Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်….

အချစ်ရေး

Q သောသူ-ညသန်းခေါင်မင်းဆီဖုန်းဆက်ပြီးညဉ့်နက်သည်အထိဖုန်းပြောတတ်တယ်ချစ်သောသူသင့်ကိုညသိပ်မနက်ဖို့ပြောလိမ့်မယ်.

Q သောသူ-သူကမင်းကိုလုပ်စရာရှိတာမလုပ်ခိုင်းဘဲသွားလည်ဖို့ခေါ်လေ့ရှိတယ်….

ချစ်သောသူ-သူကမင်းကိုအလုပ်ကောင်းကောင်းလုပ်ဖို့လောဆော်နေလိမ့်မယ်…

Q သောသူ-မင်းနေမကောင်းချိန်မှာ၊နားဝင်ချိုတဲ့စကားတွေပြောပြီးမင်းကိုဂရုစိုက်ပြလိမ့်မယ်…

ချစ်သောသူ-မင်းနေမကောင်းချိန်မှာသူ့ဂရုစိုက်မှုတွေကစိတ်ရှုပ်လောက်အောင်ကိုရှိပြီးဆရာဝန်အတင်းသွားကြည့်ခိုင်းတတ်တယ်…

Q သောသူ-သူကမင်းကိုစကားအကောင်းတွေပြောပြီးမင်းရဲနှစ်သက်မှုကိုရယူဖို့ကြိုးစားလေ့ရှိတယ်၊မင်းကလဲဒါကိုဘဲမွေ့လျော်နေတတ်

တယ်…

ချစ်သောသူ-သူပြောသမျှစကားတွေကမင်းကိုဂရုစိုက်တဲ့စကားတွေဖြစ်ပြီးအများအားဖြင့်မင်းကိုအမိန့်ပေးတာမျိုးနဲ့ပြောလေ့ရှိတယ်…

Q သောသူ-သူကမင်းအလိုကိုလိုက်တတ်ပြီးမင်းပျော်နေရင်ရပြီ…

ချစ်သောသူ-သူကမင်းကိုအမှားအမှန်တွေခွဲခြားပြတတ်ပြီးမင်းကတော့သူ့ကိုတော်တော်လျှာရှည်တတ်သူလို့သတ်မှတ်တတ်တယ်….

Q သောသူ-သူကမင်းကိုအပျော်ဆုံးပေးမယ်လို့ပြောလေ့ရှိတယ်…

ချစ်သောသူ-သူကတော့မင်းကိုသူနဲ့အတူရှိနေခြင်းဟာသူ့ရဲ.အပျော်ရွှင်ဆုံးအချိန်ဆိုတာကိုဘဲကတိပေးလိမ့်မယ်…

Q သောသူ-သူကမင်းရဲ.လှုပ်ရှားမှုအသေးစိတ်ကိုသတိထားလိမ့်မယ်၊မင်းမှားတာလုပ်မိရင်တောင်မင်းကိုထောက်ပြမှာမဟုတ်ဘူး…

ချစ်သောသူ-သူကမင်းရဲ.လုပ်ပုံကိုင်ပုံကိုသတိထားပြီးဘယ်နေရာမှာမှားနေလဲဆိုတာကိုထောက်ပြလိမ့်မယ်ဘယ်နေရာမှာဘယ်လိုလုပ်ရ

မယ်၊ဘယ်လိုလူတွေနဲ့ဆက်ဆံရမှာကိုပြောပြလေ့ရှိတယ်…

Q သောသူ-မင်းဘာလုပ်နေသလဲ၊ဘယ်သူနဲ့တွဲနေသလဲဆိုတာကိုဂရုစိုက်မှာမဟုတ်ဘူး…

ချစ်သောသူ-မင်းဘာတွေလုပ်နေသလဲ၊ဘယ်သူနဲ့တွဲနေလဲဆိုတာကိုအရမ်းအလေးထားတတ်ပြီးမင်းကိုဘယ်လိုလူတွေနဲ့မပေါင်းသင့်ဘူး

ဆိုတာကိုသတိပေးတတ်တယ်…

 

Q သောသူ-သူကအခုချိန်ကိုဘဲစဉ်းစားတယ်…

ချစ်သောသူ-သူကရှေ့ရေးကိုတောင်မျှော်မှန်းနေပြီးမင်းစိတ်ချမ်းသာအောင်ဘယ်လိုကြိုးစားရမလဲဆိုတာကိုတွေးခေါ်တတ်တယ်…

Q သောသူ-သူကငါမင်းကိုကြိုက်တယ်လို့ပြောလေ့ရှိတယ်…

ချစ်သောသူ-သူကတော့ငါမင်းကိုချစ်တယ်လို့ပြောတတ်တယ်…

တကယ်လို့မင်းသာတစ်ယောက်ယောက်ကိုချစ်ခဲ့ဖူးတယ်သို့မဟုတ်ချစ်ခံခဲ့ရဖူးတယ်ဆိုရင်တော့ဒီစာတွေဟာသိပ်ကိုမှန်ကန်တယ်လို့ခံစား

ရပါလိမ့်မယ်…

crd

Leave a Reply

Your email address will not be published. Required fields are marked *