ငှက်ပျောပင်ရောင်းမယ်လို့ အာဏာာသိမ်းစစ်ခေါင်းဆောင် ကြေညာ(အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ပါ)

News

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် အထွေထွေချွတ်ခြုံကျမှုကို ဦးတည်နေချိန်

အာဏာသိမ်းစစ်ခေါင်းဆောင်က ငှက်ပျောပင်ရောင်းမည်ဟု ဇွန် ၁၇ ရက်တွင် ကြေညာခဲ့သည်။စစ်ကောင်စီ၏ ၉ကြိမ်မြောက် စီမံခန့်ခွဲမှုအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

စားသောက်ကုန်နှင့်ပတ်သက်၍ စစ်တပ်အနေဖြင့် တစ်သျှူးနည်းဖြင့်ဖီးကြမ်းနှင့် သီးမွှေးငှက်ပျောများ ထုတ်လုပ်လျက်ရှိကြောင်း၊ငှက်ပျောသီး သည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အာဟာရပြည့်ဝစွာရရှိကြောင်း၊

သို့ဖြစ်၍ ဝန်ကြီးဌာနများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများတွင်စိုက်ပျိုးလိုပါက ပျိုးပင်များကို သင့်လျော်သည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ယင်းသို့ဆောင်ရွက်ပါက တိုင်းပြည်အတွက် အကျိုးများစွာရရှိမည်ဖြစ်ကြောင်း၊

အစိုးရအနေဖြင့် ပြည်သူလူထု၏ စားရေ ရိက္ခာ ဖူလုံရေးနှင့် ဈေးနှုန်းသက်သက်သာသာဖြင့်ဝယ်ယူစားသုံးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏လက်ထက်တွင်

လောင်စာဆီထုတ်လုပ်ရန်ဟုဆိုကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြက်ဆူပင်များစိုက်ပျိုးရန် အမိန့်ထုတ်ခဲ့၍တစ်နိုင်ငံလုံးရှိစာသင်ကျောင်းများပါမကျန် ကြက်ဆူပင်များစိုက်ပျိုးခဲ့ရသေးသည်။

သူ့ကိုသူ အာဏာထိမ်းခေါင်းဆောင်အဖြစ် သုံးနှုန်းနေပြီးတစ်ကမ္ဘာလုံးက အာဏာသိမ်းခေါင်းဆောင်အဖြစ် သုံးနှုန်းခေါ်ဝေါ်နေသည့်

ယခု စစ်ခေါင်းဆောင်ကလည်း ငှက်ပျောပင်စိုက်ရန် သင့်တော်သည့်နှုန်းထားဖြင့် ရောင်းပေးမည်ဟု ဆိုပြန်သည်။ဌာနဆိုင်ရာများ ဖီးကြမ်းနှင့်သီးမွှေးငှက်ပျော စိုက်ပျိုးရန် စစ်ကောင်စီက ဖြန့်ဖြူးပေးမည်ဟု မင်းအောင်လှိုင်ပြော

တိုင်းပြည်အကျိုးရှိနိုင်သည်ဆိုသော တစ်သျှူးနည်းဖြင့် ဖီးကြမ်းနှင့် သီးမွှေး ငှက်ပျောများ စိုက် ပျိုးနိုင်ရန်သင့်တော်သော နှုန်းထားဖြင့် စစ်ကောင်စီက ဖြန့်ဖြူးပေးမည်ဟု အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်ကယမန်နေ့ နေပြည်တော် စစ်ကောင်စီ စီမံခန့်ခွဲရေး အစည်း အဝေးတွင် ပြောဆိုသည်။

 

ငှက်ပျောစိုက်ပျိုးခြင်းဖြင့် တိုင်းပြည် အတွက် အကျိုးများစွာ ရရှိမည်ဖြစ်ကြောင်း၊ငှက်ပျောသီးသည် ကျန်းမာရေးအထောက်အကူပြုပြီး အာဟာရ ပြည့်၀စွာ ရရှိကြောင်း၊ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများတွင် စိုက်ပျိုးလိုပါက

သင့်လျော်သည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။ကချင်ပြည်နယ်တွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းများကြောင့်

သဘာ၀ပတ်ဝန်းကျင်နှင့် မြေဩဇာ ထိခိုက်ပျက်စီးမှုများရှိနေကြောင်း ဒေသဆိုင်ရာ သတင်းများတွင် မကြာခဏ ဖော်ပြခဲ့ကြသည်။

(Zawgyi)

ငှက်ပျောပင်ရောင်းမယ်လို့ အာဏာာသိမ်းစစ်ခေါင်းဆောင် ကြေညာ

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် အထွေထွေချွတ်ခြုံကျမှုကို ဦးတည်နေချိန်အာဏာသိမ်းစစ်ခေါင်းဆောင်က ငှက်ပျောပင်ရောင်းမည်ဟု ဇွန် ၁၇ ရက်တွင် ကြေညာခဲ့သည်။

စစ်ကောင်စီ၏ ၉ကြိမ်မြောက် စီမံခန့်ခွဲမှုအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။စားသောက်ကုန်နှင့်ပတ်သက်၍ စစ်တပ်အနေဖြင့် တစ်သျှူးနည်းဖြင့်ဖီးကြမ်းနှင့် သီးမွှေးငှက်ပျောများ ထုတ်လုပ်လျက်ရှိကြောင်း၊

ငှက်ပျောသီး သည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အာဟာရပြည့်ဝစွာရရှိကြောင်း၊သို့ဖြစ်၍ ဝန်ကြီးဌာနများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများတွင်

စိုက်ပျိုးလိုပါက ပျိုးပင်များကို သင့်လျော်သည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ယင်းသို့ဆောင်ရွက်ပါက တိုင်းပြည်အတွက် အကျိုးများစွာရရှိမည်ဖြစ်ကြောင်း၊

အစိုးရအနေဖြင့် ပြည်သူလူထု၏ စားရေ ရိက္ခာ ဖူလုံရေးနှင့် ဈေးနှုန်းသက်သက်သာသာဖြင့်ဝယ်ယူစားသုံးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏လက်ထက်တွင်လောင်စာဆီထုတ်လုပ်ရန်ဟုဆိုကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြက်ဆူပင်များစိုက်ပျိုးရန် အမိန့်ထုတ်ခဲ့၍တစ်နိုင်ငံလုံးရှိစာသင်ကျောင်းများပါမကျန် ကြက်ဆူပင်များစိုက်ပျိုးခဲ့ရသေးသည်။

သူ့ကိုသူ အာဏာထိမ်းခေါင်းဆောင်အဖြစ် သုံးနှုန်းနေပြီးတစ်ကမ္ဘာလုံးက အာဏာသိမ်းခေါင်းဆောင်အဖြစ် သုံးနှုန်းခေါ်ဝေါ်နေသည့်

ယခု စစ်ခေါင်းဆောင်ကလည်း ငှက်ပျောပင်စိုက်ရန် သင့်တော်သည့်နှုန်းထားဖြင့် ရောင်းပေးမည်ဟု ဆိုပြန်သည်။ဌာနဆိုင်ရာများ ဖီးကြမ်းနှင့်သီးမွှေးငှက်ပျော စိုက်ပျိုးရန် စစ်ကောင်စီက ဖြန့်ဖြူးပေးမည်ဟု မင်းအောင်လှိုင်ပြော

တိုင်းပြည်အကျိုးရှိနိုင်သည်ဆိုသော တစ်သျှူးနည်းဖြင့် ဖီးကြမ်းနှင့် သီးမွှေး ငှက်ပျောများ စိုက် ပျိုးနိုင်ရန်သင့်တော်သော နှုန်းထားဖြင့် စစ်ကောင်စီက ဖြန့်ဖြူးပေးမည်ဟု အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်ကယမန်နေ့ နေပြည်တော် စစ်ကောင်စီ စီမံခန့်ခွဲရေး အစည်း အဝေးတွင် ပြောဆိုသည်။

ငှက်ပျောစိုက်ပျိုးခြင်းဖြင့် တိုင်းပြည် အတွက် အကျိုးများစွာ ရရှိမည်ဖြစ်ကြောင်း၊ငှက်ပျောသီးသည် ကျန်းမာရေးအထောက်အကူပြုပြီး အာဟာရ ပြည့်ဝစွာ ရရှိကြောင်း၊ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများတွင် စိုက်ပျိုးလိုပါက

သင့်လျော်သည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။ကချင်ပြည်နယ်တွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းများကြောင့်

သဘာဝပတ်ဝန်းကျင်နှင့် မြေဩဇာ ထိခိုက်ပျက်စီးမှုများရှိနေကြောင်း ဒေသဆိုင်ရာ သတင်းများတွင် မကြာခဏ ဖော်ပြခဲ့ကြသည်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *