ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှု မင်းအောင်လှိုင်၏ ရူးသွပ်သည့်စိတ်ဆန္ဒအပေါ်အခြေခံနေ၍ မအောင်မြင်နိုင်ဟု NUG ယာယီသမ္မတပြော

News

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှု မင်းအောင်လှိုင်၏ ရူးသွပ်သည့်စိတ်ဆန္ဒအပေါ်အခြေခံ၍ မအောင်မြင်နိုင်ဟု NUG ယာယီသမ္မတပြော

စစ်ကောင်စီ၏ဖိတ်ခေါ်ချက်ကိုငြင်းပယ်ပြီး ပြည်သူနှင့်အတူရပ်တည်သည့် တိုင်းရင်းသားလက်နက်ကိုင်များကို ကျေးဇူးတင်ဟုဖော်ပြ

သက်ဝေ/People’s Spring

စစ်ကောင်စီက ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တစ်ဦးတည်း၏ ရူးသွပ်သည့် စိတ်ဆန္ဒတစ်ခုတည်းအပေါ် အခြေခံသည့် လုပ်ဆောင်ချက်ဖြစ်၍ အောင်မြင်မည် မဟုတ်ဟု အမျိုသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတက ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အစည်းဝေးတွင် ယာယီသမ္မတက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ် ကြောင်း NUG၏ သတင်းပြန်ကြားရေး PVTV က ဖော်ပြသည်။

“အမှန်တကယ် ငြိမ်းချမ်းရေးကို ရလိုလျှင် ပြည်သူ လူထု အားလုံး၏ကိုယ်စားပြု၊ NUG၊ NUCC၊ နှင့် CRPH အပါအဝင် အခြားပါသင့်ပါထိုက်သော လူထုကိုယ်စားပြု အားလုံးပါဝင်သည့် ဆွေးနွေးပွဲဖြစ်ဖို့လိုတယ်။ ASEAN ဘုံသဘောတူညီချက်(၅)ချက်နှင့်အညီ ဆောင် ရွက်ဖို့လိုသည့်အပြင် အမေရိကန်၊ ဥရောပ သမ္ဂဂ္ဂ နိုင်ငံများအပါအဝင်၊ ကမ္ဘာ့ ကုလသမ္မဂ္ဂရဲ့ မူဝါဒသဘော ထားများနှင့်အညီ လိုက်နာလုပ်ဆောင်မှသာ အဖြေရရှိမှာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်တစ်ဦးတည်း၏ ရူးသွပ်သည့် စိတ်ဆန္ဒတစ်ခုတည်းအပေါ် အခြေခံသည့် လုပ်ဆောင်ချက်ဖြစ်၍ အောင်မြင်မှာလည်းမဟုတ်ပါ။ မိမိတို့အစိုးရအနေဖြင့် Charterပါ နိုင်ငံရေးရည်မှန်း ချက်၊ လမ်းပြမြေပုံများနှင့်အညီ အောင်မြင်မှုပန်းတိုင် ရောက်အောင် ဆက်လက်ချီတက်သွားကြမှာ ဖြစ်ပါတယ်။” ဟု ယာယီသမ္မတက ပြောကြားခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် မင်းအောင်လှိုင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးကမ်းလှမ်းမှုသည် တရားမဝင်သည့်အပြင် အဖြေရရှိမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေး နွေးရန်ဆိုတဲ့ ဖိတ်ခေါ်ကမ်းလှမ်းခြင်းကို ငြင်းပယ်ပြီး အများပြည်သူ အကျိုးအတွက်၊ မြန်မာပြည်သူတွေ အကျိုးအတွက် အစဉ်တစိုက် ရပ်တည်ပေးကြတဲ့ တိုင်းရင်းသား ERO အဖွဲ့များကိုလည်း အထူးကျေးဇူး တင်ကြောင်း ပြောကြားလိုပါ တယ်။

ဆက်လက်ပြီးလည်း ဖက်ဒရယ်ဒီမိုကရေစီ Charter ပါ လုပ်ငန်းစဉ်တွေကို အကောင် အထည်ဖော်တဲ့အ ခါမှာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အားလုံးနဲ့အတူတကွ လက်တွဲဆောင် ရွက်သွားပါမယ် ဆိုတာကိုလည်း လေးလေးနက်နက် ပြောကြားလိုပါတယ်”ဟု ပြောကြားသည်။

ယခု တော်လှန်ရေးသည် သမိုင်း၌ မရှိခဲ့ဖူးသည့် သွေးစည်းညီညွတ်မှုများနှင့် မတူကွဲပြားသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားများ အားလုံး စုစုစည်းစည်းဖြင့် အာဏာရှင်များကို တိုက်ထုတ်နေသည့် တော်လှန် ရေးဖြစ်၍ အောင်မြင်မှုများ မလွှဲမသေ ရောက်ရှိလာတော့မည်ဆိုသည်ကို ရဲဝံ့စွာ ယုံကြည်နေကြောင်း ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

Crd

Unicode

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ဖိတ္ေခၚမႈ မင္းေအာင္လွိုင္၏ ႐ူးသြပ္သည့္စိတ္ဆႏၵအေပၚအေျခခံ၍ မေအာင္ျမင္နိုင္ဟု NUG ယာယီသမၼတေျပာ

စစ္ေကာင္စီ၏ဖိတ္ေခၚခ်က္ကိုျငင္းပယ္ၿပီး ျပည္သူႏွင့္အတူရပ္တည္သည့္ တိုင္းရင္းသားလက္နက္ကိုင္မ်ားကို ေက်းဇူးတင္ဟုေဖာ္ျပ

သက္ေဝ/People’s Spring

စစ္ေကာင္စီက ျပဳလုပ္မည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လွိုင္တစ္ဦးတည္း၏ ႐ူးသြပ္သည့္ စိတ္ဆႏၵတစ္ခုတည္းအေပၚ အေျခခံသည့္ လုပ္ေဆာင္ခ်က္ျဖစ္၍ ေအာင္ျမင္မည္ မဟုတ္ဟု အမ်ိဳသားညီညြတ္ေရးအစိုးရ(NUG) ယာယီသမၼတက ဒူဝါလရွီးလက ေျပာၾကားသည္။

ယေန႔ျပဳလုပ္သည့္ အမ်ိဳးသားညီညြတ္ေရးအစိုးရ အစည္းေဝးတြင္ ယာယီသမၼတက ထိုသို႔ ေျပာဆိုခဲ့ျခင္းျဖစ္ ေၾကာင္း NUG၏ သတင္းျပန္ၾကားေရး PVTV က ေဖာ္ျပသည္။

“အမွန္တကယ္ ၿငိမ္းခ်မ္းေရးကို ရလိုလၽွင္ ျပည္သူ လူထု အားလုံး၏ကိုယ္စားျပဳ၊ NUG၊ NUCC၊ ႏွင့္ CRPH အပါအဝင္ အျခားပါသင့္ပါထိုက္ေသာ လူထုကိုယ္စားျပဳ အားလုံးပါဝင္သည့္ ေဆြးေႏြးပြဲျဖစ္ဖို႔လိုတယ္။ ASEAN ဘုံသေဘာတူညီခ်က္(၅)ခ်က္ႏွင့္အညီ ေဆာင္ ရြက္ဖို႔လိုသည့္အျပင္ အေမရိကန္၊ ဥေရာပ သမၢဂၢ နိုင္ငံမ်ားအပါအဝင္၊ ကမၻာ့ ကုလသမၼဂၢရဲ့ မူဝါဒသေဘာ ထားမ်ားႏွင့္အညီ လိုက္နာလုပ္ေဆာင္မွသာ အေျဖရရွိမွာ ျဖစ္ပါတယ္။

မင္းေအာင္လွိုင္တစ္ဦးတည္း၏ ႐ူးသြပ္သည့္ စိတ္ဆႏၵတစ္ခုတည္းအေပၚ အေျခခံသည့္ လုပ္ေဆာင္ခ်က္ျဖစ္၍ ေအာင္ျမင္မွာလည္းမဟုတ္ပါ။ မိမိတို႔အစိုးရအေနျဖင့္ Charterပါ နိုင္ငံေရးရည္မွန္း ခ်က္၊ လမ္းျပေျမပုံမ်ားႏွင့္အညီ ေအာင္ျမင္မႈပန္းတိုင္ ေရာက္ေအာင္ ဆက္လက္ခ်ီတက္သြားၾကမွာ ျဖစ္ပါတယ္။” ဟု ယာယီသမၼတက ေျပာၾကားခဲ့သည္ဟု ေဖာ္ျပသည္။

ထို႔ျပင္ မင္းေအာင္လွိုင္ဖိတ္ေခၚသည့္ ၿငိမ္းခ်မ္းေရးကမ္းလွမ္းမႈသည္ တရားမဝင္သည့္အျပင္ အေျဖရရွိမည္ မဟုတ္ေၾကာင္း ၎က ဆိုသည္။

ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းကလည္း “စစ္အာဏာရွင္ မင္းေအာင္လွိုင္ရဲ့ ၿငိမ္းခ်မ္းေရး ေတြ႕ဆုံေဆြး ေႏြးရန္ဆိုတဲ့ ဖိတ္ေခၚကမ္းလွမ္းျခင္းကို ျငင္းပယ္ၿပီး အမ်ားျပည္သူ အက်ိဳးအတြက္၊ ျမန္မာျပည္သူေတြ အက်ိဳးအတြက္ အစဥ္တစိုက္ ရပ္တည္ေပးၾကတဲ့ တိုင္းရင္းသား ERO အဖြဲ႕မ်ားကိုလည္း အထူးေက်းဇူး တင္ေၾကာင္း ေျပာၾကားလိုပါ တယ္။

ဆက္လက္ၿပီးလည္း ဖက္ဒရယ္ဒီမိုကေရစီ Charter ပါ လုပ္ငန္းစဥ္ေတြကို အေကာင္ အထည္ေဖာ္တဲ့အ ခါမွာ ကၽြန္ေတာ္တို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရအေနနဲ႔ အားလုံးနဲ႔အတူတကြ လက္တြဲေဆာင္ ရြက္သြားပါမယ္ ဆိုတာကိုလည္း ေလးေလးနက္နက္ ေျပာၾကားလိုပါတယ္”ဟု ေျပာၾကားသည္။

ယခု ေတာ္လွန္ေရးသည္ သမိုင္း၌ မရွိခဲ့ဖူးသည့္ ေသြးစည္းညီညြတ္မႈမ်ားႏွင့္ မတူကြဲျပားသည့္ အဖြဲ႕အစည္းမ်ား၊ တိုင္းရင္းသားမ်ား အားလုံး စုစုစည္းစည္းျဖင့္ အာဏာရွင္မ်ားကို တိုက္ထုတ္ေနသည့္ ေတာ္လွန္ ေရးျဖစ္၍ ေအာင္ျမင္မႈမ်ား မလႊဲမေသ ေရာက္ရွိလာေတာ့မည္ဆိုသည္ကို ရဲဝံ့စြာ ယုံၾကည္ေနေၾကာင္း ဝန္ႀကီး ခ်ဳပ္ မန္းဝင္းခိုင္သန္းက ေျပာသည္။

Crd

Leave a Reply

Your email address will not be published.