀၂၂
အၾကမ္းဖက္စစ္တပ္ အာဏာသိမ္းထားသမၽွ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးလုံးဝရရွိမွာ မဟုတ္ဘူးလို႔ ေမ ၁၉ ရက္မွာ ျပဳလုပ္ခဲ့တဲ့ ကုလသမဂၢ အစည္းအေဝးမွာ ကုလသမဂၢဆိုင္ရာ ျမန္မာ အျမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္က ေျပာၾကားလိုက္တာပါ။




ကုလသမဂၢလုံျခဳံေရးေကာင္စီရဲ့ နိုင္ငံတကာၿငိမ္းခ်မ္းေရး၊ လုံျခဳံေရး – ပဋိပကၡနဲ႔ စားနပ္ရိကၡာလုံျခဳံေရးဆိုင္ရာ တံခါးဖြင့္အစည္းအေဝးမွာ သံ အမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေျပာၾကားခဲ့တာပါ။
စစ္တပ္ရဲ့ ေအာင္ျမင္မႈမရွိဘဲ က်ရႈံးတဲ့ အာဏာသိမ္းမႈရွိေနသမၽွ ျမန္မာ နိုင္ငံက ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို လုံးဝရရွိမည္မဟုတ္ေၾကာင္း၊ ဒါေၾကာင့္ ျမန္မာျပည္သူေတြက ေရြးေကာက္ခံအရပ္သားအစိုးရျဖစ္တဲ့ အ မ်ိဳးသားညီညြတ္ေရးအစိုးရ၊ အမ်ိဳးသားညီညြတ္ေရး အတိုင္ပင္ခံေကာင္စီ တို႔နဲ႔အတူ စစ္တပ္က ျပဳလုပ္တဲ့ ဒုကၡအက်ပ္တည္းကို ရပ္တန႔္ဖို႔၊ အေျခခံလူ႔အခြင့္အေရးေတြကို အာမခံေပးမႈေတြပါဝင္တဲ့ ဖက္ဒရယ္ဒီမိုကေရစီအနာဂတ္ကို ေဖာ္ေဆာင္ရန္ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိေနတယ္လို႔ ေျပာၾကားခဲ့တာပါ။




ဒါအျပင္ ဆာေလာင္မြတ္သိပ္မႈနဲ႔ လူသားခ်င္း စာနာေထာက္ထားမႈအကူ အညီေတြကို ပိတ္ပင္တာက စစ္တပ္ရဲ့ ရည္ရြည္ခ်က္ျဖစ္တယ္ဆိုတာလည္း ေထာက္ျပေျပာဆိုထားပါတယ္။
ျမန္မာနိုင္ငံရဲ့ စားနပ္ရိကၡာအက်ပ္အတည္းျဖစ္ရတဲ့ အဓိကအေၾကာင္း ရင္းေတြက – ပဋိပကၡ၊ ရာသီဥတုေျပာင္းလဲမႈ၊ ဆင္းရဲႏြမ္းပါးမႈျပႆနာတို႔နဲ႔ ရင္ဆိုင္ၾကဳံေတြ႕ေနရတာျဖစ္တယ္လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေျပာၾကားခဲ့ပါတယ္။




ကုလသမဂၢဖြံ့ၿဖိဳးတိုးတက္ေရး အစီအစဥ္ရဲ့ အခ်က္အလက္ေတြအရ ျမန္မာျပည္သူလူဉီးေရတစ္ဝက္ခန႔္ (၂၅ သန္းေက်ာ္)က နိုင္ငံရဲ့ ဆင္း ရဲႏြမ္းပါးမႈ သတ္မွတ္မႈေအာက္မွာ ေနထိုင္ေနရၿပီး ၂၀၂၂ ခုႏွစ္မွာ ျမန္မာျပည္သူ (၆ဒသမ၂) သန္းက အသက္ကယ္ကူညီေစာင့္ေရွာက္မႈကို လိုအပ္မွာျဖစ္တယ္လို႔ လူသားခ်င္းစာနာေထာက္ထား မႈအဖြဲ႕အစည္းေတြက ခန႔္မွန္း ထားၾကတယ္လို႔ နယူးေယာက္ၿမိဳ႕မွာရွိတဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္ စားလွယ္အဖြဲ႕႐ုံး သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။
Crd