မုန္တိုင္းသတိေပးခ်က္… အထူးသတင္း

News

မုန္တိုင္းသတိေပးခ်က္… အထူးသတင္း

GFS Model ရဲ့ ဒီည ၁၁:၃၀ နာရီ Update မွာလည္း မုန္တိုင္းငယ္ အျဖစ္ေရာက္ရွိေနၿပီျဖစ္ပါတယ္။

မုန္တိုင္းငယ္ရဲ့ ဗဟိုခ်က္သည္ ေမာ္လၿမိဳင္ၿမိဳ့ရဲ့ အေနာက္‌‌ေတာင္ဘက္ ပင္လယ္ေရမိုင္ ၉၀ ခန႔္အကြာ ပင္လယ္ျပင္ မွာတည္ရွိေနပါတယ္။

ေမလ (၂၀)ရက္ေန႔ နံနက္ ၆နာရီဝန္းက်င္တြင္ က်ိဳက္ခမီ ကမ္းရိုးတန္းအနီးသို့ ခ်ဥ္းကပ္ၿပီး ၇နာရီ ဝန္းက်င္တြင္

ေခ်ာင္းဆုံ ေမာ္လၿမိဳင္ တည့္တည့္ကို မုန္တိုင္းရဲ့ ဗဟိုခ်က္ ျဖတ္ေက်ာ္နိုင္ၿပီး

ကရင္ျပည္နယ္ ဘားအံျမိဳ့ကို နံနက္ ၉နာရီ ၁၀ နာရီ ဝန္းက်င္တြင္ ျဖတ္‌ေက်ာ္နိုင္ပါသည္။

မုန္တိုင္းရဲ့ ေလတိုက္ခတ္ႏွုန္းသည္ ၁ နာရီ (၄၀)မွ(၄၂)မိုင္ႏွုန္းအထိ တိုက္ခတ္ နိုင္ၿပီး

က်ိဳက္ခမီ သံျဖဴဇရပ္ မုဒုံ ကမာဝက္ တို့တြင္ မုန္တိုင္းရဲ့ညာဘက္ေလစီး ျဖတ္ေက်ာ္ရာ တည့္တည့္သို့ ေရာက္ရွိေနနိုင္သည့္အတြက္ ေလျပင္းတိုက္ျခင္းသည္

၁နာရီ မိုင္ (၅၀)ထိ တိုက္ခတ္နိုင္ပါသည္။

သတိေပးခ်က္ မုန္တိုင္းငယ္၏ အရွိန္ေၾကာင့္ ‌မြန္ျပည္နယ္ ကရင္ျပည္နယ္တို့မွာ ေလျပင္းတိုက္ျခင္းမိုးႀကီးျခင္း၊ႏွင့္ ကမ္းရိုးတန္းေဘးၿမိဳ့မ်ား မုန္တိုင္းဒီေရ
တက္ျခင္း လွိုင္းႀကီးျခင္းမ်ားျဖစ္ေပၚလာနိုင္ပါသည္။

ယေန႔ညထဲက ႀကိဳတင္သိမ္းဆည္းထားၾကပါ လုံျခဳံတဲ့ေနရာကို ေျပာင္းေရြ႕ပါ မုန္တိုင္းအခ်င္းမိုင္ေသးငယ္ၿပီး ႐ုတ္တရက္အားေကာင္းလာတဲ့ မုန္တိုင္းျဖစ္လို့ ေရြ႕လ်ားႏွုန္းျမန္ သလို ျပင္းထန္နိုင္တဲ့အတြက္ မိမိေဒသ မလုံျခဳံဘူးထင္ရင္ ႀကိဳတင္ ေျပာင္းေရြ႕ထားၾကဖို့လိုပါတယ္။

#မြန္ျပည္နယ္_ကရင္ျပည္နယ္_မိုးေလဝသေစာင္႔ၾကည္႔ထုတ္ျပန္ေရး

unicode

မုန်တိုင်းသတိပေးချက်… အထူးသတင်း

GFS Model ရဲ့ ဒီည ၁၁:၃၀ နာရီ Update မှာလည်း မုန်တိုင်းငယ် အဖြစ်ရောက်ရှိနေပြီဖြစ်ပါတယ်။

မုန်တိုင်းငယ်ရဲ့ ဗဟိုချက်သည် မော်လမြိုင်မြို့ရဲ့ အနောက်‌‌တောင်ဘက် ပင်လယ်ရေမိုင် ၉၀ ခန့်အကွာ ပင်လယ်ပြင် မှာတည်ရှိနေပါတယ်။

မေလ (၂၀)ရက်နေ့ နံနက် ၆နာရီဝန်းကျင်တွင် ကျိုက်ခမီ ကမ်းရိုးတန်းအနီးသို့ ချဉ်းကပ်ပြီး ရနာရီ ဝန်းကျင်တွင်

ချောင်းဆုံ မော်လမြိုင် တည့်တည့်ကို မုန်တိုင်းရဲ့ ဗဟိုချက် ဖြတ်ကျော်နိုင်ပြီး

ကရင်ပြည်နယ် ဘားအံမြို့ကို နံနက် ၉နာရီ ၁၀ နာရီ ဝန်းကျင်တွင် ဖြတ်‌ကျော်နိုင်ပါသည်။

မုန်တိုင်းရဲ့ လေတိုက်ခတ်နှုန်းသည် ၁ နာရီ (၄၀)မှ(၄၂)မိုင်နှုန်းအထိ တိုက်ခတ် နိုင်ပြီး

ကျိုက်ခမီ သံဖြူဇရပ် မုဒုံ ကမာဝက် တို့တွင် မုန်တိုင်းရဲ့ညာဘက်လေစီး ဖြတ်ကျော်ရာ တည့်တည့်သို့ ရောက်ရှိနေနိုင်သည့်အတွက် လေပြင်းတိုက်ခြင်းသည်

၁နာရီ မိုင် (၅၀)ထိ တိုက်ခတ်နိုင်ပါသည်။

သတိပေးချက် မုန်တိုင်းငယ်၏ အရှိန်ကြောင့် ‌မွန်ပြည်နယ် ကရင်ပြည်နယ်တို့မှာ လေပြင်းတိုက်ခြင်းမိုးကြီးခြင်း၊နှင့် ကမ်းရိုးတန်းဘေးမြို့များ မုန်တိုင်းဒီရေ
တက်ခြင်း လှိုင်းကြီးခြင်းများဖြစ်ပေါ်လာနိုင်ပါသည်။

ယနေ့ညထဲက ကြိုတင်သိမ်းဆည်းထားကြပါ လုံခြုံတဲ့နေရာကို ပြောင်းရွေ့ပါ မုန်တိုင်းအချင်းမိုင်သေးငယ်ပြီး ရုတ်တရက်အားကောင်းလာတဲ့ မုန်တိုင်းဖြစ်လို့ ရွေ့လျားနှုန်းမြန် သလို ပြင်းထန်နိုင်တဲ့အတွက် မိမိဒေသ မလုံခြုံဘူးထင်ရင် ကြိုတင် ပြောင်းရွေ့ထားကြဖို့လိုပါတယ်။

#မွန်ပြည်နယ်_ကရင်ပြည်နယ်_မိုးလေဝသစောင့်ကြည့်ထုတ်ပြန်ရေး

Crd

Leave a Reply

Your email address will not be published.