ပိုပိုရဲ့ မွေးနေ့လေးမှာ ပြုလုပ်ပေး ဖြစ်ခဲ့တဲ့ အလှူအတန်း ပုံရိပ်တွေ ကို အမှတ်တရ ဝေမျှပေးလာတဲ့ ပိုပိုရဲ့ ပရိသတ်များ

News

ပိုပိုရဲ့ မွေးနေ့လေးမှာ ပြုလုပ်ပေး ဖြစ်ခဲ့တဲ့ အလှူအတန်း ပုံရိပ်တွေ ကို အမှတ်တရ ဝေမျှပေးလာတဲ့ ပိုပိုရဲ့ ပရိသတ်များ

ပိုပိုကတော့ ဖမ်းဆီးခံထားရပြီး အခုအချိန်အထိပြန်လည်လွှတ်မြောက်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် နေ့ရက်တိုင်း ပရိသတ်တွေက ပိုပိုကို သတိတရရှိနေခဲ့ပြီး ပိုပိုတစ်ယောက် အမြန်ဆုံးပြန်လည်လွှတ်မြောက်လာဖို့ကိုလည်း ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။

ပရိသတ်တွေကလည်း ပိုပို အပေါ်မှာ အချစ် မလျော့သွားဘဲ အခုအချိန်အထိ အားပေး ချစ်ခင်နေကြတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း ပိုပိုရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ ပရိသတ်တွေ စုပေါင်းပြီး အလှူအတန်းတွေ ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ် ။

အလှူပုံတွေနဲ့ အတူ ” ၁၅ရက်နေ့မွေးနေ့အကြိုမှာတော့ဒလဘက်တံတားချောင်းကျေးရွာ မှာထမင်းနဲ့ ဘဲဥကုလားဟင်း စတုဒီသာကျွေးပြီး ၁၆ရက်နေ့ မွေးနေ့မှာတော့ မပိုပိုကိုယ်စား Admin တို့ က အလှူအတန်းတွေလုပ်ပေးဖြစ်ခဲ့ပါတယ် မင်းကိုလွမ်းမိမှာစိုးလို့” ဆိုပေမယ့် အားလုံးကိုလွမ်းအောင်လုပ်တဲ့ အမ နေကောင်းကျန်းမာပြီး ပျော်ရွှင်မှုတွေ အမြန်ဆုံးရပါစေလို့ ဆုတောင်းပေးပါတယ် မွေးနေ့

ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေနဲ့ ချစ်ရတဲ့ ပရိတ်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ် သတိရ ချစ်ခင်ပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ပါတယ် ” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Photo – Po Po

-Zawgyi Font ဖြင့်ဖတ်ရန် –

ပိုပိုရဲ့ မွေးနေ့လေးမှာ ပြုလုပ်ပေး ဖြစ်ခဲ့တဲ့ အလှူအတန်း ပုံရိပ်တွေ ကို အမှတ်တရ ဝေမျှပေးလာတဲ့ ပိုပိုရဲ့ ပရိသတ်များ







Photo – Po Po

Crd

Leave a Reply

Your email address will not be published.