ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ် ရွေးချယ်မယ့်ကိစ္စ အနီးကပ် စောင့်ကြည့်နေကြောင်း အမေရိကန်ပြော

News

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုသူအဖြစ် စစ်ကောင်စီကိုယ်စားလှယ်နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် ဘယ်သူ့ကိုရွေးချယ်မလဲ ဆိုတာနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက RFA ကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ စတင် ကျင်းပနေပြီဖြစ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်ခွင့်မရအောင် တားဆီးဖို့ အမေရိကန်နဲ့ တရုတ်အကြား သဘောတူညီမှု ရထားတဲ့အကြောင်း Foreign Policy မဂ္ဂဇင်းက စက်တင်ဘာလ ၁၃ ရက်နေ့မှာ သတင်းဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဌာနကို RFA က ဆက်သွယ် မေးမြန်းခဲ့တာပါ။

Foreign Policy မဂ္ဂဇင်းရဲ့ ရေးသားချက်နဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုတာ ဒါမှမဟုတ် ငြင်းဆိုတာမရှိပေမယ့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် အဖြစ် ဆက်လက်ထားရှိ‌ရေးကို အမေရိကန်က ထောက်ခံဖို့ရှိမရှိ RFA ရဲ့မေးခွန်းကိုတော့ …

ဒီကိစ္စကို အမေရိကန်ပြည်ထောင်စုက အနီးကပ် စောင့်ကြည့်နေကြောင်း၊ မြန်မာကိုယ်စားလှယ် ရွေးချယ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ပေါ်ထွက်လာမယ့် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အထွေထွေညီလာခံ ကိုယ်စားလှယ်စိစစ်ရေး ကော်မတီ (Credentials Committee) အဖွဲ့ဝင်တွေနဲ့အတူ ဆောင်ရွက်သွားမယ့်အကြောင်း အီးမေးလ်နဲ့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့က Foreign Policy မဂ္ဂဇင်းရဲ့ သတင်းဆောင်းပါးမှာ အာဏာသိမ်းစစ်ကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို အထွေထွေညီလာခံ တက်ရောက်ခွင့်မရအောင် တားဆီးဖို့ အမေရိကန်နဲ့ တရုတ်တို့အကြား သဘော တူညီချက် ရထားကြောင်း အမည်မဖော်လိုသူ သံတမန်တချို့ကို ကိုးကား ဖော်ပြထားပါတယ်။

ဒီသဘောတူညီချက် ကို ဥရောပသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ ရုရှားနိုင်ငံ တို့ကလည်း အလွတ်သဘော ထောက်ခံထားကြောင်း အဲဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။


မနေ့က စတင်ကျင်းပတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွက် ကိုယ်စားလှယ် စိစစ်ရေးကော်မတီ (Credentials Committee) အဖွဲ့ဝင် ကိုးနိုင်ငံမှာ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ ရုရှား သုံးနိုင်ငံစလုံး ပါဝင်တာ ဖြစ်ပါတယ်။ ကျန်တဲ့ ခြောက်နိုင်ငံကတော့ ဘူတန်၊ ဘဟားမား၊ ချီလီ၊ ဆီယာလီယွန်၊ နမီးဘီးယား၊ ဆွီဒင်နိုင်ငံ ဖြစ်ပါတယ်။

Unicode

ကုလသမဂၢမွာ ျမန္မာႏိုင္ငံကို တရားဝင္ ကိုယ္စားျပဳသူအျဖစ္ စစ္ေကာင္စီကိုယ္စားလွယ္နဲ႔ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ (NUG) ကိုယ္စားလွယ္ ဘယ္သူ႔ကိုေ႐ြးခ်ယ္မလဲ ဆိုတာနဲ႔ပတ္သက္လို႔ အေမရိကန္ ျပည္ေထာင္စုက အနီးကပ္ ေစာင့္ၾကည့္ေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ ပုဂၢိဳလ္တစ္ဦးက RFA ကို စက္တင္ဘာ ၁၅ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕မွာ စတင္ က်င္းပေနၿပီျဖစ္တဲ့ ကုလသမဂၢ အေထြေထြညီလာခံမွာ အာဏာသိမ္း စစ္ေကာင္စီရဲ႕ ကိုယ္စားလွယ္အဖြဲ႕ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳ တက္ေရာက္ခြင့္မရေအာင္ တားဆီးဖို႔ အေမရိကန္နဲ႔ တ႐ုတ္အၾကား သေဘာတူညီမႈ ရထားတဲ့အေၾကာင္း Foreign Policy မဂၢဇင္းက စက္တင္ဘာလ ၁၃ ရက္ေန႔မွာ သတင္းေဆာင္းပါးတစ္ပုဒ္ ေဖာ္ျပခဲ့တာနဲ႔ ပတ္သက္ၿပီး အေမရိကန္ ႏိုင္ငံျခားေရးဌာနကို RFA က ဆက္သြယ္ ေမးျမန္းခဲ့တာပါ။

