ရှားတောမြို့နယ်က အန္တရာယ်ကွေ့တပ်စခန်းအား ဝင်ရောက်ပ စ် ခ တ် မှုတွင် KNDF ရဲဘော် (၃)ဦးကျဆုံး

News

ရှားတောမြို့နယ်က အန္တရာယ်ကွေ့တပ်စခန်းအား ဝင်ရောက်ပစ်ခတ်မှုတွင် KNDF ရဲဘော် (၃)ဦးကျဆုံး

ဧရာဝတီတိုင်းမ်

မေလ ၁၈ ရက်

ယမန်နေ့က ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့နယ်က စစ်ကောင်စီရဲ့ စခန်းတစ်ခုဖြစ်တဲ့ အန္တရာယ်ကွေ့စခန်း ကို KA, KNDF တို့ ပူးပေါင်းကာ ဝင်ရောက်ပစ်ခတ်ခဲ့မှုအတွင်း KNDF အဖွဲ့ဝင် (၃)ဦးကျဆုံးခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

၃ နာရီကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးသူအများအပြားရှိခဲ့ပြီး ကရင်နီတပ်မတော်(KA) နဲ့ KNDF တပ်ရင်း (၂) ၊ (၁၂) ၊ (၁၄) ၊ (၁၇) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ရှားတောမြို့နယ်အတွင်း ပထမဆုံးအကြိမ် စစ်ကောင်စီတပ်စခန်းအား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျဆုံး KNDF ရဲဘော် ၃ ဦးမှာKNDF တပ်ရင်း (၂) ရဲဘော်တစ်ဦး၊ တပ်ရင်း (၁၄)က ရဲဘော် နှစ်ဦး တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များက ရှားတော-လွိုင်ကော်လမ်းကိုအသုံးပြု၍ ရှားတော-လွိုင်ကော် သွားလာနေသောပြည်သူအချို့ထံမှ ရိက္ခာများမှာယူနေကြောင်းသိရှိခဲ့ရသည့်အတွက် KNDF B17 အနေဖြင့် ရှားတော-လွိုင်ကော်လမ်း မေလ ၁၆ ရက်နေ့မှ စတင်၍ ယာယီပိတ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – KNDF

Crd

Unicode

Leave a Reply

Your email address will not be published.