ဖေ့စ်ဘုတ် ပရိုဖိုင်ပုံမှာ NUG စာတမ်း နောက်ခံအသုံးပြုထားတဲ့ ဗိုလ်မှူး ကတော်တစ်ယောက် ၅၀၅ – က နဲ့ အမှုဖွင့်ခံရ

News

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕ ရန္ကင္းရပ္ကြက္ ၊ေက်ာကၠာလမ္းမွာရွိတဲ့ ဖက္ရွင္စတိုးဆိုင္ပိုင္ရွင္ ဗိုလ္မႉး ကေတာ္တစ္ေယာက္ဟာ သူအသုံးျပဳေနတဲ့ အင္တာနက္ လူမႈကြန္ရက္ ေဖ့စ္ဘုတ္ ပရိုဖိုင္ပုံမွာ NUG စာတမ္းေနာက္ခံ အသုံးျပဳေဖာ္ျပထားတဲ့အတြက္ တပ္မေတာ္ အရာရွိ တစ္ဦးက တရားလိုလုပ္ၿပီး ရဲစခန္းမွာ အမႈဖြင့္တိုင္တန္း လိုက္တယ္လို႔ ရဲစခန္းနဲ႕ နီးစပ္သူေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။…

” အမႈဖြင့္ခံရတဲ့သူက ဖက္ရွင္စတိုးဆိုင္ ပိုင္ရွင္ တစ္ေယာက္ျဖစ္သလို ဗိုလ္မႉး ကေတာ္ တစ္ဦးလဲျဖစ္တယ္ ၊ သူအသုံးျပဳေနတဲ့ facebook Account က ပရိုဖိုင္မွာ NUG စာတမ္းေနာက္ခံ ထည့္ၿပီး သူ႕မိသားစု ပုံတင္ထားတာေၾကာင့္ မုံ႐ြာ အမွတ္ ၁ ရဲစခန္းမွာ အမႈဖြင့္ခံထားရတာ ျဖစ္တယ္ ” လို႔ ရဲစခန္းနဲ႕ နီးစပ္သူ တစ္ေယာက္က ေျပာပါတယ္ ။

အဲ့ဒီ အမႈကိစၥနဲ႕ ပတ္သက္လို႔ မုံ႐ြာၿမိဳ႕မရဲစခန္းကို ဆက္သြယ္ေမးျမန္းတဲ့အခါ ရဲစခန္း တာဝန္က် ရဲအရာရွိက တစ္စုံတရာ ျပန္ၾကားေျပာဆိုတာ မရွိခဲ့ေပမယ့္ ရဲအသိုင္းအဝိုင္းဆီက ၾကားသိခဲ့ရတာက…

” အမႈကိုေတာ့ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ (နမခ) က တပ္မေတာ္ အရာရွိ တစ္ဦးက တရားလိုျပဳလုပ္ တိုင္တန္းခဲ့တဲ့အတြက္ မုံ႐ြာၿမိဳ႕မရဲစခန္းက (ပ) ၂၁၀ / ၂၀၂၁ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅ – က အရ အမႈလက္ခံ ဖြင့္ထားတာ” လို႔ ျဖစ္ပါတယ္။

ယူနီကုဒ်ဖြင့် ဖတ်ရန်

စစ်ကိုင်းတိုင်း မုံရွာမြို့ ရန်ကင်းရပ်ကွက် ၊ကျောက္ကာလမ်းမှာရှိတဲ့ ဖက်ရှင်စတိုးဆိုင်ပိုင်ရှင် ဗိုလ်မှူး ကတော်တစ်ယောက်ဟာ သူအသုံးပြုနေတဲ့ အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘုတ် ပရိုဖိုင်ပုံမှာ NUG စာတမ်းနောက်ခံ အသုံးပြုဖော်ပြထားတဲ့အတွက် တပ်မတော် အရာရှိ တစ်ဦးက တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်တန်း လိုက်တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။…

” အမှုဖွင့်ခံရတဲ့သူက ဖက်ရှင်စတိုးဆိုင် ပိုင်ရှင် တစ်ယောက်ဖြစ်သလို ဗိုလ်မှူး ကတော် တစ်ဦးလဲဖြစ်တယ် ၊ သူအသုံးပြုနေတဲ့ facebook Account က ပရိုဖိုင်မှာ NUG စာတမ်းနောက်ခံ ထည့်ပြီး သူ့မိသားစု ပုံတင်ထားတာကြောင့် မုံရွာ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ခံထားရတာ ဖြစ်တယ် ” လို့ ရဲစခန်းနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ် ။…

အဲ့ဒီ အမှုကိစ္စနဲ့ ပတ်သက်လို့ မုံရွာမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ရဲစခန်း တာဝန်ကျ ရဲအရာရှိက တစ်စုံတရာ ပြန်ကြားပြောဆိုတာ မရှိခဲ့ပေမယ့် ရဲအသိုင်းအဝိုင်းဆီက ကြားသိခဲ့ရတာက…

” အမှုကိုတော့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က တပ်မတော် အရာရှိ တစ်ဦးက တရားလိုပြုလုပ် တိုင်တန်းခဲ့တဲ့အတွက် မုံရွာမြို့မရဲစခန်းက (ပ) ၂၁၀ / ၂၀၂၁ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ – က အရ အမှုလက်ခံ ဖွင့်ထားတာ” လို့ ဖြစ်ပါတယ်။
Crd

Leave a Reply

Your email address will not be published. Required fields are marked *