Foreign Policy မဂၢဇင္းရဲ႕ ေရးသားခ်က္နဲ႔ပတ္သက္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက အတည္ျပဳတာ ဒါမွမဟုတ္ ျငင္းဆိုတာမရွိေပမယ့္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ကုလသမဂၢဆိုင္ရာ ျမန္မာကိုယ္စားလွယ္ အျဖစ္ ဆက္လက္ထားရွိ‌ေရးကို အေမရိကန္က ေထာက္ခံဖို႔ရွိမရွိ RFA ရဲ႕ေမးခြန္းကိုေတာ့ …

ဒီကိစၥကို အေမရိကန္ျပည္ေထာင္စုက အနီးကပ္ ေစာင့္ၾကည့္ေနေၾကာင္း၊ ျမန္မာကိုယ္စားလွယ္ ေ႐ြးခ်ယ္ေရးကိစၥနဲ႔ ပတ္သက္ၿပီး ေပၚထြက္လာမယ့္ ျပႆနာေတြကို ေျဖရွင္းဖို႔အတြက္ အေထြေထြညီလာခံ ကိုယ္စားလွယ္စိစစ္ေရး ေကာ္မတီ (Credentials Committee) အဖြဲ႕ဝင္ေတြနဲ႔အတူ ေဆာင္႐ြက္သြားမယ့္အေၾကာင္း အီးေမးလ္နဲ႔ တုံ႔ျပန္ေျဖၾကားခဲ့ပါတယ္။

စက္တင္ဘာလ ၁၃ ရက္ေန႔က Foreign Policy မဂၢဇင္းရဲ႕ သတင္းေဆာင္းပါးမွာ အာဏာသိမ္းစစ္ေကာင္စီက ေစလႊတ္တဲ့ ကိုယ္စားလွယ္အဖြဲ႕ကို အေထြေထြညီလာခံ တက္ေရာက္ခြင့္မရေအာင္ တားဆီးဖို႔ အေမရိကန္နဲ႔ တ႐ုတ္တို႔အၾကား သေဘာ တူညီခ်က္ ရထားေၾကာင္း အမည္မေဖာ္လိုသူ သံတမန္တခ်ိဳ႕ကို ကိုးကား ေဖာ္ျပထားပါတယ္။

ဒီသေဘာတူညီခ်က္ ကို ဥေရာပသမဂၢ၊ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံေတြနဲ႔ ႐ုရွားႏိုင္ငံ တို႔ကလည္း အလြတ္သေဘာ ေထာက္ခံထားေၾကာင္း အဲဒီေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။


မေန႔က စတင္က်င္းပတဲ့ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံအတြက္ ကိုယ္စားလွယ္ စိစစ္ေရးေကာ္မတီ (Credentials Committee) အဖြဲ႕ဝင္ ကိုးႏိုင္ငံမွာ လုံၿခဳံေရးေကာင္စီ အၿမဲတမ္း အဖြဲ႕ဝင္ေတြျဖစ္တဲ့ အေမရိကန္၊ တ႐ုတ္နဲ႔ ႐ုရွား သုံးႏိုင္ငံစလုံး ပါဝင္တာ ျဖစ္ပါတယ္။ က်န္တဲ့ ေျခာက္ႏိုင္ငံကေတာ့ ဘူတန္၊ ဘဟားမား၊ ခ်ီလီ၊ ဆီယာလီယြန္၊ နမီးဘီးယား၊ ဆြီဒင္ႏိုင္ငံ ျဖစ္ပါတယ္။
Crd

Leave a Reply

Your email address will not be published. Required fields are marked *