MRTV သတင်းတင်ဆက်သူ ဆရာ ဦးကျော်သက်လင်းအတွက် ဂုဏ်ယူနေရတယ်ဆိုတဲ့ မြနှင်းရည်လွင်

News

Unicode

MRTV သတင်းတင်ဆက်သူ ဆရာ ဦးကျော်သက်လင်းအတွက် ဂုဏ်ယူနေရတယ်ဆိုတဲ့ မြနှင်းရည်လွင်

မြန်မာပြည်ရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေကို အားလုံးသိကြမယ်ထင်ပါတယ်‌။ ဖေဖော်ဝါရီလကစခဲ့တဲ့ နိုင်ငံရေးမီးလောင်ကျွမ်းနေတာဆိုရင် ကိုးလကျော်အချိန်ကိုကြာမြှင့်ခဲ့ပါပြီ။ အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေအားလုံးနီးပါး ပါဝင်တဲ့ဆန္ဒပြပွဲတွေ

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ပေါ်ပေါက်လာခဲ့တာပါ။ နိုင်ငံတော်ကခန့်အပ်ထားတဲ့ အစိုးရဝန်ထမ်းတွေကလဲ CDM အနေနဲ့ပါဝင် သပိတ်မှောက်ခဲ့ကြပါတယ်။ ထိုအထဲတွင် အာဏာစသိမ်းခဲ့တဲ့အချိန်အစောပိုင်းကထဲက CDM ပြုလုပ်ခဲ့တဲ့

MRTV ရုပ်သံရဲ့ သတင်းတင်ဆက်သူ ကိုကျော်သက်လင်း တစ်ယောက်လဲပါဝင်ခဲ့ပါတယ်။ ဆရာတပည့်ဖြစ်တဲ့ မြနှင်းရည်လွင် ကတော့ ဆရာဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်နေပါတယ်။

သတင်းတင်ဆက်သူ ကိုကျော်သက်လင်း ဟာ လွတ်မြောက်နယ်မြေရောက်ရှိနေတယ်ဆိုတဲ့အကြောင်းကို ” တောထဲဝင် ယူနီဖောင်းလေးဝတ် သေနတ်လေးကိုင်ပြီးဓာတ်ပုံရိုက်ပြရင် အဆင်ပြေမလား…. ကျနော်fb accလေးပြန်ရပြီး

မိတ်ဆွေတွေကိုလိုက်ကြည့်မိတယ်။အများအားဖြင့်တော့ အရင်အတိုင်းပါပဲ… ကျနော်လား…? ကိုဗစ် ငှက်ဖျား တုတ်ကွေး အားလုံးထိပြီး လွန်မြောက်ခဲ့ပါပြီ။ ကိုယ်ရောစိတ်ပါ ကျန်းမာလျက်ပါ။

မီးစိမ်းလေးမလင်း ပြန်မလာ ပြန်မဆုံတော့တဲ့မိတ်ဆွေတွေအတွက်စိတ်မကောင်းကြီးစွာဖြစ်မိပါတယ်။ မြို့ပြမှာ စိတ်ရောကိုယ်ပါဒုက္ခရောက်နေကြသူတွေအတွက်လည်း စိတ်ထိခိုက်ရပါတယ်။ စိတ်ပူနေကြသူတွေအားလုံးကိုလည်း ကျေးဇူးတင်စွာ နှုတ်ခွန်းဆက်ပါတယ် ” သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်ကနေ အသိပေးရေးသားထားတာကြောင့် ပရိသတ်တွေနဲ့ မိတ်ဆွေများက လေးစားအံ့သြခဲ့ကြရပါတယ်။

အမှန်တရားအတွက် လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ “ကျန်းမာတော်မူကြပါစ”ဆိုတဲ့ အသံပိုင်ရှင် MRTV ရုပ်သံရဲ့သတင်းတင်ဆက်သူ ကိုကျော်သက်လင်း အတွက်ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ပြည်သူဘက်တော်သား CDM သရဲကောင်း ကိုကျော်သက်လင်း ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Zawgyi

MRTV သတင်းတင်ဆက်သူ ဆရာ ဦးကျော်သက်လင်းအတွက် ဂုဏ်ယူနေရတယ်ဆိုတဲ့ မြနှင်းရည်လွင်

ျမန္မာျပည္ရဲ႕လက္ရွိႏိုင္ငံေရးအေျခအေနေတြကို အားလုံးသိၾကမယ္ထင္ပါတယ္‌။ ေဖေဖာ္ဝါရီလကစခဲ့တဲ့ ႏိုင္ငံေရးမီးေလာင္ကြၽမ္းေနတာဆိုရင္ ကိုးလေက်ာ္အခ်ိန္ကိုၾကာျမႇင့္ခဲ့ပါၿပီ။ အာဏာသိမ္းတာကို လက္မခံတဲ့ ျပည္သူေတြအားလုံးနီးပါး ပါဝင္တဲ့ဆႏၵျပပြဲေတြ

တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ေပၚေပါက္လာခဲ့တာပါ။ ႏိုင္ငံေတာ္ကခန႔္အပ္ထားတဲ့ အစိုးရဝန္ထမ္းေတြကလဲ CDM အေနနဲ႔ပါဝင္ သပိတ္ေမွာက္ခဲ့ၾကပါတယ္။ ထိုအထဲတြင္ အာဏာစသိမ္းခဲ့တဲ့အခ်ိန္အေစာပိုင္းကထဲက CDM ျပဳလုပ္ခဲ့တဲ့

MRTV ႐ုပ္သံရဲ႕ သတင္းတင္ဆက္သူ ကိုေက်ာ္သက္လင္း တစ္ေယာက္လဲပါဝင္ခဲ့ပါတယ္။ ဆရာတပည့္ျဖစ္တဲ့ ျမႏွင္းရည္လြင္ ကေတာ့ ဆရာျဖစ္သူအတြက္ ဂုဏ္ယူဝမ္းေျမာက္ေနပါတယ္။

သတင္းတင္ဆက္သူ ကိုေက်ာ္သက္လင္း ဟာ လြတ္ေျမာက္နယ္ေျမေရာက္ရွိေနတယ္ဆိုတဲ့အေၾကာင္းကို ” ေတာထဲဝင္ ယူနီေဖာင္းေလးဝတ္ ေသနတ္ေလးကိုင္ၿပီးဓာတ္ပုံ႐ိုက္ျပရင္ အဆင္ေျပမလား…. က်ေနာ္fb accေလးျပန္ရၿပီး

မိတ္ေဆြေတြကိုလိုက္ၾကည့္မိတယ္။အမ်ားအားျဖင့္ေတာ့ အရင္အတိုင္းပါပဲ… က်ေနာ္လား…? ကိုဗစ္ ငွက္ဖ်ား တုတ္ေကြး အားလုံးထိၿပီး လြန္ေျမာက္ခဲ့ပါၿပီ။ ကိုယ္ေရာစိတ္ပါ က်န္းမာလ်က္ပါ။

မီးစိမ္းေလးမလင္း ျပန္မလာ ျပန္မဆုံေတာ့တဲ့မိတ္ေဆြေတြအတြက္စိတ္မေကာင္းႀကီးစြာျဖစ္မိပါတယ္။ ၿမိဳ႕ျပမွာ စိတ္ေရာကိုယ္ပါဒုကၡေရာက္ေနၾကသူေတြအတြက္လည္း စိတ္ထိခိုက္ရပါတယ္။ စိတ္ပူေနၾကသူေတြအားလုံးကိုလည္း ေက်းဇူးတင္စြာ ႏႈတ္ခြန္းဆက္ပါတယ္ ” သူ႔ရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚကေန အသိေပးေရးသားထားတာေၾကာင့္ ပရိသတ္ေတြနဲ႔ မိတ္ေဆြမ်ားက ေလးစားအံ့ၾသခဲ့ၾကရပါတယ္။

အမွန္တရားအတြက္ လြတ္ေျမာက္နယ္ေျမေရာက္ရွိေနတဲ့ “က်န္းမာေတာ္မူၾကပါစ”ဆိုတဲ့ အသံပိုင္ရွင္ MRTV ႐ုပ္သံရဲ႕သတင္းတင္ဆက္သူ ကိုေက်ာ္သက္လင္း အတြက္ဂုဏ္ယူဝမ္းေျမာက္ရပါတယ္။ ျပည္သူဘက္ေတာ္သား CDM သရဲေကာင္း ကိုေက်ာ္သက္လင္း ေဘးကင္းလုံၿခဳံပါေစလို႔ ဆုေတာင္းေမတၱာပို႔သအပ္ပါတယ္။

Crd

Leave a Reply

Your email address will not be published.