သီတဂူဆရာတော်မှ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် (အမေရိကန်ကော်မရှင်အဖွဲ့) အား ပြောင်မြောက် ပြတ်သားသောစကားမိန့် “

News

သီတဂူဆရာေတာ္မွႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ (အေမရိကန္ေကာ္မရွင္အဖြဲ႕) အား
ေျပာင္ေျမာက္ ျပတ္သားေသာစကားမိန႔္ ”

သီတဂူဆရာေတာ္မိန႔္သည့္စကား(Religion for Peace and Freedom from Fear)လူႀကီးမင္းမ်ားခင္ဗ်ား၊ေကာင္းေသာနံနက္ခင္းပါ။သီတဂူကမာၻ႔ဗုဒၶတကၠသိုလ္က ရင္းႏွီးစြာ ႀကိဳဆိုပါတယ္။

ေတြ႕ဆုံခြင့္၊ စကားေျပာဆိုေဆြးေႏြးခြင့္ရလို႔ ဝမ္းသာပါတယ္။ယေန႔ကမာၻေပၚမွာ လူသားတို႔ကိုးကြယ္ရာ အဓိကက်ေသာဘာသာႀကီး(၆)ခု ရွိၾကပါတယ္။

ကမာၻဦးလူသားေတြ ေျမႀကီးေပၚေရာက္လာတဲ့ အခ်ိန္ကစၿပီး လူသားတို႔သည္ ေၾကာက္စိတ္ကို အေျခခံ၍ ေနကိုကိုးကြယ္ျခင္း၊ လကိုကိုးကြယ္ျခင္း၊ နတ္အမ်ိဳးမ်ိဳးကိုကိုးကြယ္ျခင္းတို႔ ရွိခဲ့ၾကပါတယ္။ အဲဒါကို Primitive Religion လို႔ေခၚပါတယ္။

အဲဒီေခတ္မွာ ျဖစ္ေပၚလာခဲ့တဲ့ Religionေတြကို ေၾကာက္စိတ္က စတယ္လို႔ ပညာရွိအမ်ားစုတို႔က ဆိုၾကပါတယ္။

အေၾကာက္တရားေတြမွ သက္သာရာရေစဖို႔ ကိုးကြယ္မႈဆိုင္ရာ အယူအဆေတြ စတင္ခဲ့ၾကတာလို႔ ဗုဒၶကလည္း အတိအလင္း ေျပာထားပါတယ္။

ဒါဆိုရင္ ဘာသာတရားတိုင္းဟာ လူသားေတြရဲ႕ရင္ထဲက အေၾကာက္တရားေတြကို သက္သာရာ ရေစဖို႔နဲ႔ ျဖစ္ႏိုင္ရင္ အေၾကာက္တရားေတြကို လုံးဝဖယ္ရွားေပးဖို႔ တာဝန္ရွိပါတယ္။

ဒါေပမယ့္ ဒီေန႔ေခတ္မွာေတာ့ ေၾကာက္စရာေကာင္းတဲ့ ဘာသာတရားတခ်ိဳ႕နဲ႔ ေၾကာက္စရာ ေကာင္းတဲ့ ဘာသာဝင္တခ်ိဳ႕ ေပၚေပါက္လာတာဟာ အလြန္ပဲ ဝမ္းနည္းစရာေကာင္းပါတယ္။ Primitive Religionေတြရဲ႕ ေနာက္မွာေတာ့ ဟိႏၵဴဘာသာ ေပၚေပါက္လာပါတယ္။

ဟိႏၵဴဘာသာ ထြန္းကားတဲ့ နယ္ေျမမွာ ဂ်ိန္းဘာသာရယ္လို႔ ေပၚေပါက္လာျပန္တယ္။ဂ်ိန္းဘာသာ ေပၚေပါက္လာၿပီးသည့္ေနာက္ အႏွစ္ေလးဆယ္ေလာက္အၾကာမွာ ဗုဒၶဘာသာ ေပၚေပါက္ခဲ့ျပန္ပါတယ္။

ဗုဒၶဘာသာဟာ ဟိႏၵဴဘာသာႏွင့္ ဂ်ိန္းဘာသာဝင္တို႔ရဲ႕ နယ္ေျမမွာေပၚေပါက္ခဲ့ၿပီး ဟိႏၵဴဘာသာဝင္ေတြ ဂ်ိန္းဘာသာဝင္ေတြႏွင့္ ႏွစ္ေပါင္းမ်ားစြာ အတူတကြၿငိမ္းခ်မ္းစြာ ယွဥ္တြဲ ေနထိုင္လာခဲ့ၾကပါတယ္။

ဂ်ိန္း၊ ဟိႏၵဴႏွင့္ ဗုဒၶဘာသာဝင္တို႔ရဲ႕သမိုင္းမွာ အခ်င္းခ်င္းေသြးထြက္သံယို တိုက္ခိုက္သတ္ျဖတ္ႏွိပ္စက္တဲ့ ပဋိပကၡေတြ ျဖစ္ခဲ့ဘူးတယ္ရယ္လို႔ မရွိခဲ့ဖူးပါဘူး။ဟိႏၵဴဘာသာဝင္တို႔က ဗုဒၶဟာ ဗိႆႏိုးဝင္စားတဲ့သူလို႔ ဆိုတာေတာင္မွ ျပန္လွန္တိုက္ခိုက္ျခင္း ပဋိပကၡမ်ိဳး မရွိခဲ့ပါဘူး။

ေဟာေျပာေရးသား တုန႔္ျပန္ေခ်ပတာေလာက္ပဲ ရွိခဲ့ပါတယ္။ဗုဒၶ၏ေနာက္ အႏွစ္ေျခာက္ရာေက်ာ္ၾကာေတာ့ Jesus Christ ေပၚေပါက္လာပါခဲ့တယ္။Jesus Christ ေဟာျပတဲ့ ပညတ္ေတာ္(၁၀)ပါးမွာ ဗုဒၶေဟာျပေသာသီလတရား ျဗဟၼစရိယတရားေတြႏွင့္ ထပ္တူညီမွ်တဲ့ အခ်က္ေတြ မ်ားစြာေတြ႕ရပါတယ္။

