(မြန်မာ့ ရှေးဟောင်းကျမ်းစာတွေထဲမှာတော့ တိုင်းပြည်မှာ ထူးခြားကြီးမားတဲ့ အဖြစ်အပျက်တွေ မဖြစ်ခင်မှာ အခုလို နိမိတ်မျိုးပြလေ့ ရှိတယ်လို့ဆို)

Knowledge














Crd

Unicode

လာမယ့် တနင်္ဂနွေနေ့မှာ တကမ္ဘာလုံး မြင်တွေ့ရမယ့် အနီရောင်လ (မအလ ကျဆုံးမယ့် နိမိတ်ဆိုးလား???)

လာမယ့် တနင်္ဂနွေ နေ့မှာ လဟာ ကမ္ဘာဂြိုလ်နဲ့ တစ်တန်းတည်း နေရာသို့ ဝင်ရောက်လာကာ လ အပြည့်ကြတ်တာကို ကမ္ဘာတစ်ဝန်းက မြင်တွေ့ရမှာ ဖြစ်ကြောင်း အမေရိကန် အာကာသအေဂျင်စီ နာဆာ က ပြောကြားပါတယ်။

လဟာ ကမ္ဘာကြီးရဲ့ အရိပ်ထဲကို တနင်္ဂနွေ နေ့ ည ၉ နာရီ ခွဲပြီး နောက်ပိုင်း စတင် ဝင်ရောက်မှာ ဖြစ်ပြီး တစိတ်တပိုင်း လကြတ်တာကို စတင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ လရဲ့ တစိတ်တပိုင်း ကိုပဲ ကမ္ဘာကြီးရဲ့ အရိပ်က ဖုံးလွှမ်းထားမှာ ဖြစ်ကြောင်း နာဆာ ရဲ့ ဖော်ပြ ချက် အရ သိရပါတယ်။

ကမ္ဘာ့အရိပ်ထဲသို့ လတစိတ်တပိုင်း ဝင်ရောက်လာချိန်မှာ ဖြစ်ပေါ်မယ့် လတစိတ်တပိုင်း ကြတ်တာကို တနင်္ဂနွေ နေ့ ၁၀ နာရီ ခွဲ အထိ (အရှေ့တိုင်း စံတော်ချိန်) မြင်တွေ့ရမှာ ဖြစ်ပါတယ်။

လတစ်ခုလုံး ကမ္ဘာကြီးရဲ့ အရိပ်ထဲသို့ ဝင်ရောက်ချိန် လ အပြည့် ကြတ်ပြီး အနီရောင်လွှမ်းနေတဲ့ပုံစံကို ည ၁၁ နာရီ ခွဲပြီးချိန် နောက်ပိုင်းမှာ မြင်တွေ့ကြရမယ်လို့ နာဆာ က ပြောကြား ပါတယ်။

လ အပြည့် ကြတ်ခြင်းဟာ တနင်္လာနေ့ နံနက် ၁ နာရီ မထိုးခင် ပြီးဆုံးမှာ ဖြစ်ပြီး တစိတ်တပိုင်း လကြတ်မှုဟာ ၂နာရီ ခွဲ မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

အမေရိကန် အရှေ့ပိုင်းထက်ဝက်မှာ နေထိုင်သူတွေ နဲ့ တောင်အမေရိက မှာ နေထိုင်သူများ အားလုံးဟာ လကြတ်ခြင်း အဆင့် တစ်ဆင့်ချင်းစီကို မြင်တွေ့ကြရမှာ ဖြစ်ပြီး လ အပြည့် ကြတ်ခြင်းကို အာဖရိက ၊ အနောက်ဥရောပ ၊ ဗဟိုနဲ့ တောင်အမေရိက ၊ မြောက်အမေရိက ဒေသ အများစုက မြင်တွေ့ကြရမှာ ဖြစ်ကြောင်း နာဆာက ပြောကြားပါတယ်။

နေ ရယ် ကမ္ဘာ ရယ် လရယ် တစ်တန်းတည်း ကျနေတဲ့ အနေအထားမှာ လက ကမ္ဘာရဲ့ အရိပ်ထဲ ဝင်ရောက် ချိန်မှာ လကြတ် ခြင်း ဖြစ်ပေါ်ပါတယ်။

လကြတ်ချိန် ကမ္ဘာ့လေထုထဲမှာ တိမ်များ သို့မဟုတ် အမှုန်အမွှားများ ပို ရှိလေလေ လရဲ့ အရောင်ဟာ ပိုနီမြန်း လာလေ ဖြစ်ကြောင်း နာဆာ က ပြောကြား ပါတယ်။

သိပ္ပံပညာရပ်ကတော့ လေထုထဲက အမှုန်အမွှားတွေကြောင့် လဟာ အနီရောင် ဖြစ်တယ်လို့ ပြောထားပေမယ့် မြန်မာ့ရိုးရာ အယူအဆတွေအရတော့ လကို အနီရောင် လွှမ်းခြင်းဟာ နိမိတ်ပြတဲ့ လက္ခဏာ တခု ဖြစ်ပါတယ်။

တိုင်းပြည်မှာ ထူးခြားတဲ့ ပြောင်းလဲမှု ဖြစ်နိုင်ခြင်း၊ မင်းပြောင်း မင်းလွှဲ ဖြစ်နိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရခြင်းစတဲ့ ကြီးမားတဲ့ အဖြစ်အပျက်တွေ မဖြစ်ခင်မှာ အခုလို နိမိတ်မျိုး ပြလေ့ ရှိတယ်လို့ မြန်မာ့ရှေးဟောင်း ကျမ်းစာတွေထဲမှာ အတိအလင်း ရေးသားထားပါတယ်။

အဲဒါကြောင့် ယခုလို ဖြစ်တောင့်ဖြစ်ခဲ အနီရောင်လွှမ်းတဲ့ လ နိမိတ် ဖြစ်ပေါ်လာပြီးတဲ့နောက် မြန်မာပြည်မှာ ဘယ်လို အပြောင်းအလဲတွေ ကြုံရဦးမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။လာမယ့် တနင်္ဂနွေနေ့မှာ တကမ္ဘာလုံး မြင်တွေ့ရမယ့် အနီရောင်လ (မအလ ကျဆုံးမယ့် နိမိတ်ဆိုးလား???)

လာမယ့် တနင်္ဂနွေ နေ့မှာ လဟာ ကမ္ဘာဂြိုလ်နဲ့ တစ်တန်းတည်း နေရာသို့ ဝင်ရောက်လာကာ လ အပြည့်ကြတ်တာကို ကမ္ဘာတစ်ဝန်းက မြင်တွေ့ရမှာ ဖြစ်ကြောင်း အမေရိကန် အာကာသအေဂျင်စီ နာဆာ က ပြောကြားပါတယ်။

လဟာ ကမ္ဘာကြီးရဲ့ အရိပ်ထဲကို တနင်္ဂနွေ နေ့ ည ၉ နာရီ ခွဲပြီး နောက်ပိုင်း စတင် ဝင်ရောက်မှာ ဖြစ်ပြီး တစိတ်တပိုင်း လကြတ်တာကို စတင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ လရဲ့ တစိတ်တပိုင်း ကိုပဲ ကမ္ဘာကြီးရဲ့ အရိပ်က ဖုံးလွှမ်းထားမှာ ဖြစ်ကြောင်း နာဆာ ရဲ့ ဖော်ပြ ချက် အရ သိရပါတယ်။

ကမ္ဘာ့အရိပ်ထဲသို့ လတစိတ်တပိုင်း ဝင်ရောက်လာချိန်မှာ ဖြစ်ပေါ်မယ့် လတစိတ်တပိုင်း ကြတ်တာကို တနင်္ဂနွေ နေ့ ၁၀ နာရီ ခွဲ အထိ (အရှေ့တိုင်း စံတော်ချိန်) မြင်တွေ့ရမှာ ဖြစ်ပါတယ်။

