ရင်နင့်အောင် ချစ်ခဲ့ဖူးသူတွေသာ သိရှိ ခံစားနိုင်မယ့် စိတ်ခံစားမှုအဖြစ်အပျက်များ……

အချစ်ရေး

ရင်နင့်အောင်ချစ်ခဲ့ဖူးသူတွေသာသိရှိခံစားနိုင်မယ့်အဖြစ်အပျက်များချစ်တယ်ဆိုတာကကြိုက်တာနဲ့လုံးဝမတူတာကိုချစ်ဖူးသူတိုင်းသိကြ

ပါတယ်။ဘယ်လိုစကားလုံးနဲ့ပြောပြရမယ်မသိလောက်အောင်ကွာခြားပါတယ်…

ချစ်ဖူးသူတွေရဲ့ခံစားချက်ကိုမချစ်ဖူးတဲ့သူတွေကတော့အထူးအဆန်းဖြစ်နေကြမှာပါရည်းစားတွေဘယ်လောက်ထားထားချစ်ဖူးချင်မှချစ်

ဖူးကြတာပါချစ်ဖူးတဲ့သူဆိုရင်တော့ဒီလိုအခြေအနေတွေကိုသိပြီးကိုယ်ချင်းစာတတ်ကြပါတယ်…

1. စိတ်လှုပ်ရှားတာ

ချစ်မိသွားတဲ့သူတစ်ယောက်ကကိုယ်ချစ်ရသူနဲ့အရမ်းမရင်းနှီးသေးတဲ့အချိန်မှာဆိုအရမ်းစိတ်လှုပ်ရှားရပါတယ်။စကားလုံးနဲ့ဖော်ပြလို့မရ

တဲ့စိတ်လှုပ်ရှားမှုကပုံမှန်ဖြစ်တတ်တဲ့စိတ်လှုပ်ရှားမှုနဲ့လုံးဝမတူပါဘူးဘာမျှော်လင့်ထားလဲမေးရင်ဘာမှမျှော်လင့်ထားလို့မဟုတ်ဘဲကိုယ့်

ရှေ့မှာသူရှိနေမှာဆိုတဲ့အတွေးနဲ့တင်စိတ်လှုပ်ရှားစေတာကအချစ်ကြောင့်ပါပဲ…

2. အရမ်းလွမ်းတာ

ချစ်မိကြတဲ့သူတိုင်းကအလွမ်းရဲ့ဒဏ်ကိုခံစားဖူးမှာပါလွမ်းတယ်ဆိုတာသတိရတာထက်ကိုပိုပါတယ်။ခြေမကိုင်မိလက်မကိုင်မိနဲ့ဘာလုပ်

လို့လုပ်ရမှန်းမသိလောက်အောင်လွမ်းတာမျိုးကိုချစ်ကြသူတွေပဲနားလည်ကြတာပါအရမ်းလွမ်းလို့ငိုမိတယ်ဆိုတာဒီအခြေအနေကြောင့်

ဖြစ်ပါတယ်…

3. ကြည့်နေရင်းနဲ့ လွမ်းတာ

ကိုယ့်ချစ်ရတဲ့သူကိုမျက်စိရှေ့မှာမြင်ရတာဘာနဲ့မှမလဲနိုင်တဲ့ခံစားမှုမျိုးလည်းဖြစ်ပါတယ်။မျက်စိရှေ့မှာကြည့်နေရင်းနဲ့လွမ်းနေမိတာကို

လည်းချစ်ဖူးတဲ့သူတွေသာသိကြတာပါကြိုပြီးပဲလွမ်းသလိုလိုဘာလိုလိုနဲ့ပြောရခက်အောင်လွမ်းမိတာမျိုးကိုချစ်ဖူးရင်တော့အနည်းဆုံး

တစ်ကြိမ်လောက်တော့ကြုံဖူးကြမှာပါ…

4. ဆုံးရှုံးလိုက်ရတဲ့အခါ

ချစ်ရတဲ့သူကိုဆုံးရှုံးရတဲ့နာကျင်မှုဆိုတာအတော့်ကိုခံစားရခက်ပါတယ်။ချစ်တဲ့သူကကိုယ့်ဆီဘယ်တော့မှရောက်မလာတော့ဘူးသူ့

ရင်ဘတ်ထဲမှာကိုယ်မရှိတော့ဘူးဆိုတဲ့အသိကလက်မခံချင်စရာကောင်းလှပါတယ်။ဒါကတော့ချစ်ခဲ့ဖူးပြီးအသဲကွဲဖူးသူတွေသာသိတဲ့

အခြေအနေလည်းဖြစ်ပါတယ်..

5. မချစ်ဘူးဆိုတာကို သိလိုက်ရတဲ့အခါ

ကိုယ့်ဘက်ကချစ်နေပေမယ့်သူ့ဘက်ကကိုယ့်ကိုမချစ်နေဘူးဆိုတဲ့အသိကရေမရှိတဲ့ဘူးကိုရေရှိတယ်ထင်မိတဲ့အဖြစ်နဲ့ဆင်တူပါတယ်။တ

ကယ့်ကိုဟာသွားတဲ့ခံစားချက်ပါပဲကိုယ်ကချစ်နေတာကလည်းပျောက်မသွားသလိုသူကလည်းချစ်မနေဘူးဆိုတာမျှော်လင့်ချက်မဲ့တဲ့သူ

တစ်ယောက်လိုကိုဖြစ်စေတတ်ပါသေးတယ်..

6. စိတ်ပူခြင်း

ချစ်မိတဲ့သူတစ်ယောက်မှာစိတ်ပူပန်ခြင်းဆိုတာအမြဲတွဲကပ်ပါနေတတ်ပါတယ်။ချစ်ရတဲ့သူဝမ်းနည်းနေတာနာကျင်နေတာကိုမြင်နေရတာ

ကချစ်မိတဲ့သူအတွက်လည်းနာကျင်မှုပါပဲသူ့အစားကိုယ်သာခံစားပေးချင်လောက်အောင်စိတ်ပူမိတာကလည်းချစ်မိလို့ပါပဲသူတစ်ခုခုများ

ဖြစ်နေမလားဆိုတဲ့တွေးပူမိခြင်းကလည်းအတော့်ကိုနေမထိထိုင်မသာဖြစ်စေတတ်တဲ့ခံစားမှုပါပဲ..

crd……

Leave a Reply

Your email address will not be published. Required fields are marked *