ခရစ္ယာန္သာသနာျပဳတို႔ အေရွ႕အာရွဘက္ကို ဝင္ေရာက္လာၾကေတာ့ ဟိႏၵဴဘာသာဝင္ေတြ ဗုဒၶဘာသာဝင္ေတြရဲ႕ ႏိုင္ငံမ်ားျဖစ္ၾကတဲ့ အိႏၵိယ၊ သီဟိုဠ္၊ ဗမာ၊ ထိုင္း၊ ကိုးရီးယား၊ ဂ်ပန္ စတဲ့ ႏိုင္ငံေတြမွာ ဝင္ေရာက္ၿပီး ခရစ္ယာန္သာသနာကို ျဖန႔္ခ်ီခဲ့ၾကပါတယ္။

အဲဒီခရစ္ယာန္သာသနာျပဳေတြႏွင့္ သူတို႔ေရာက္ရာ တိုင္းျပည္အသီးသီးက ဗုဒၶဘာသာဝင္ေတြ ဟိႏၵဴ ဘာသာဝင္ေတြဟာ အခ်င္းခ်င္း ခ်စ္ခင္ရင္းႏွီးစြာ ဆက္ဆံေပါင္းသင္း၍ ေနထိုင္ခဲ့ၾကပါတယ္။
ပဋိပကၡရယ္လို႔ မရွိခဲ့ၾကပါဘူး။

အဲဒါဘာေၾကာင့္လည္းဆိုေတာ့ ဟိႏၵဴဘာသာ၊ ဗုဒၶဘာသာ၊ ဂ်ိန္းဘာသာ၊ ခရစ္ယာန္ဘာသာဝင္ေတြဟာ သူတို႔သက္ဆိုင္ရာဘာသာတရား အသီးသီးမွာ ေဟာထားတဲ့ သီလ(morality)၊ ေမတၱာ (loving-kindness)၊ က႐ုဏာ(compassion)ဆိုတဲ့ common-platformေပၚမွာ အတူတကြ လက္တြဲ ေလွ်ာက္လွမ္းေနၾကတဲ့အတြက္ပဲ ျဖစ္ပါတယ္။

ေမတၱာႏွင့္က႐ုဏာကို အေျခခံေသာဘာသာေရးမွာ ပဋိပကၡကင္းၿပီးေတာ့ က်န္းမာေရး ပညာေရး အစရွိတဲ့ လူမႈေရးအက်ိဳးစီးပြားေတြကိုသာ ေဆာင္႐ြက္ၾကတာျဖစ္ပါတယ္။

ခရစ္ယာန္ေတြ ဗုဒၶဘာသာထဲ ကူးေျပာင္းဝင္ေရာက္ၾကတာေတြ အတိတ္မွာေရာ ပစၥဳပၸန္မွာပါ အမ်ားႀကီးရွိပါတယ္။ဗုဒၶဘာသာဝင္ေတြက အတင္းအၾကပ္ႏွိပ္စက္လို႔ ဝင္လာၾကတာမ်ိဳး မဟုတ္ပါဘူး။

ဗုဒၶဘာသာဝင္ေတြ ခရစ္ယာန္ဘာသာထဲ ကူးေျပာင္းဝင္ေရာက္ၾကတာလည္း ကြၽႏ္ုပ္တို႔ျမန္မာႏိုင္ငံထဲမွာ အမ်ားအျပားပဲ ရွိပါတယ္။ခရစ္ယာန္ေတြကၿခိမ္းေျခာက္လို႔ ဝင္ေရာက္ၾကတာမဟုတ္ပါဘူး။ သူတို႔ဆႏၵနဲ႔ သူတို႔ ဝင္ေရာက္ၾကတာျဖစ္ပါတယ္။

မည္သည့္ဘာသာမဆိုလြတ္လပ္စြာ ယုံၾကည္ ကိုးကြယ္ခြင့္ freedom of worship, freedom of belief ဆိုတာရွိပါတယ္။Aggressiveness and extremism ဝါဒဟာ ဘာသာေရးမွာေရာ ႏိုင္ငံေရးမွာပါ ပဋိပကၡ ျဖစ္ျခင္းရဲ႕ အစလို႔ အားလုံးသတိျပဳၾကရမွာ ျဖစ္ပါတယ္။

ဒီကေန႔ အီရတ္မွာ အစၥလာမ္းမစ္ အစြန္းေရာက္ေတြက ေရွးေဟာင္း Zoroastrianism ဘာသာဝင္ေတြကို ေသနတ္ႏွင့္ခ်ိန္ၿပီးေတာ့ သူတို႔ဘာသာထဲ အတင္းအက်ပ္ ဝင္ခိုင္းေနပါတယ္။

အစၥလာမ္ဘာသာထဲ မေျပာင္းရင္ သတ္မယ္လို႔ ၿခိမ္းေျခာက္ေနပါတယ္။ အာဖရိကမွာေတာ့ အစၥလာမ္ဘာသာဝင္ အမ်ိဳးသမီးတစ္ေယာက္ ခရစ္ယာန္ဘာသာထဲ ဝင္ခဲ့ေရာက္လို႔ ေသဒဏ္ေပးခံရတဲ့ သတင္းကိုလည္း ၾကားရပါတယ္။

ဒါေၾကာင့္ ဒို႔အေရွ႕အာရွကအင္အားခ်ိနဲ႔တဲ့ ဗုဒၶဘာသာဝင္ႏိုင္ငံေလးေတြဟာ ယေန႔အရွိန္အဟုန္နဲ႔ ႀကီးမား က်ယ္ျပန႔္လာတဲ့ အစၥလာမ္ဘာသာဝင္ေတြရဲ႕ ဓါးေအာက္ က်ေရာက္ရမွာကို ေၾကာက္႐ြံ႕ စိုးရိမ္ ေနၾကပါတယ္။အႏွစ္ေလးဆယ္ၾကာ ခ႐ူးဆိတ္ ဘာသာေရး စစ္ပြဲႀကီးကို ၾကည့္ပါ။ ကမာၻ႔သမိုင္းမွာ မွတ္တမ္းတင္ရတဲ့ စစ္ပြဲႀကီးတစ္ခုပါ။

ေအဒီ-(၁၃ရာစု)ႏွစ္ေလာက္က တူရကီမွအိႏၵိယျပည္ႀကီးကို ျဖတ္သန္းခ်ီတက္လာတဲ့ မြတ္စလင္စစ္တပ္ႀကီးဟာ ပါလေခၚတဲ့ ဗုဒၶဘာသာႏိုင္ငံႀကီးတစ္ခုလုံးကို တိုက္ခိုက္ဖ်က္ဆီး၍ အတင္း အက်ပ္ အစၥလာမ္းမစ္ႏိုင္ငံအျဖစ္ ေျပာင္းခဲ့တဲ့ သမိုင္းတစ္ခုရွိခဲ့ပါတယ္။

ဗုဒၶဘာသာမင္းဆက္ေပါင္း ၁၂-ဆက္ မွ်အုပ္ခ်ဳပ္ခဲ့တဲ့ ပါလဗုဒၶဘာသာႏိုင္ငံေတာ္ႀကီးဟာ ဒီကေန႔ ကမာၻေက်ာ္တဲ့ ဘဂၤလားေဒ့ရွ္ ႏိုင္ငံပါပဲ။

ဖိလစ္ပိုင္ ႏိုင္ငံေတာင္ပိုင္းမွာ အစၥလာမ္ဘာသာဝင္ေတြ လက္နက္ကိုင္ တိုက္ခိုက္ခဲ့တာ အႏွစ္ႏွစ္ဆယ္ေလာက္ ၾကာခဲ့ပါတယ္။ ဒီကေန႔ မြတ္စလင္ Muslim State ထူေထာင္လိုက္ပါၿပီ။

ထိုင္းႏိုင္ငံ ေတာင္ပိုင္းမွာလည္း အစၥလာမ္ဘာသာဝင္ေတြ ဒီကေန႔ လက္နက္ကိုင္တိုက္ခိုက္ ေနၾကပါၿပီ။
မူစလင္ ႏိုင္ငံထူေထာင္ေရးပါပဲ။

ဘာသာေရးကို သန႔္သန႔္ရွင္းရွင္း၊ လူတို႔ရဲ႕အက်င့္စာရိတၱ ေကာင္းမြန္ေရး၊ စိတ္ထားျဖဴစင္ေရးနဲ႔ လူမႈေရး ေကာင္းရာေကာင္းက်ိဳးေတြအတြက္သာ အသုံးျပဳရမွာ ျဖစ္ေပမယ့္ ဒီကေန႔ အစၥလာမ္ဘာသာဝင္ေတြရဲ႕ ေလာကမွာ ဘာသာေရးစစ္ပြဲဆင္ႏႊဲၿပီးေတာ့ အစၥလာမ္းမစ္ႏိုင္ငံထူေထာင္ဖို႔ လုပ္ေနၾကတာဟာ အလြန္ပဲစိတ္ပ်က္ဝမ္းနည္းဖြယ္ရာ ေကာင္းပါတယ္။

ကြၽႏ္ုပ္တို႔ ျမန္မာနိင္ငံဟာ ၁၉၄၈-ခုႏွစ္က အဂၤလိပ္လက္ေအာက္က လြတ္ေျမာက္ခဲ့ပါတယ္။ အဂၤလိပ္က ကြၽႏ္ုပ္တို႔ႏိုင္ငံကို အႏွစ္တစ္ရာနီးပါးအုပ္ခ်ဳပ္ခဲ့တယ္။

အဲဒီအဂၤလိပ္ေတြက ျမန္မာႏိုင္ငံမွာ ကားလမ္း ရထားလမ္းေဖာက္ျခင္းစတဲ့ အလုပ္ေတြအတြက္ အလုပ္သမားေတြကိုအိႏၵိယႏွင့္ ဘဂၤလားေဒ့ရ္ွကေနၿပီး စည္းမဲ့ကမ္းမဲ့ဥပေဒကင္းမဲ့စြာနဲ႔ ေျမာက္မ်ားစြာ တင္သြင္းခဲ့တယ္။

အေမရိကန္ေတြ United Statesကို ထူေထာင္ခဲ့စဥ္တုန္းက အာဖရိကကလူမည္းေတြကို ေက်းကြၽန္အျဖစ္ ေခၚသြင္းခဲ့ၾကသလိုပါပဲ။

ၿပီးေတာ့ အဂၤလိပ္ရဲ႕ အုပ္ခ်ဳပ္မႈစနစ္ဟာ ျမန္မာႏိုင္ငံ အနာဂတ္ဆိုးက်ိဳးကို မ်ားစြာျဖစ္ေစခဲ့တဲ့ အခ်က္တစ္ခု ရွိပါေသးတယ္။အဂၤလိပ္အုပ္ခ်ဳပ္ခဲ့တဲ့ အႏွစ္တစ္ရာအတြင္းမွာ ဗမာ့တပ္မေတာ္ရယ္လို႔ ဗမာေတြကို စစ္တပ္ဖြဲ႕၍ အုပ္ခ်ဳပ္ခဲ့တာမရွိပါဘူး။

ဒါေပမယ့္ အံ့ၾသစရာ ေကာင္းတာက ကရင္တပ္မေတာ္ ကခ်င္တပ္မေတာ္ ခ်င္းတပ္မေတာ္ ကယားတပ္မေတာ္ေတြရယ္လို႔ ခရစ္ယာန္ဘာသာဝင္အမ်ားစုျဖစ္ၾကတဲ့ တိုင္းရင္းသားေတြကို စစ္တပ္ဖြဲ႕ၿပီး ဒို႔ဗမာႏိုင္ငံကို အုပ္ခ်ဳပ္ခဲ့ၾကတယ္။

အဂၤလိပ္အစိုးရအဂၤလန္ျပန္သြားတဲ့အခါမွာ သူတို႔ဖြဲ႕ထားခဲ့တဲ့ ကရင္တပ္ေတြ ကခ်င္တပ္ေတြ ကယားတပ္ေတြ အားလုံးသူပုန္ထၿပီး ဗမာအစိုးရကို ေတာ္လွန္ၾကေတာ့တာပါပဲ။

အဲဒီျပႆနာေတြကို ဒီကေန႔တိုင္ ဒို႔ႏိုင္ငံမွာေျဖရွင္းလို႔ မရေသးပါဘူး။ အဲဒါဟာလြတ္ေျမာက္ၿပီးစ ဒို႔လို ကိုလိုနီႏိုင္ငံေလးမ်ားရဲ႕ ခံစားရစၿမဲျဖစ္တဲ့ ဒုကၡေတြပါပဲ။ ေနာက္တစ္ခုရွိေသးတယ္၊၊

ရခိုင္ျပည္နယ္တစ္ခြင္မွာ အဂၤလိပ္အုပ္ခ်ဳပ္ခဲ့တဲ့ အႏွစ္တစ္ရာနီးပါးမွ်ကာလပတ္လုံး ဥေပဒမဲ့ ဝင္ေရာက္ေနထိုင္ခဲ့ၾကတဲ့ ဘဂၤါလီေတြဟာ (၁၉၄၈-၄၉) ခုႏွစ္မ်ားမွာ မူဂ်ာဟစ္အမည္နဲ႔ သူပုန္ထၿပီးေတာ့ ျပည္နယ္ေတာင္းခဲ့ၾကတယ္။ Musulim State ထူေထာင္ဖို႔ ႀကိဳးစားခဲ့ၾကတယ္။

အဲဒီအစၥလာမ္မစ္ မူဂ်ာဟစ္သူပုန္ေတြကို ဗမာ့တပ္မေတာ္ဟာ အႀကိတ္အနယ္ တိုက္ခိုက္ခဲ့ရဖူးပါတယ္။

ဒီကေန႔ေတာ့ သူတို႔ဟာ ဘဂၤါလီလို႔လည္းမေျပာဘူး။ မူဂ်ာဟစ္လို႔လည္း မေျပာဘူး။ ႐ိုဟင္ဂ်ာလို႔ ေၾကညာၿပီးေတာ့ သူတို႔ကိုယ္တိုင္ သူတို႔အိမ္ေတြကို မီးရႈိ႕ၿပီးေတာ့ သူပုန္ထဖို႔၊ သီးျခားနယ္ေျမေတာင္းဖို႔ ႀကိဳးစားေနၾကပါတယ္။

ဒို႔တေတြက ကမာၻမွာဒုတိယအင္အားအႀကီးမားဆုံး ေငြေၾကးအႂကြယ္ဝဆုံး ျဖစ္တဲ့ အစၥလာမ္ကမာၻကို မၿပိဳင္ႏိုင္ၾကဘူး၊ မယွဥ္ႏိုင္ၾကဘူး။ ကုလသမဂၢ အဖြဲ႕ဝင္ႏိုင္ငံ ေတြထဲမွာေတာင္ အစၥလာမ္းမစ္ႏိုင္ငံေတြက ဒုတိယေနရာအမ်ားဆုံးမွာ ေရာက္ေနၾကၿပီ။

မီဒီယာေလာကမွာလည္း Money Powerနဲ႔ မီဒီယာေတြအေပၚမွာ လႊမ္းမိုးလို႔ေနပါၿပီ။ Money Powerအားေကာင္းတဲ့ အစၥလာမ္ေတြက ကမာၻမွာ ေရဒီယို တယ္လီေဗးရွင္းနဲ႔ ဂ်ာနယ္ ေတာ္ေတာ္ မ်ားမ်ားကို ဆုပ္ကိုင္ထားၿပီး ျဖစ္ေနပါတယ္။

အဲဒီလို ၾသဇာအာဏာႀကီးမားတဲ့ မီဒီယာေလာကကို ဒို႔ဆင္းရဲတဲ့ဗမာႏိုင္ငံေလးဟာ ထိုးေဖာက္ႏိုင္ျခင္းမရွိလို႔ ဗမာကေျပာသမွ် ကမာၻကမယုံဘူး။

အစၥလာမ္ကေျပာလိုက္ရင္ တစ္ကမာၻလုံး တအုန္းအုန္းျဖစ္ေနၾကတယ္။
ဒို႔ႏိုင္ငံေတာ္ရဲ႕ ဂုဏ္သတင္းဟာ ကမာၻမွာ မေကာင္းဘဲျဖစ္ေနတာဟာ အစၥလာမ္မီဒီယာေတြရဲ႕ ၾသဇာအာဏာေၾကာင့္ပဲျဖစ္တယ္။

ဒါေၾကာင့္ ဒို႔ကေတာ့ ျမတ္ဗုဒၶဆုံးမတဲ့အတိုင္း favour ႏွင့္ fear အစြန္းႏွစ္ဘက္က လြတ္ေအာင္ေရွာင္ၿပီး ဒို႔တိုင္းျပည္နဲ႔ဒို႔လူမ်ိဳးကို ဓမၼဓိဌာန္က်က် ေစာင့္ေရွာက္ကာကြယ္သြားမည္ ျဖစ္ေၾကာင္းေျပာၾကားလို ပါတယ္။

လူႀကီးမင္းမ်ားခင္ဗ်ား နိဂုံးခ်ဳပ္အားျဖင့္ ေျပာၾကားလိုတာကေတာ့ ကြၽႏ္ုပ္တို႔ ျမန္မာႏိုင္ငံဟာ အဂၤလိပ္ကိုလိုနီဘဝနဲ႔ ႏွစ္ေပါင္းတစ္ရာနီးပါးေနခဲ့ၾကရတဲ့ အတြက္ေၾကာင့္လည္းေကာင္း၊လြတ္လပ္ေရးရၿပီးတဲ့အခါမွာလည္း ႏွစ္ေပါင္း ေျခာက္ဆယ္နီးပါး ျပည္တြင္းမွာ လူမ်ိဳးေရးစစ္ပြဲေတြ ျဖစ္ပြားခဲ့ရတဲ့အတြက္ေၾကာင့္လည္းေကာင္း ကြၽႏ္ုပ္တို႔ျမန္မာႏိုင္ငံဟာ အခက္အခဲေပါင္းမ်ားစြာနဲ႔ ႀကဳံေတြ႕ေနၾကရပါတယ္။

ဤအခက္အခဲမ်ားကို ကူညီေျဖရွင္းေပးမည္ဟု ျပည္ပအဖြဲ႕အစည္း အကူအညီေတြလာၾကေသာ္လည္း ျပႆနာေတြ ေျပလည္မသြားဘဲ ပိုမိုခက္ခဲေအာင္ လုပ္သြားခဲ့ၾကတာေတြ ရံခါမွာေတြ႕ရပါတယ္။

သို႔ျဖစ္ျခင္းေၾကာင့္ ကြၽႏ္ုပ္ ဒီေန႔ေျပာၾကားလိုသည္မွာ ထိုအခက္အခဲျပႆနာမ်ားကို ခင္ဗ်ားတို႔တတ္ႏိုင္သည့္ဘက္က ဝိုင္းဝန္းေျဖရွင္းေပးၾကပါလို႔ ကြၽႏ္ုပ္ ေမတၱာရပ္ခံလိုပါတယ္။

ေနာက္တစ္ခုေျပာခ်င္တာက – လူမ်ိဳးေရးစစ္ပြဲေတြ ခ်ဳပ္ၿငိမ္းသြားေစဖို႔ ကြၽႏ္ုပ္တို႔အစိုးရက စားပြဲဝိုင္းမွာ ေတြ႕ဆုံေဆြးေႏြးျခင္းျဖင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးတည္ေဆာက္ေနတဲ့အခ်ိန္မွာ ႏိုင္ငံေရး အစြန္း ေရာက္ႏွင့္ ဘာသာေရးအစြန္းေရာက္တခ်ိဳ႕က ဘာသာေရးပဋိပကၡမ်ားျဖစ္ေအာင္ လႈံ႕ေဆာ္ဖန္တီး ေနၾကတာကိုလည္း ေတြ႕ေနၾကရပါတယ္။

ဤပဋိပကၡမ်ားကို ၿငိမ္းခ်မ္းသြားေအာင္ ဝိုင္းဝန္း ေျဖရွင္းေပးၾကဖို႔ ေမတၱာရပ္ခံပါတယ္။ၿငိမ္းခ်မ္းေအာင္ ေျဖရွင္းေပးရာမွာ နည္းစနစ္ဟာ အလြန္ အေရးႀကီးပါတယ္။ေျဖရွင္းရင္း ေျဖရွင္းရင္းျဖင့္ ပို၍ပို၍ ရႈတ္ေထြးမသြားေအာင္ သတိျပဳၾကဖို႔ လိုပါတယ္။

ကြၽႏ္ုပ္တို႔ကလည္း ဗုဒၶဘာသာဗမာပီပီ ျမတ္ဗုဒၶရဲ႕အဆုံးအမအတိုင္း သည္းခံျခင္း၊ ခြင့္လႊတ္ျခင္း၊ သူတပါးအက်ိဳး ေဆာင္႐ြက္ျခင္း၊ ကိုယ္က်ိဳးစီးပြားစြန႔္လြတ္ျခင္း၊ က်ိဳးေၾကာင္းဆင္ျခင္ သုံးသပ္ျခင္းဆိုတဲ့ ခႏၲီ ေမတၱာ သတိ ပညာ ႀကီးႀကီးထား၍ ဤဘာသာေရး ျပႆနာမ်ားကို အၾကမ္းဖက္ျခင္း လုံးဝကင္းလွ်က္ ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။အားလုံးကိုေက်းဇူးတင္ပါတယ္။အားလုံး ၿငိမ္းခ်မ္းသာယာရွိၾကပါေစ။

Crd

Unicode

သီတဂူဆရာတော်မှနိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် (အမေရိကန်ကော်မရှင်အဖွဲ့) အား
ပြောင်မြောက် ပြတ်သားသောစကားမိန့် ”

သီတဂူဆရာတော်မိန့်သည့်စကား(Religion for Peace and Freedom from Fear)လူကြီးမင်းများခင်ဗျား၊ကောင်းသောနံနက်ခင်းပါ။သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရင်းနှီးစွာ ကြိုဆိုပါတယ်။

တွေ့ဆုံခွင့်၊ စကားပြောဆိုဆွေးနွေးခွင့်ရလို့ ဝမ်းသာပါတယ်။ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ကိုးကွယ်ရာ အဓိကကျသောဘာသာကြီး(၆)ခု ရှိကြပါတယ်။

ကမ္ဘာဦးလူသားတွေ မြေကြီးပေါ်ရောက်လာတဲ့ အချိန်ကစပြီး လူသားတို့သည် ကြောက်စိတ်ကို အခြေခံ၍ နေကိုကိုးကွယ်ခြင်း၊ လကိုကိုးကွယ်ခြင်း၊ နတ်အမျိုးမျိုးကိုကိုးကွယ်ခြင်းတို့ ရှိခဲ့ကြပါတယ်။ အဲဒါကို Primitive Religion လို့ခေါ်ပါတယ်။

အဲဒီခေတ်မှာ ဖြစ်ပေါ်လာခဲ့တဲ့ Religionတွေကို ကြောက်စိတ်က စတယ်လို့ ပညာရှိအများစုတို့က ဆိုကြပါတယ်။

အကြောက်တရားတွေမှ သက်သာရာရစေဖို့ ကိုးကွယ်မှုဆိုင်ရာ အယူအဆတွေ စတင်ခဲ့ကြတာလို့ ဗုဒ္ဓကလည်း အတိအလင်း ပြောထားပါတယ်။

ဒါဆိုရင် ဘာသာတရားတိုင်းဟာ လူသားတွေရဲ့ရင်ထဲက အကြောက်တရားတွေကို သက်သာရာ ရစေဖို့နဲ့ ဖြစ်နိုင်ရင် အကြောက်တရားတွေကို လုံးဝဖယ်ရှားပေးဖို့ တာဝန်ရှိပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကြောက်စရာကောင်းတဲ့ ဘာသာတရားတချို့နဲ့ ကြောက်စရာ ကောင်းတဲ့ ဘာသာဝင်တချို့ ပေါ်ပေါက်လာတာဟာ အလွန်ပဲ ဝမ်းနည်းစရာကောင်းပါတယ်။ Primitive Religionတွေရဲ့ နောက်မှာတော့ ဟိန္ဒူဘာသာ ပေါ်ပေါက်လာပါတယ်။

ဟိန္ဒူဘာသာ ထွန်းကားတဲ့ နယ်မြေမှာ ဂျိန်းဘာသာရယ်လို့ ပေါ်ပေါက်လာပြန်တယ်။ဂျိန်းဘာသာ ပေါ်ပေါက်လာပြီးသည့်နောက် အနှစ်လေးဆယ်လောက်အကြာမှာ ဗုဒ္ဓဘာသာ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။

ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနှင့် ဂျိန်းဘာသာဝင်တို့ရဲ့ နယ်မြေမှာပေါ်ပေါက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေ ဂျိန်းဘာသာဝင်တွေနှင့် နှစ်ပေါင်းများစွာ အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်လာခဲ့ကြပါတယ်။

ဂျိန်း၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့သမိုင်းမှာ အချင်းချင်းသွေးထွက်သံယို တိုက်ခိုက်သတ်ဖြတ်နှိပ်စက်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတယ်ရယ်လို့ မရှိခဲ့ဖူးပါဘူး။ဟိန္ဒူဘာသာဝင်တို့က ဗုဒ္ဓဟာ ဗိဿနိုးဝင်စားတဲ့သူလို့ ဆိုတာတောင်မှ ပြန်လှန်တိုက်ခိုက်ခြင်း ပဋိပက္ခမျိုး မရှိခဲ့ပါဘူး။

ဟောပြောရေးသား တုန့်ပြန်ချေပတာလောက်ပဲ ရှိခဲ့ပါတယ်။ဗုဒ္ဓ၏နောက် အနှစ်ခြောက်ရာကျော်ကြာတော့ Jesus Christ ပေါ်ပေါက်လာပါခဲ့တယ်။Jesus Christ ဟောပြတဲ့ ပညတ်တော်(၁၀)ပါးမှာ ဗုဒ္ဓဟောပြသောသီလတရား ဗြဟ္မစရိယတရားတွေနှင့် ထပ်တူညီမျှတဲ့ အချက်တွေ များစွာတွေ့ရပါတယ်။

ခရစ်ယာန်သာသနာပြုတို့ အရှေ့အာရှဘက်ကို ဝင်ရောက်လာကြတော့ ဟိန္ဒူဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယ၊ သီဟိုဠ်၊ ဗမာ၊ ထိုင်း၊ ကိုးရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ ဝင်ရောက်ပြီး ခရစ်ယာန်သာသနာကို ဖြန့်ချီခဲ့ကြပါတယ်။

အဲဒီခရစ်ယာန်သာသနာပြုတွေနှင့် သူတို့ရောက်ရာ တိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာဝင်တွေ ဟိန္ဒူ ဘာသာဝင်တွေဟာ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်း၍ နေထိုင်ခဲ့ကြပါတယ်။
ပဋိပက္ခရယ်လို့ မရှိခဲ့ကြပါဘူး။

အဲဒါဘာကြောင့်လည်းဆိုတော့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့သက်ဆိုင်ရာဘာသာတရား အသီးသီးမှာ ဟောထားတဲ့ သီလ(morality)၊ မေတ္တာ (loving-kindness)၊ ကရုဏာ(compassion)ဆိုတဲ့ common-platformပေါ်မှာ အတူတကွ လက်တွဲ လျှောက်လှမ်းနေကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။

မေတ္တာနှင့်ကရုဏာကို အခြေခံသောဘာသာရေးမှာ ပဋိပက္ခကင်းပြီးတော့ ကျန်းမာရေး ပညာရေး အစရှိတဲ့ လူမှုရေးအကျိုးစီးပွားတွေကိုသာ ဆောင်ရွက်ကြတာဖြစ်ပါတယ်။

ခရစ်ယာန်တွေ ဗုဒ္ဓဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာတွေ အတိတ်မှာရော ပစ္စုပ္ပန်မှာပါ အများကြီးရှိပါတယ်။ဗုဒ္ဓဘာသာဝင်တွေက အတင်းအကြပ်နှိပ်စက်လို့ ဝင်လာကြတာမျိုး မဟုတ်ပါဘူး။

ဗုဒ္ဓဘာသာဝင်တွေ ခရစ်ယာန်ဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာလည်း ကျွန်ုပ်တို့မြန်မာနိုင်ငံထဲမှာ အများအပြားပဲ ရှိပါတယ်။ခရစ်ယာန်တွေကခြိမ်းခြောက်လို့ ဝင်ရောက်ကြတာမဟုတ်ပါဘူး။ သူတို့ဆန္ဒနဲ့ သူတို့ ဝင်ရောက်ကြတာဖြစ်ပါတယ်။

မည်သည့်ဘာသာမဆိုလွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် freedom of worship, freedom of belief ဆိုတာရှိပါတယ်။Aggressiveness and extremism ဝါဒဟာ ဘာသာရေးမှာရော နိုင်ငံရေးမှာပါ ပဋိပက္ခ ဖြစ်ခြင်းရဲ့ အစလို့ အားလုံးသတိပြုကြရမှာ ဖြစ်ပါတယ်။

ဒီကနေ့ အီရတ်မှာ အစ္စလာမ်းမစ် အစွန်းရောက်တွေက ရှေးဟောင်း Zoroastrianism ဘာသာဝင်တွေကို သေနတ်နှင့်ချိန်ပြီးတော့ သူတို့ဘာသာထဲ အတင်းအကျပ် ဝင်ခိုင်းနေပါတယ်။

အစ္စလာမ်ဘာသာထဲ မပြောင်းရင် သတ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ အာဖရိကမှာတော့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက် ခရစ်ယာန်ဘာသာထဲ ဝင်ခဲ့ရောက်လို့ သေဒဏ်ပေးခံရတဲ့ သတင်းကိုလည်း ကြားရပါတယ်။

ဒါကြောင့် ဒို့အရှေ့အာရှကအင်အားချိနဲ့တဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံလေးတွေဟာ ယနေ့အရှိန်အဟုန်နဲ့ ကြီးမား ကျယ်ပြန့်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓါးအောက် ကျရောက်ရမှာကို ကြောက်ရွံ့ စိုးရိမ် နေကြပါတယ်။အနှစ်လေးဆယ်ကြာ ခရူးဆိတ် ဘာသာရေး စစ်ပွဲကြီးကို ကြည့်ပါ။ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ရတဲ့ စစ်ပွဲကြီးတစ်ခုပါ။

အေဒီ-(၁၃ရာစု)နှစ်လောက်က တူရကီမှအိန္ဒိယပြည်ကြီးကို ဖြတ်သန်းချီတက်လာတဲ့ မွတ်စလင်စစ်တပ်ကြီးဟာ ပါလခေါ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးတစ်ခုလုံးကို တိုက်ခိုက်ဖျက်ဆီး၍ အတင်း အကျပ် အစ္စလာမ်းမစ်နိုင်ငံအဖြစ် ပြောင်းခဲ့တဲ့ သမိုင်းတစ်ခုရှိခဲ့ပါတယ်။

ဗုဒ္ဓဘာသာမင်းဆက်ပေါင်း ၁၂-ဆက် မျှအုပ်ချုပ်ခဲ့တဲ့ ပါလဗုဒ္ဓဘာသာနိုင်ငံတော်ကြီးဟာ ဒီကနေ့ ကမ္ဘာကျော်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပါပဲ။

ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာ အနှစ်နှစ်ဆယ်လောက် ကြာခဲ့ပါတယ်။ ဒီကနေ့ မွတ်စလင် Muslim State ထူထောင်လိုက်ပါပြီ။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း အစ္စလာမ်ဘာသာဝင်တွေ ဒီကနေ့ လက်နက်ကိုင်တိုက်ခိုက် နေကြပါပြီ။
မူစလင် နိုင်ငံထူထောင်ရေးပါပဲ။

ဘာသာရေးကို သန့်သန့်ရှင်းရှင်း၊ လူတို့ရဲ့အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ထားဖြူစင်ရေးနဲ့ လူမှုရေး ကောင်းရာကောင်းကျိုးတွေအတွက်သာ အသုံးပြုရမှာ ဖြစ်ပေမယ့် ဒီကနေ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ လောကမှာ ဘာသာရေးစစ်ပွဲဆင်နွှဲပြီးတော့ အစ္စလာမ်းမစ်နိုင်ငံထူထောင်ဖို့ လုပ်နေကြတာဟာ အလွန်ပဲစိတ်ပျက်ဝမ်းနည်းဖွယ်ရာ ကောင်းပါတယ်။

ကျွန်ုပ်တို့ မြန်မာနိင်ငံဟာ ၁၉၄၈-ခုနှစ်က အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့ပါတယ်။ အင်္ဂလိပ်က ကျွန်ုပ်တို့နိုင်ငံကို အနှစ်တစ်ရာနီးပါးအုပ်ချုပ်ခဲ့တယ်။

အဲဒီအင်္ဂလိပ်တွေက မြန်မာနိုင်ငံမှာ ကားလမ်း ရထားလမ်းဖောက်ခြင်းစတဲ့ အလုပ်တွေအတွက် အလုပ်သမားတွေကိုအိန္ဒိယနှင့် ဘင်္ဂလားဒေ့ရ်ှကနေပြီး စည်းမဲ့ကမ်းမဲ့ဥပဒေကင်းမဲ့စွာနဲ့ မြောက်များစွာ တင်သွင်းခဲ့တယ်။

အမေရိကန်တွေ United Statesကို ထူထောင်ခဲ့စဉ်တုန်းက အာဖရိကကလူမည်းတွေကို ကျေးကျွန်အဖြစ် ခေါ်သွင်းခဲ့ကြသလိုပါပဲ။

ပြီးတော့ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုစနစ်ဟာ မြန်မာနိုင်ငံ အနာဂတ်ဆိုးကျိုးကို များစွာဖြစ်စေခဲ့တဲ့ အချက်တစ်ခု ရှိပါသေးတယ်။အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာအတွင်းမှာ ဗမာ့တပ်မတော်ရယ်လို့ ဗမာတွေကို စစ်တပ်ဖွဲ့၍ အုပ်ချုပ်ခဲ့တာမရှိပါဘူး။

ဒါပေမယ့် အံ့သြစရာ ကောင်းတာက ကရင်တပ်မတော် ကချင်တပ်မတော် ချင်းတပ်မတော် ကယားတပ်မတော်တွေရယ်လို့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်ကြတဲ့ တိုင်းရင်းသားတွေကို စစ်တပ်ဖွဲ့ပြီး ဒို့ဗမာနိုင်ငံကို အုပ်ချုပ်ခဲ့ကြတယ်။

အင်္ဂလိပ်အစိုးရအင်္ဂလန်ပြန်သွားတဲ့အခါမှာ သူတို့ဖွဲ့ထားခဲ့တဲ့ ကရင်တပ်တွေ ကချင်တပ်တွေ ကယားတပ်တွေ အားလုံးသူပုန်ထပြီး ဗမာအစိုးရကို တော်လှန်ကြတော့တာပါပဲ။

အဲဒီပြဿနာတွေကို ဒီကနေ့တိုင် ဒို့နိုင်ငံမှာဖြေရှင်းလို့ မရသေးပါဘူး။ အဲဒါဟာလွတ်မြောက်ပြီးစ ဒို့လို ကိုလိုနီနိုင်ငံလေးများရဲ့ ခံစားရစမြဲဖြစ်တဲ့ ဒုက္ခတွေပါပဲ။ နောက်တစ်ခုရှိသေးတယ်၊၊

ရခိုင်ပြည်နယ်တစ်ခွင်မှာ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာနီးပါးမျှကာလပတ်လုံး ဥပေဒမဲ့ ဝင်ရောက်နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီတွေဟာ (၁၉၄၈-၄၉) ခုနှစ်များမှာ မူဂျာဟစ်အမည်နဲ့ သူပုန်ထပြီးတော့ ပြည်နယ်တောင်းခဲ့ကြတယ်။ Musulim State ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။

အဲဒီအစ္စလာမ်မစ် မူဂျာဟစ်သူပုန်တွေကို ဗမာ့တပ်မတော်ဟာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရဖူးပါတယ်။

ဒီကနေ့တော့ သူတို့ဟာ ဘင်္ဂါလီလို့လည်းမပြောဘူး။ မူဂျာဟစ်လို့လည်း မပြောဘူး။ ရိုဟင်ဂျာလို့ ကြေညာပြီးတော့ သူတို့ကိုယ်တိုင် သူတို့အိမ်တွေကို မီးရှို့ပြီးတော့ သူပုန်ထဖို့၊ သီးခြားနယ်မြေတောင်းဖို့ ကြိုးစားနေကြပါတယ်။

ဒို့တတွေက ကမ္ဘာမှာဒုတိယအင်အားအကြီးမားဆုံး ငွေကြေးအကြွယ်ဝဆုံး ဖြစ်တဲ့ အစ္စလာမ်ကမ္ဘာကို မပြိုင်နိုင်ကြဘူး၊ မယှဉ်နိုင်ကြဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေထဲမှာတောင် အစ္စလာမ်းမစ်နိုင်ငံတွေက ဒုတိယနေရာအများဆုံးမှာ ရောက်နေကြပြီ။

မီဒီယာလောကမှာလည်း Money Powerနဲ့ မီဒီယာတွေအပေါ်မှာ လွှမ်းမိုးလို့နေပါပြီ။ Money Powerအားကောင်းတဲ့ အစ္စလာမ်တွေက ကမ္ဘာမှာ ရေဒီယို တယ်လီဗေးရှင်းနဲ့ ဂျာနယ် တော်တော် များများကို ဆုပ်ကိုင်ထားပြီး ဖြစ်နေပါတယ်။

အဲဒီလို သြဇာအာဏာကြီးမားတဲ့ မီဒီယာလောကကို ဒို့ဆင်းရဲတဲ့ဗမာနိုင်ငံလေးဟာ ထိုးဖောက်နိုင်ခြင်းမရှိလို့ ဗမာကပြောသမျှ ကမ္ဘာကမယုံဘူး။

အစ္စလာမ်ကပြောလိုက်ရင် တစ်ကမ္ဘာလုံး တအုန်းအုန်းဖြစ်နေကြတယ်။
ဒို့နိုင်ငံတော်ရဲ့ ဂုဏ်သတင်းဟာ ကမ္ဘာမှာ မကောင်းဘဲဖြစ်နေတာဟာ အစ္စလာမ်မီဒီယာတွေရဲ့ သြဇာအာဏာကြောင့်ပဲဖြစ်တယ်။

ဒါကြောင့် ဒို့ကတော့ မြတ်ဗုဒ္ဓဆုံးမတဲ့အတိုင်း favour နှင့် fear အစွန်းနှစ်ဘက်က လွတ်အောင်ရှောင်ပြီး ဒို့တိုင်းပြည်နဲ့ဒို့လူမျိုးကို ဓမ္မဓိဌာန်ကျကျ စောင့်ရှောက်ကာကွယ်သွားမည် ဖြစ်ကြောင်းပြောကြားလို ပါတယ်။

လူကြီးမင်းများခင်ဗျား နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီဘဝနဲ့ နှစ်ပေါင်းတစ်ရာနီးပါးနေခဲ့ကြရတဲ့ အတွက်ကြောင့်လည်းကောင်း၊လွတ်လပ်ရေးရပြီးတဲ့အခါမှာလည်း နှစ်ပေါင်း ခြောက်ဆယ်နီးပါး ပြည်တွင်းမှာ လူမျိုးရေးစစ်ပွဲတွေ ဖြစ်ပွားခဲ့ရတဲ့အတွက်ကြောင့်လည်းကောင်း ကျွန်ုပ်တို့မြန်မာနိုင်ငံဟာ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေကြရပါတယ်။

ဤအခက်အခဲများကို ကူညီဖြေရှင်းပေးမည်ဟု ပြည်ပအဖွဲ့အစည်း အကူအညီတွေလာကြသော်လည်း ပြဿနာတွေ ပြေလည်မသွားဘဲ ပိုမိုခက်ခဲအောင် လုပ်သွားခဲ့ကြတာတွေ ရံခါမှာတွေ့ရပါတယ်။

သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ် ဒီနေ့ပြောကြားလိုသည်မှာ ထိုအခက်အခဲပြဿနာများကို ခင်ဗျားတို့တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းဖြေရှင်းပေးကြပါလို့ ကျွန်ုပ် မေတ္တာရပ်ခံလိုပါတယ်။

နောက်တစ်ခုပြောချင်တာက – လူမျိုးရေးစစ်ပွဲတွေ ချုပ်ငြိမ်းသွားစေဖို့ ကျွန်ုပ်တို့အစိုးရက စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နေတဲ့အချိန်မှာ နိုင်ငံရေး အစွန်း ရောက်နှင့် ဘာသာရေးအစွန်းရောက်တချို့က ဘာသာရေးပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ဖန်တီး နေကြတာကိုလည်း တွေ့နေကြရပါတယ်။

ဤပဋိပက္ခများကို ငြိမ်းချမ်းသွားအောင် ဝိုင်းဝန်း ဖြေရှင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ငြိမ်းချမ်းအောင် ဖြေရှင်းပေးရာမှာ နည်းစနစ်ဟာ အလွန် အရေးကြီးပါတယ်။ဖြေရှင်းရင်း ဖြေရှင်းရင်းဖြင့် ပို၍ပို၍ ရှုတ်ထွေးမသွားအောင် သတိပြုကြဖို့ လိုပါတယ်။

ကျွန်ုပ်တို့ကလည်း ဗုဒ္ဓဘာသာဗမာပီပီ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သူတပါးအကျိုး ဆောင်ရွက်ခြင်း၊ ကိုယ်ကျိုးစီးပွားစွန့်လွတ်ခြင်း၊ ကျိုးကြောင်းဆင်ခြင် သုံးသပ်ခြင်းဆိုတဲ့ ခန္တီ မေတ္တာ သတိ ပညာ ကြီးကြီးထား၍ ဤဘာသာရေး ပြဿနာများကို အကြမ်းဖက်ခြင်း လုံးဝကင်းလျှက် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံး ငြိမ်းချမ်းသာယာရှိကြပါစေ။

Crd

Leave a Reply

Your email address will not be published.