လတစ်ခုလုံး ကမ္ဘာကြီးရဲ့ အရိပ်ထဲသို့ ဝင်ရောက်ချိန် လ အပြည့် ကြတ်ပြီး အနီရောင်လွှမ်းနေတဲ့ပုံစံကို ည ၁၁ နာရီ ခွဲပြီးချိန် နောက်ပိုင်းမှာ မြင်တွေ့ကြရမယ်လို့ နာဆာ က ပြောကြား ပါတယ်။

လ အပြည့် ကြတ်ခြင်းဟာ တနင်္လာနေ့ နံနက် ၁ နာရီ မထိုးခင် ပြီးဆုံးမှာ ဖြစ်ပြီး တစိတ်တပိုင်း လကြတ်မှုဟာ ၂နာရီ ခွဲ မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

အမေရိကန် အရှေ့ပိုင်းထက်ဝက်မှာ နေထိုင်သူတွေ နဲ့ တောင်အမေရိက မှာ နေထိုင်သူများ အားလုံးဟာ လကြတ်ခြင်း အဆင့် တစ်ဆင့်ချင်းစီကို မြင်တွေ့ကြရမှာ ဖြစ်ပြီး လ အပြည့် ကြတ်ခြင်းကို အာဖရိက ၊ အနောက်ဥရောပ ၊ ဗဟိုနဲ့ တောင်အမေရိက ၊ မြောက်အမေရိက ဒေသ အများစုက မြင်တွေ့ကြရမှာ ဖြစ်ကြောင်း နာဆာက ပြောကြားပါတယ်။

နေ ရယ် ကမ္ဘာ ရယ် လရယ် တစ်တန်းတည်း ကျနေတဲ့ အနေအထားမှာ လက ကမ္ဘာရဲ့ အရိပ်ထဲ ဝင်ရောက် ချိန်မှာ လကြတ် ခြင်း ဖြစ်ပေါ်ပါတယ်။

လကြတ်ချိန် ကမ္ဘာ့လေထုထဲမှာ တိမ်များ သို့မဟုတ် အမှုန်အမွှားများ ပို ရှိလေလေ လရဲ့ အရောင်ဟာ ပိုနီမြန်း လာလေ ဖြစ်ကြောင်း နာဆာ က ပြောကြား ပါတယ်။

သိပ္ပံပညာရပ်ကတော့ လေထုထဲက အမှုန်အမွှားတွေကြောင့် လဟာ အနီရောင် ဖြစ်တယ်လို့ ပြောထားပေမယ့် မြန်မာ့ရိုးရာ အယူအဆတွေအရတော့ လကို အနီရောင် လွှမ်းခြင်းဟာ နိမိတ်ပြတဲ့ လက္ခဏာ တခု ဖြစ်ပါတယ်။

တိုင်းပြည်မှာ ထူးခြားတဲ့ ပြောင်းလဲမှု ဖြစ်နိုင်ခြင်း၊ မင်းပြောင်း မင်းလွှဲ ဖြစ်နိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရခြင်းစတဲ့ ကြီးမားတဲ့ အဖြစ်အပျက်တွေ မဖြစ်ခင်မှာ အခုလို နိမိတ်မျိုး ပြလေ့ ရှိတယ်လို့ မြန်မာ့ရှေးဟောင်း ကျမ်းစာတွေထဲမှာ အတိအလင်း ရေးသားထားပါတယ်။

အဲဒါကြောင့် ယခုလို ဖြစ်တောင့်ဖြစ်ခဲ အနီရောင်လွှမ်းတဲ့ လ နိမိတ် ဖြစ်ပေါ်လာပြီးတဲ့နောက် မြန်မာပြည်မှာ ဘယ်လို အပြောင်းအလဲတွေ ကြုံရဦးမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Crd

Leave a Reply

Your email address will not be published.