စစ်ကောင်စီက မန္တလေး သမိုင်းဝင် ဘုရားတွေရဲ့ ရ‌ငွေ သုံးငွေစာရင်းရှင်းတမ်းတောင်း

ကြားသိသမျှ

မန္တလေးခရိုင် မြို့နယ်အတွင်းက ဘုရားတွေရဲ့ ရငွေ၊ သုံးငွေ စာရင်းရှင်းတမ်းကို လစဉ်နောက်ဆုံးပတ်အတွင်း စစ်ကောင်စီ စီမံအုပ်ချုပ်ရေး အဖွဲ့ကို ပေးပို့ရမယ်လို့ ကြေညာချက် ထွက်ပေါ်လာခဲ့ပါတယ်။

“စာရောက်ပါပြီ။ အလှူငွေ စာရင်းပေါ့။ အရင်က ဒီလိုစာထွက်တာမရှိပေမဲ့ ဩဝါဒဆရာတော်တွေထံ ဘုရားက အလှူရငွေကို လစဉ် ရငွေ၊သုံးငွေ စာရင်းအပ်တယ်။ ပြီးရင် မြို့နယ် သံဃာနာယက ပြီးရင် မြို့နယ်အုပ်ချုပ်ရေးကို ပို့တယ်။ကြေညာချက်စာထုတ်တာ ဒါပထမဆုံးပါပဲ။

အလှူခံပုံး မဖွင့်တာတောင် တစ်နှစ်ကြာပြီ။ ဘုရားလူမှ မလာတာ။ မရှိဘူးပေါ့ ” လို့ အမရပူရမြို့နယ်တွင်း ၂၀၁၉ခုနှစ်ထိ နေ့စဉ်ဘုရားဖူး ငါးရာကျော် လာလေ့ရှိတဲ့ ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မန္တလေးခရိုင်အတွင်း တည်ထားကိုးကွယ်တဲ့ သမိုင်းဝင် ဘုရားတွေရဲ့ ရငွေသုံးငွေကို မြို့နယ်အလိုက် စုစည်းပြီး ယခုလက စတင်ကာ လစဉ်နောက်ဆုံးအပတ်အတွင်း စာရင်း ၂ စုံ ပေးပို့ရမှာဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

စက်တင်ဘာ ၁၂ရက် နေ့စွဲနဲ့ စစ်ကောင်စီက မြို့နယ်စီမံချုပ်ရေးအဖွဲ့ကနေ မြို့နယ်အလိုက် ဂေါပကအဖွဲ့တွေကို ဘုရားအလှူခံငွေရရှိတဲ့ လစဉ် ငွေစာရင်းရှင်းတမ်းတွေကို စုစည်းပြီး ပြန်လည်တင်ပြသွားဖို့ အကြောင်းကြားချက်လို့ ပေးပို့စာမှာ ဖော်ပြထားပါတယ်။

ဒီလို ဘုရားအလှူငွေက ရရှိစာရင်းတင်ပြဖို့ ပေးပို့စာကို မန္တလေးမြို့က ဘုရားဖူးအလာများတဲ့ ဘုရားတချို့နဲ့ ဂေါပကအဖွဲ့ရှိတဲ့ တချို့ ဘုရားတွေကိုတော့ ပေးပို့စာရောက်မလာသေးဘူးလို့ နီးစပ်တဲ့အသိုင်းဝိုင်းကနေ သိရပါတယ်။

အခုလို မန္တလေးက ဘုရားတွေကို စါရင်းတောင်းတာနဲ့ပတ်သက်လို့ လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ မန္တလေးမြို့က ဆရာတော်တစ်ပါးက ပြောပါတယ်။

Unicode

မႏၲေလးခ႐ိုင္ ၿမိဳ႕နယ္အတြင္းက ဘုရားေတြရဲ႕ ရေငြ၊ သုံးေငြ စာရင္းရွင္းတမ္းကို လစဥ္ေနာက္ဆုံးပတ္အတြင္း စစ္ေကာင္စီ စီမံအုပ္ခ်ဳပ္ေရး အဖြဲ႕ကို ေပးပို႔ရမယ္လို႔ ေၾကညာခ်က္ ထြက္ေပၚလာခဲ့ပါတယ္။

“စာေရာက္ပါၿပီ။ အလႉေငြ စာရင္းေပါ့။ အရင္က ဒီလိုစာထြက္တာမရွိေပမဲ့ ဩဝါဒဆရာေတာ္ေတြထံ ဘုရားက အလႉရေငြကို လစဥ္ ရေငြ၊သုံးေငြ စာရင္းအပ္တယ္။ ၿပီးရင္ ၿမိဳ႕နယ္ သံဃာနာယက ၿပီးရင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးကို ပို႔တယ္။ေၾကညာခ်က္စာထုတ္တာ ဒါပထမဆုံးပါပဲ။

အလႉခံပုံး မဖြင့္တာေတာင္ တစ္ႏွစ္ၾကာၿပီ။ ဘုရားလူမွ မလာတာ။ မရွိဘူးေပါ့ ” လို႔ အမရပူရၿမိဳ႕နယ္တြင္း ၂၀၁၉ခုႏွစ္ထိ ေန႔စဥ္ဘုရားဖူး ငါးရာေက်ာ္ လာေလ့ရွိတဲ့ ဘုရား ေဂါပကအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

မႏၲေလးခ႐ိုင္အတြင္း တည္ထားကိုးကြယ္တဲ့ သမိုင္းဝင္ ဘုရားေတြရဲ႕ ရေငြသုံးေငြကို ၿမိဳ႕နယ္အလိုက္ စုစည္းၿပီး ယခုလက စတင္ကာ လစဥ္ေနာက္ဆုံးအပတ္အတြင္း စာရင္း ၂ စုံ ေပးပို႔ရမွာျဖစ္တယ္လို႔ ေၾကညာခ်က္က ဆိုပါတယ္။

စက္တင္ဘာ ၁၂ရက္ ေန႔စြဲနဲ႔ စစ္ေကာင္စီက ၿမိဳ႕နယ္စီမံခ်ဳပ္ေရးအဖြဲ႕ကေန ၿမိဳ႕နယ္အလိုက္ ေဂါပကအဖြဲ႕ေတြကို ဘုရားအလႉခံေငြရရွိတဲ့ လစဥ္ ေငြစာရင္းရွင္းတမ္းေတြကို စုစည္းၿပီး ျပန္လည္တင္ျပသြားဖို႔ အေၾကာင္းၾကားခ်က္လို႔ ေပးပို႔စာမွာ ေဖာ္ျပထားပါတယ္။

ဒီလို ဘုရားအလႉေငြက ရရွိစာရင္းတင္ျပဖို႔ ေပးပို႔စာကို မႏၲေလးၿမိဳ႕က ဘုရားဖူးအလာမ်ားတဲ့ ဘုရားတခ်ိဳ႕နဲ႔ ေဂါပကအဖြဲ႕ရွိတဲ့ တခ်ိဳ႕ ဘုရားေတြကိုေတာ့ ေပးပို႔စာေရာက္မလာေသးဘူးလို႔ နီးစပ္တဲ့အသိုင္းဝိုင္းကေန သိရပါတယ္။

အခုလို မႏၲေလးက ဘုရားေတြကို စါရင္းေတာင္းတာနဲ႔ပတ္သက္လို႔ လက္ခံႏိုင္စရာ အေၾကာင္းမရွိဘူးလို႔ မႏၲေလးၿမိဳ႕က ဆရာေတာ္တစ္ပါးက ေျပာပါတယ္။
Crd

Leave a Reply

Your email address will not be published. Required fields are marked *