NLD ရပ်ကျေးဥက္ကဌနေအိမ်မှ ရွှေနှင့်ငွေ အပါအဝင်တန်ဖိုး ကျပ်သိန်း ၁၅၀ကျော် စစ်ကောင်စီ သိမ်းယူ

News

NLD ရပ်ကျေးဥက္ကဌနေအိမ်မှ ရွှေနှင့်ငွေ အပါအဝင်တန်ဖိုး ကျပ်သိန်း ၁၅၀ကျော် စစ်ကောင်စီ သိမ်းယူ

မဇ္ဈိမ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်ရှိ NLD ဥက္ကဌ ဦးကျော်ဦးကို စစ်ကောင်စီက လာ‌ရောက် ဖမ်းဆီးရာ မတွေ့၍ ၎င်းအိမ်မှ ရွှေ ၊ငွေ နှင့် ပစ္စည်းများ စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၁၅၀ကျော်ကို စစ်ကောင်စီက ယူဆောင်သွားခဲ့သည်။

ဩဂုတ် ၂၈ရက် ည ၁၁နာရီ မိနစ်၃၀ခန့်တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များက လာရောက် လုယူခဲ့ခြင်းဖြစ်ပြီး ဦးကျော်ဦး၏ မိသားစုဝင်များကို နှိပ်စက်ခဲ့ကြောင်း ဦးကျော်ဦး၏ ဇနီးက မဇ္ဈိမကို ပြောသည်။

“သူတို့က ခြံကျော်ဝင်လာပြီး ကျွန်မတို့အားလုံးကို မှောက်ခိုင်းပြီး တအားနှိက်စက်တော့တာပဲ။သားကိုလည်း လက်ပြန်ကြိုးတုပ် ရိုက်တယ်။ ကျွန်မ အလွယ်ထားတဲ့ပစ္စည်းတွေရော၊ ပုံးလေးတွေနဲ့ထည့်ထားတဲ့ ပစ္စည်းတွေရော မွှေနှောက်ယူသွားတယ်။သိန်း ၁၅၀ကျော်တယ်”ဟု ဦးကျော်ဦး၏ ဇနီးကပြောသည်။

လက်ရှိတွင် စစ်သားများ ထပ်မံလာရောက်မည်ကို စိုးရိမ်ရသည့်အတွက် မိသားစုလိုက် ရှောင်းတိမ်း နေထိုင်နေရသည်။

“လုံခြုံရေး စိုးရိမ်ရတဲ့အတွက် တစ်ခြားမှာ သွားနေရတယ်။ကျန်မာရေး မကောင်းတဲ့ အဖေနဲ့အမေကိုလည်း တစ်ခြားပြောင်းပေးထားရတယ်။အိမ်မှာတော့ မနေရဲတော့ဘူး”ဟု ဦးကျော်ဦး၏ မိသားစုဝင်တစ်ဦးကပြောပါတယ်။

ဩဂုတ် ၂၉ရက်၊ ညပိုင်းကလည်း စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များက သံလျှက် မှော်အနောက်ရပ်ကွက်အတွင်းရှိ နေအိမ်တချို့ကို ဝင်‌ရောက် ရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *