HHHH.ဆရာႀကီးအထာလာမလုပ္ဖို႔ ယူေကေလယာဥ္တင္သေဘၤာ အုပ္စုကို သတိေပးလိုက္တဲ့ သာေကာ ( ဆရာႀကီးလာမလုပ္နဲ႔ေနာ္ ငါငိုမွာတဲ့….)

News

ဆရာႀကီးအထာလာမလုပ္ဖို႔ ယူေကေလယာဥ္တင္သေဘၤာ အုပ္စုကို သတိေပးလိုက္တဲ့ သာေကာ ( ဆရာႀကီးလာမလုပ္နဲ႔ေနာ္ ငါငိုမွာတဲ့….)

ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲ ဝင္ေရာက္လာေနတဲ့ ၿဗိတိသွ် ေလယာဥ္တင္သေဘၤာ HMS Queen Elizabeth ဦးေဆာင္တဲ့ တိုက္ခိုက္ေရး ေရတပ္သဘၤာ အုပ္စုကို မသင့္ေလ်ာ္တဲ့ အျပဳအမူေတြ မလုပ္ဖို႔ တ႐ုတ္က သတိေပးလိုက္ပါတယ္။ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရး တပ္မေတာ္ ေရတပ္အေနနဲ႔ တိုက္ပြဲဝင္ဖို႔ အသင့္ျဖစ္ေနေအာင္ အဆင့္ျမင့္ျမင့္ ျပင္ဆင္ထားၿပီ ျဖစ္ေၾကာင္း အစိုးရ လိုလားတဲ့ တ႐ုတ္ ကြန္ျမဴနစ္ ပါတီရဲ႕ အာေဘာ္ Global Times သတင္းစာက ေရးပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ကို ျဖတ္သန္းလာတဲ့ ေလယာဥ္တင္ သေဘၤာ HMS Queen Elizabeth ဂ်ပန္ကို ဦးတည္ၿပီး ေတာင္တ႐ုတ္ပင္လယ္ကိုျဖတ္ကာ အေရွ႕ဘက္ကို ခရီးႏွင္လာေနတဲ့ ေလယာဥ္တင္သေဘၤာ အုပ္စုနဲ႔ ပတ္သက္လို႔ တ႐ုတ္က အနီးကပ္ ေစာင့္ၾကည့္ေနတာ ျဖစ္ၿပီး ၿဗိတိန္ဟာ ကိုလိုနီေခတ္က အက်င့္ေတြ မေပ်ာက္ေသးဘူးလို႔ စြပ္စြဲလိုက္ပါတယ္။ ၿဗိတိသွ် ေတာ္ဝင္ေရတပ္ဟာလည္း စကၤာပူေရတပ္နဲ႔ အတူ စစ္ေရး ေလ့က်င့္မႈေတြ လုပ္ခဲ့တာ ျဖစ္ၿပီး ၿဗိတိသွ် ကာကြယ္ေရး ဝန္ႀကီး ကိုယ္တိုင္ကလည္း ေတာင္တ႐ုတ္ပင္လယ္ထဲမွာ လြတ္လပ္စြာ ပင္လယ္ေရေၾကာင္း သြားလာႏိုင္ေရး အတြက္

ႀကိဳးပမ္းသြားမယ္လို႔ ေျပာထားၿပီး ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၆ က အျပည္ျပည္ဆိုင္ရာ တရား႐ုံးက ခ်မွတ္ခဲ့တဲ့ အမိန႔္ကို ဆန႔္က်င္ၿပီး တ႐ုတ္ဟာ ေတာင္တ႐ုတ္ပင္လယ္ နယ္ပယ္ အေတာ္မ်ားမ်ားကို သူပိုင္လို လုပ္ၿပီး ကြၽန္းတုေတြ တည္ေဆာက္ကာ ေလယာဥ္ေျပးလမ္းေတြ တည္ေဆာက္တာမ်ိဳးေတြ လုပ္ေနခဲ့ပါတယ္။ အဲဒီထဲက တခ်ိဳ႕ ကြၽန္းေတြဟာ တျခား အိမ္နီးခ်င္း ႏိုင္ငံေတြရဲ႕ ေရပိုင္နက္နဲ႔ပါ ေတာ္ေတာ္ နီးကပ္ေနၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေတာင္တ႐ုတ္ပင္လယ္ကို ပိုင္တယ္ဆိုၿပီး တ႐ုတ္က ေျပာေနတဲ့ၾကားမွာပဲ အေမရိကန္ေရတပ္နဲ႔ ေတာ္ဝင္ ေရတပ္ေတြက စစ္သေဘၤာေတြက

အဲဒီေရျပင္ကို တမင္ျဖတ္ၿပီး ခရီးႏွင္ျပေနၾကတာ ျဖစ္ပါတယ္။ ေတာင္တ႐ုတ္ ပင္လယ္အတြင္းက လူလုပ္ကြၽန္းတုေတြ တ႐ုတ္တည္ေဆာက္ေန ဒါေၾကာင့္ ၿပီးခဲ့တဲ့ ဇြန္လအတြင္း အျငင္းပြားေနတဲ့ ခ႐ိုင္းမီးယား ကြၽန္းဆြယ္အနီးက ပင္လယ္နက္ထဲမွာ ႀကဳံခဲ့ရသလို ၿဗိတိသွ် ဖ်က္သေဘၤာ HMS Defender ကို ႐ုရွား စစ္ေလယာဥ္ေတြက အနီးကပ္ပ်ံသန္းသြားတဲ့ ရင္ဆိုင္မႈမ်ိဳးေတြမ်ား ႀကဳံလာရႏိုင္မလား။ လန္ဒန္ၿမိဳ႕အေျခစိုက္ Royal United Services Insitute (Rusi) အဖြဲ႕ရဲ႕ အႀကီးတန္း သုေတသီ Veerle Nouwens ကေတာ့ တ႐ုတ္ဟာ

အေမရိကန္ရဲ႕ မဟာမိတ္ ႏိုင္ငံတႏိုင္ငံနဲ႔ ထိပ္တိုက္ေတြ႕ဖို႔ မလုပ္ပါဘူး လို႔ ဆိုပါတယ္။ ဒါေပမယ့္ သူတို႔ ဘာလဲ ဆိုတာေတာ့ သိေအာင္ ေျပာခ်င္ေျပာလိမ့္မယ္လို႔ သူက ဆိုပါတယ္။ တကယ္လို႔သာ ယူေကဘက္က ေတာင္တ႐ုတ္ပင္လယ္ထဲ လြတ္လပ္စြာ ေရေၾကာင္းခရီးသြားလာေရးကို ေဆာင္႐ြက္မယ္ဆိုရင္ ၿပီးခဲ့တဲ့ ၂၀၁၈ အတြင္းက HMS Albion ႀကဳံခဲ့ရတာမ်ိဳးေတာ့ ျဖစ္လာႏိုင္တယ္လို႔ Ms Nouwens က ဆိုပါတယ္။ အဲဒီတုန္းက HMS Albion နဲ႔ မီတာ ၂၀၀ အကြာကေန တ႐ုတ္စစ္သေဘၤာတစင္းက ကပ္ၿပီး လိုက္လာေနခဲ့တာ ျဖစ္ၿပီး ထြက္သြားဖို႔

သတိေပးတဲ့ အခါမွာလည္း တ႐ုတ္ ေလယာဥ္တစင္းက HMS Albion အနီးကေန ခပ္နိမ့္နိမ့္ ျဖတ္ၿပီး ပ်ံသန္း ျပခဲ့တာ ျဖစ္ပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ကို ျဖတ္လာတဲ့ အေမရိကန္ေရတပ္ တ႐ုတ္ကလည္း ဒီသီတင္းပတ္အတြင္း အဲဒီေဒသအတြင္းမွာ စစ္ေရး ေလ့က်င့္မႈေတြ ျပင္းျပင္းထန္ထန္ လုပ္ေနခဲ့တာ ျဖစ္ပါတယ္။ ကမ္းတက္တိုက္ခိုက္တာမ်ိဳးေတြပါ လုပ္ေနခဲ့တာေၾကာင့္ တခ်ိဳ႕ ေလ့လာသူေတြက ထိုင္ဝမ္ကို တက္သိမ္းဖို႔ ျပင္ေနၿပီလားဆိုၿပီး စိုးရိမ္တာေတာင္ ရွိပါတယ္။ Global Times သတင္းစာကေတာ့ ၿဗိတိသွ် ေလယာဥ္တင္သေဘၤာ အုပ္စု ေတာင္တ႐ုတ္ပင္လယ္ထဲ

ေရာက္လာတာေၾကာင့္ တ႐ုတ္ေရတပ္အတြက္ ယူေကရဲ႕ ေနာက္ဆုံးေပၚ စစ္သေဘၤာေတြကို အနီးကပ္ေလ့လာဖို႔ အခြင့္အေရး ရေစတယ္လို႔ ေဖာ္ျပထားပါတယ္။ ေရေၾကာင္းခရီး လြတ္လပ္စြာ သြားလာခြင့္ကို ၿခိမ္းေျခာက္တယ္ဆိုတာဟာ ေဒသတြင္း စစ္ေရး တင္းမာမႈေတြ ျမင့္တက္လာေအာင္ ကမာၻတျခမ္းကို ျဖတ္ၿပီး ေတာင္တ႐ုတ္ပင္လယ္ထဲကို ေလယာဥ္တင္သေဘၤာအုပ္စု ေစလႊတ္ၿပီး အင္အားျပတာမ်ိဳးသာ ျဖစ္တယ္လို႔ လန္ဒန္ၿမိဳ႕က တ႐ုတ္သံ႐ုံးရဲ႕ ေျပာခြင့္ရသူကို ကိုးကားၿပီး ေျပာပါတယ္။ ဒီလို ေတာင္တ႐ုတ္ ပင္လယ္ထဲကို ေလယာဥ္တင္ သေဘၤာအုပ္စု ေရာက္လာတဲ့ အတြက္

ေဘက်င္းရဲ႕ ေဒါသတႀကီး တုံ႔ျပန္မႈတခ်ိဳ႕ ရွိေပမယ့္ ရဲ႕ Rusi လုပ္ေဖာ္ကိုင္ဖက္ ေရတပ္ စြမ္းရည္ဆိုင္ရာ သုေတသီ တဦး ျဖစ္တဲ့ Sidharth Kaushal ကေတာ့ ေရတပ္ခ်င္း ရင္ဆိုင္မႈေတြနဲ႔ ပတ္သက္ရင္ တ႐ုတ္ဟာလည္း စစ္ျဖစ္လာေလာက္တဲ့ အေျခအေနမ်ိဳး ေရာက္ေလာက္ေအာင္ေတာ့ မလုပ္ပါဘူးလို႔ ဆိုပါတယ္။ HMS Queen Elizabeth HMS Queen Elizabeth ေလယာဥ္သေဘၤာ နဲ႔ အရံေရတပ္ သေဘၤာ ေတြကို အေရွ႕အာရွကို ေစလႊတ္တာကေတာ့ ၿဗိတိသွ် အစိုးရက ကမာၻ႔လုံၿခဳံေရးရာ က႑မွာ ပိုမို

အေရးပါတဲ့ ေနရာကပါဝင္ ေဆာင္႐ြက္ဖို႔ ရည္႐ြယ္ထားတဲ့ အတြက္ျဖစ္ပါတယ္။ ၿဗိတိသွ် ေတြလိုပဲ ျပင္သစ္နဲ႔ တျခား ဥေရာပ ႏိုင္ငံေတြကလည္း ေတာင္တ႐ုတ္ပင္လယ္ အတြင္း တ႐ုတ္ရဲ႕ စစ္ေရး တည္ေဆာက္မႈနဲ႔ စီးပြားေရး အင္အား တားမရေအာင္ ႀကီးမားလာေနတဲ့ အေပၚမွာ အာ႐ုံစိုက္လာေနၾကၿပီ ျဖစ္ပါတယ္။ တ႐ုတ္ဟာ မၾကာေသးခင္က စၿပီး သူတို႔ရဲ႕

တိုက္ခ်င္းပစ္ န်ဴကလီးယား လက္နက္ေတြကို အဆင့္ျမႇင့္တင္လာတာ ေတြ႕ရပါတယ္။ လူသူ အေရာက္အေပါက္နည္းတဲ့ ရွင္က်န္း ေဒသတြင္းမွာ ဒုံးက်ည္ ပစ္စင္အသစ္ေတြ တည္ေဆာက္တာမ်ိဳးေတြ လုပ္လာခဲ့ပါတယ္။ ေနာက္ၿပီး Hypersonic Glide Vehicles လို႔ေခၚတဲ့ အသံထက္ ၈ ဆ အျမန္အထိ သြားႏိုင္မယ့္ အလ်င္အဟုန္ျမင့္ ေလယာဥ္တင္ သေဘၤာဖ်က္ ဒုံးက်ည္ေတြ တီထြင္ႏိုင္ဖို႔လည္း ႀကိဳးစားေနၾကပါတယ္။

ယူနီကုတ္

ဆရာကြီးအထာလာမလုပ်ဖို့ ယူကေလေယာဉ်တင်သင်္ဘော အုပ်စုကို သတိပေးလိုက်တဲ့ သာကော ( ဆရာကြီးလာမလုပ်နဲ့နော် ငါငိုမှာတဲ့….)

တောင်တရုတ်ပင်လယ်ပြင်ထဲ ဝင်ရောက်လာနေတဲ့ ဗြိတိသျှ လေယာဉ်တင်သင်္ဘော HMS Queen Elizabeth ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေတပ်သင်္ဘာ အုပ်စုကို မသင့်လျော်တဲ့ အပြုအမူတွေ မလုပ်ဖို့ တရုတ်က သတိပေးလိုက်ပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်အနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေအောင် အဆင့်မြင့်မြင့် ပြင်ဆင်ထားပြီ ဖြစ်ကြောင်း အစိုးရ လိုလားတဲ့ တရုတ် ကွန်မြူနစ် ပါတီရဲ့ အာဘော် Global Times သတင်းစာက ရေးပါတယ်။

တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းလာတဲ့ လေယာဉ်တင် သင်္ဘော HMS Queen Elizabeth ဂျပန်ကို ဦးတည်ပြီး တောင်တရုတ်ပင်လယ်ကိုဖြတ်ကာ အရှေ့ဘက်ကို ခရီးနှင်လာနေတဲ့ လေယာဉ်တင်သင်္ဘော အုပ်စုနဲ့ ပတ်သက်လို့ တရုတ်က အနီးကပ် စောင့်ကြည့်နေတာ ဖြစ်ပြီး ဗြိတိန်ဟာ ကိုလိုနီခေတ်က အကျင့်တွေ မပျောက်သေးဘူးလို့ စွပ်စွဲလိုက်ပါတယ်။ ဗြိတိသျှ တော်ဝင်ရေတပ်ဟာလည်း စင်္ကာပူရေတပ်နဲ့ အတူ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ခဲ့တာ ဖြစ်ပြီး ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ကိုယ်တိုင်ကလည်း တောင်တရုတ်ပင်လယ်ထဲမှာ လွတ်လပ်စွာ ပင်လယ်ရေကြောင်း သွားလာနိုင်ရေး အတွက်

ကြိုးပမ်းသွားမယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ က အပြည်ပြည်ဆိုင်ရာ တရားရုံးက ချမှတ်ခဲ့တဲ့ အမိန့်ကို ဆန့်ကျင်ပြီး တရုတ်ဟာ တောင်တရုတ်ပင်လယ် နယ်ပယ် အတော်များများကို သူပိုင်လို လုပ်ပြီး ကျွန်းတုတွေ တည်ဆောက်ကာ လေယာဉ်ပြေးလမ်းတွေ တည်ဆောက်တာမျိုးတွေ လုပ်နေခဲ့ပါတယ်။ အဲဒီထဲက တချို့ ကျွန်းတွေဟာ တခြား အိမ်နီးချင်း နိုင်ငံတွေရဲ့ ရေပိုင်နက်နဲ့ပါ တော်တော် နီးကပ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တောင်တရုတ်ပင်လယ်ကို ပိုင်တယ်ဆိုပြီး တရုတ်က ပြောနေတဲ့ကြားမှာပဲ အမေရိကန်ရေတပ်နဲ့ တော်ဝင် ရေတပ်တွေက စစ်သင်္ဘောတွေက

အဲဒီရေပြင်ကို တမင်ဖြတ်ပြီး ခရီးနှင်ပြနေကြတာ ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်အတွင်းက လူလုပ်ကျွန်းတုတွေ တရုတ်တည်ဆောက်နေ ဒါကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း အငြင်းပွားနေတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်အနီးက ပင်လယ်နက်ထဲမှာ ကြုံခဲ့ရသလို ဗြိတိသျှ ဖျက်သင်္ဘော HMS Defender ကို ရုရှား စစ်လေယာဉ်တွေက အနီးကပ်ပျံသန်းသွားတဲ့ ရင်ဆိုင်မှုမျိုးတွေများ ကြုံလာရနိုင်မလား။ လန်ဒန်မြို့အခြေစိုက် Royal United Services Insitute (Rusi) အဖွဲ့ရဲ့ အကြီးတန်း သုတေသီ Veerle Nouwens ကတော့ တရုတ်ဟာ

အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတနိုင်ငံနဲ့ ထိပ်တိုက်တွေ့ဖို့ မလုပ်ပါဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ ဘာလဲ ဆိုတာတော့ သိအောင် ပြောချင်ပြောလိမ့်မယ်လို့ သူက ဆိုပါတယ်။ တကယ်လို့သာ ယူကေဘက်က တောင်တရုတ်ပင်လယ်ထဲ လွတ်လပ်စွာ ရေကြောင်းခရီးသွားလာရေးကို ဆောင်ရွက်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၈ အတွင်းက HMS Albion ကြုံခဲ့ရတာမျိုးတော့ ဖြစ်လာနိုင်တယ်လို့ Ms Nouwens က ဆိုပါတယ်။ အဲဒီတုန်းက HMS Albion နဲ့ မီတာ ၂၀၀ အကွာကနေ တရုတ်စစ်သင်္ဘောတစင်းက ကပ်ပြီး လိုက်လာနေခဲ့တာ ဖြစ်ပြီး ထွက်သွားဖို့

သတိပေးတဲ့ အခါမှာလည်း တရုတ် လေယာဉ်တစင်းက HMS Albion အနီးကနေ ခပ်နိမ့်နိမ့် ဖြတ်ပြီး ပျံသန်း ပြခဲ့တာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ကို ဖြတ်လာတဲ့ အမေရိကန်ရေတပ် တရုတ်ကလည်း ဒီသီတင်းပတ်အတွင်း အဲဒီဒေသအတွင်းမှာ စစ်ရေး လေ့ကျင့်မှုတွေ ပြင်းပြင်းထန်ထန် လုပ်နေခဲ့တာ ဖြစ်ပါတယ်။ ကမ်းတက်တိုက်ခိုက်တာမျိုးတွေပါ လုပ်နေခဲ့တာကြောင့် တချို့ လေ့လာသူတွေက ထိုင်ဝမ်ကို တက်သိမ်းဖို့ ပြင်နေပြီလားဆိုပြီး စိုးရိမ်တာတောင် ရှိပါတယ်။ Global Times သတင်းစာကတော့ ဗြိတိသျှ လေယာဉ်တင်သင်္ဘော အုပ်စု တောင်တရုတ်ပင်လယ်ထဲ

ရောက်လာတာကြောင့် တရုတ်ရေတပ်အတွက် ယူကေရဲ့ နောက်ဆုံးပေါ် စစ်သင်္ဘောတွေကို အနီးကပ်လေ့လာဖို့ အခွင့်အရေး ရစေတယ်လို့ ဖော်ပြထားပါတယ်။ ရေကြောင်းခရီး လွတ်လပ်စွာ သွားလာခွင့်ကို ခြိမ်းခြောက်တယ်ဆိုတာဟာ ဒေသတွင်း စစ်ရေး တင်းမာမှုတွေ မြင့်တက်လာအောင် ကမ္ဘာတခြမ်းကို ဖြတ်ပြီး တောင်တရုတ်ပင်လယ်ထဲကို လေယာဉ်တင်သင်္ဘောအုပ်စု စေလွှတ်ပြီး အင်အားပြတာမျိုးသာ ဖြစ်တယ်လို့ လန်ဒန်မြို့က တရုတ်သံရုံးရဲ့ ပြောခွင့်ရသူကို ကိုးကားပြီး ပြောပါတယ်။ ဒီလို တောင်တရုတ် ပင်လယ်ထဲကို လေယာဉ်တင် သင်္ဘောအုပ်စု ရောက်လာတဲ့ အတွက်

ဘေကျင်းရဲ့ ဒေါသတကြီး တုံ့ပြန်မှုတချို့ ရှိပေမယ့် ရဲ့ Rusi လုပ်ဖော်ကိုင်ဖက် ရေတပ် စွမ်းရည်ဆိုင်ရာ သုတေသီ တဦး ဖြစ်တဲ့ Sidharth Kaushal ကတော့ ရေတပ်ချင်း ရင်ဆိုင်မှုတွေနဲ့ ပတ်သက်ရင် တရုတ်ဟာလည်း စစ်ဖြစ်လာလောက်တဲ့ အခြေအနေမျိုး ရောက်လောက်အောင်တော့ မလုပ်ပါဘူးလို့ ဆိုပါတယ်။ HMS Queen Elizabeth HMS Queen Elizabeth လေယာဉ်သင်္ဘော နဲ့ အရံရေတပ် သင်္ဘော တွေကို အရှေ့အာရှကို စေလွှတ်တာကတော့ ဗြိတိသျှ အစိုးရက ကမ္ဘာ့လုံခြုံရေးရာ ကဏ္ဍမှာ ပိုမို

အရေးပါတဲ့ နေရာကပါဝင် ဆောင်ရွက်ဖို့ ရည်ရွယ်ထားတဲ့ အတွက်ဖြစ်ပါတယ်။ ဗြိတိသျှ တွေလိုပဲ ပြင်သစ်နဲ့ တခြား ဥရောပ နိုင်ငံတွေကလည်း တောင်တရုတ်ပင်လယ် အတွင်း တရုတ်ရဲ့ စစ်ရေး တည်ဆောက်မှုနဲ့ စီးပွားရေး အင်အား တားမရအောင် ကြီးမားလာနေတဲ့ အပေါ်မှာ အာရုံစိုက်လာနေကြပြီ ဖြစ်ပါတယ်။ တရုတ်ဟာ မကြာသေးခင်က စပြီး သူတို့ရဲ့

တိုက်ချင်းပစ် နျူကလီးယား လက်နက်တွေကို အဆင့်မြှင့်တင်လာတာ တွေ့ရပါတယ်။ လူသူ အရောက်အပေါက်နည်းတဲ့ ရှင်ကျန်း ဒေသတွင်းမှာ ဒုံးကျည် ပစ်စင်အသစ်တွေ တည်ဆောက်တာမျိုးတွေ လုပ်လာခဲ့ပါတယ်။ နောက်ပြီး Hypersonic Glide Vehicles လို့ခေါ်တဲ့ အသံထက် ၈ ဆ အမြန်အထိ သွားနိုင်မယ့် အလျင်အဟုန်မြင့် လေယာဉ်တင် သင်္ဘောဖျက် ဒုံးကျည်တွေ တီထွင်နိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။

crd-

Leave a Reply

Your email address will not be published. Required fields are marked *