စစ်အာဏာရှင်တော်လှန်ရေးစစ်ပွဲမှာ လက်နက်ကူညီဖို့ နိုင်ငံတကာကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ တောင်းဆို
~~~~~~
■ ရုရှားကျူးကျော်တပ်ဖွဲ့တွေကို ခုခံတော်လှန်နေတဲ့ ယူကရိန်းနိုင်ငံသားတွေကို ကူညီထောက်ပံ့နေသလိုမျိုး – မြန်မာအာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ တပ်ဖွဲ့တွေကိုလည်း လက်နက်တွေ ကူညီဖို့ နိုင်ငံတကာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။




နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စိတ်ဓာတ်ရေးရာအရ ကူညီပံ့ပိုးပေးနေတာကို ကျေးဇူးတင်ကြောင်း၊ လက်နက်နဲ့ငွေကြေးလို ရုပ်ပိုင်းဆိုင်ရာ အကူညီတွေ ရမယ်ဆိုရင် ပိုပြီးတော့ ကျေးဇူးတင်မိမှာဖြစ်ပါတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရိုက်တာသတင်းဋ္ဌာနကို စာနဲ့ ရေးသားပြောဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့သူ ၅ သိန်း ၆ သောင်းကျော်ရှိသွားပြီလို့ ကုလသမဂ္ဂ က ပြောဆိုထားပါတယ်။
NUG ကတော့ အခုဆိုရင် တိုင်းနဲ့ပြည်နယ်အနှံ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ ရှိနေပြီဖြစ်ပြီး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက်ဆိုရင် စစ်အာဏာရှင်စနစ်ကို အရင်ဆုံး အမြစ်ဖြတ်ဖို့ လိုအပ်တယ်လို့ ပြောဆိုထားတာပါ။




ဒါကြောင့် ယူကရိန်းကို လက်နက်ကူညီပံ့ပိုးပေးသလိုမျိုး နိုင်ငံတကာအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေသူတွေကို လက်နက်တွေကူညီပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ တောင်းဆိုချက်ဟာ – နိုင်ငံရေးခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah မကြာသေးခင်က တွေ့ဆုံခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီတောင်းဆိုချက်အပေါ် ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးနဲ့ အီးယူ ဥရောပသမဂ္ဂကို ရိုက်တာက မေးမြန်းခဲ့ပေမဲ့ ချက်ချင်း တုံ့ပြန်မှု မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
NUG ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ စစ်ကောင်စီကလည်း – ဦးရည်မွန်ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်မှု မရှိသေးပါဘူး။




နိုင်ငံတကာက လက်နက်နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးအပ်နေတဲ့ ယူကရိန်းရဲ့ ခုခံတော်လှန်စစ်ကို NUG က ထောက်ခံခဲ့ချိန်မှာ – ရုရှားရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အာဏာသိမ်းစစ်ကောင်စီက ထောက်ခံ ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – အေအဖ်ပီ
Crd
Unicode
စစ္အာဏာရွင္ေတာ္လွန္ေရးစစ္ပြဲမွာ လက္နက္ကူညီဖို႔ နိုင္ငံတကာကို NUG ေတာင္းဆို
~~~~~~
■ ႐ုရွားက်ဴးေက်ာ္တပ္ဖြဲ႕ေတြကို ခုခံေတာ္လွန္ေနတဲ့ ယူကရိန္းနိုင္ငံသားေတြကို ကူညီေထာက္ပံ့ေနသလိုမ်ိဳး – ျမန္မာအာဏာသိမ္းစစ္တပ္ကို ဆန႔္က်င္ေတာ္လွန္ေနတဲ့ တပ္ဖြဲ႕ေတြကိုလည္း လက္နက္ေတြ ကူညီဖို႔ နိုင္ငံတကာကို အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) က ေတာင္းဆိုလိုက္ပါတယ္။




နိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ စိတ္ဓာတ္ေရးရာအရ ကူညီပံ့ပိုးေပးေနတာကို ေက်းဇူးတင္ေၾကာင္း၊ လက္နက္နဲ႔ေငြေၾကးလို ႐ုပ္ပိုင္းဆိုင္ရာ အကူညီေတြ ရမယ္ဆိုရင္ ပိုၿပီးေတာ့ ေက်းဇူးတင္မိမွာျဖစ္ပါတယ္လို႔ NUG ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ရိုက္တာသတင္း႒ာနကို စာနဲ႔ ေရးသားေျပာဆိုခဲ့တာျဖစ္ပါတယ္။
ျမန္မာနိုင္ငံမွာ ၂ဝ၂၁ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျဖစ္ပြားေနတဲ့ နိုင္ငံေရးပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန႔္ခြာထြက္ေျပးရတဲ့သူ ၅ သိန္း ၆ ေသာင္းေက်ာ္ရွိသြားၿပီလို႔ ကုလသမဂၢ က ေျပာဆိုထားပါတယ္။
NUG ကေတာ့ အခုဆိုရင္ တိုင္းနဲ႔ျပည္နယ္အႏွံ့မွာ ျပည္သူ႔ကာကြယ္ေရးတပ္ရင္းတပ္ဖြဲ႕ေတြ ရွိေနၿပီျဖစ္ၿပီး၊ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္နိုင္ဖို႔အတြက္ဆိုရင္ စစ္အာဏာရွင္စနစ္ကို အရင္ဆုံး အျမစ္ျဖတ္ဖို႔ လိုအပ္တယ္လို႔ ေျပာဆိုထားတာပါ။




ဒါေၾကာင့္ ယူကရိန္းကို လက္နက္ကူညီပံ့ပိုးေပးသလိုမ်ိဳး နိုင္ငံတကာအေနနဲ႔ စစ္အာဏာရွင္ဆန႔္က်င္ေရး လုပ္ေဆာင္ေနသူေတြကို လက္နက္ေတြကူညီေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။
NUG ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္ရဲ့ ေတာင္းဆိုခ်က္ဟာ – နိုင္ငံေရးျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ အေမရိကန္ဒုတိယနိုင္ငံျခားေရးဝန္ႀကီး Wendy Sherman နဲ႔ မေလးရွားနိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah မၾကာေသးခင္က ေတြ႕ဆုံခဲ့ၿပီး ရက္ပိုင္းအတြင္းမွာပဲ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒီေတာင္းဆိုခ်က္အေပၚ ရန္ကုန္မွာရွိတဲ့ အေမရိကန္သံ႐ုံးနဲ႔ အီးယူ ဥေရာပသမဂၢကို ရိုက္တာက ေမးျမန္းခဲ့ေပမဲ့ ခ်က္ခ်င္း တုံ႔ျပန္မႈ မရွိခဲ့ဘူးလို႔ ေဖာ္ျပထားပါတယ္။
NUG ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာထားတဲ့ စစ္ေကာင္စီကလည္း – ဦးရည္မြန္ရဲ့ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး တုံ႔ျပန္မႈ မရွိေသးပါဘူး။




နိုင္ငံတကာက လက္နက္နဲ႔ လူသားခ်င္းစာနာမႈအကူအညီေတြေပးအပ္ေနတဲ့ ယူကရိန္းရဲ့ ခုခံေတာ္လွန္စစ္ကို NUG က ေထာက္ခံခဲ့ခ်ိန္မွာ – ႐ုရွားရဲ့ ထိုးစစ္ဆင္တိုက္ခိုက္မႈေတြကို အာဏာသိမ္းစစ္ေကာင္စီက ေထာက္ခံ ေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။
ဓာတ္ပုံ – ေအအဖ္ပီ
Crd