မကောင်းတာအကုန်လုပ်ထားပြီးငါအမြဲနိုင်နေတယ်ဆိုပြီးမာန်တက်မနေနဲ့ တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်လို့ ဆိုလာတဲ့ သင်ဇာဝင့်ကျော်

News

မကောင်းတာအကုန်လုပ်ထားပြီးငါအမြဲနိုင်နေတယ်ဆိုပြီးမာန်တက်မနေနဲ့ တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်လို့ ဆိုလာတဲ့

သင်ဇာဝင့်ကျော်သရုပ်ဆောင်သင်ဇာဝင့်ကျော်ကတော့အမိုက်စားခန္ဓာကိုယ်တဲ့အတူအပီပြင်ဆုံးသရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုကို

အခိုင်အမာရရှိထားတဲ့မင်းသမီးချောပဲဖြစ်ပါတယ်။သင်ဇာဝင့်ကျော်ကတော့ပရဟိတလုပ်ငန်းတွေမှာလဲအနုပညာရှင်ညီအစ်ကိုမောင်နှမများနဲ့ပူးပေါင်းပြီးတက်တက်ကြွကြွပါဝင်ကူညီလှူဒါန်းပေးတတ်ပါသေးတယ်၊စိတ်ထားကောင်းတဲ့သင်ဇာဝင့်ကျော်ကအလှူအတန်းတွေမှာလဲရက်ရက်ရောရောရှိသူတစ်ယောက်လဲဖြစ်ပါတယ်နော်။သင်ဇာဝင့်ကျော်ကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်လှုပ်ရှားခဲ့ပါတယ်၊

အာ့ဒီအချိန်မှာသင်ဇာဝင့်ကျော်ပြောကြားထားတဲ့စကားလုံးများကပရိတ်သတ်များရဲ့ရင်ထဲကိုထိစေခဲ့တာတော့အမှန်ပါပဲနော်၊အခုတစ်ခါမှာဆိုရင်လဲသင်ဇာဝင့်ကျော်ကမကောင်းမှုလုပ်နေတဲ့သူတွေကိုအပြတ်ပြောပြလိုက်တာပဲဖြစ်ပါတယ်နော်။သင်ဇာဝင့်ကျော်ကအောက်ပါအတိုင်းပြောပြထားပါတယ်အလိမ်ခံရလည်းပြုံးနေတယ်၊အစော်ကားခံရလည်းပြုံးနေတယ်၊ယုတ်မာတာခံရလည်းပြုံးနေတယ်၊အရမ်းကြီးသဘောထားကြီးလို့တော့မဟုတ်ပါဘူး၊ဝဋ်ဆိုတာကတုန့်ပြန်တဲ့အခါပိုပြီးတိကျတယ်၊ပြတ်သားတယ်၊မျက်နှာမလိုက်ဘူး ၊တောင်းပန်လို့မရဘူး၊ငွေပေးလို့လည်းမရဘူး။

ကိုယ်လုပ်သမျှမကောင်းမှုတွေကိုတစ်ချိန်ချိန်မှာထပ်တူပြန်ရတာကိုဝဋ်လည်တယ်လို့ခေါ်ပါတယ်၊ငါတော့မကောင်းတာအကုန်လုပ်တယ်၊ငါအမြဲနိုင်နေတယ်ဆိုပြီးမာန်တက်မနေပါနဲ့၊သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုဆိုတာရှိပါတယ်။

ကိုယ်ကြိုက်တာကိုယ်လုပ်ကိုယ်ဖြစ်ကိုယ်ခံဆိုသလိုသူကြိုက်တာသူလုပ်သူဖြစ်သူခံပါလိမ့်မယ်ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားတာတွေ့ရပါတယ်နော်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ကိုပြန်လည်ကူးယူမျှဝေတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်နော်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *