ရည်းစားပင် မရှိသေးသောသူများကို အားကျသွားစေမည့် “မချောနှစ်ယောက် ကိုယ်တစ်ယောက်” အချစ်ဇာတ်လမ်းလေ
အချစ်ရေး
ရည်းစားပင်မရှိသေးသောသူများကို အားကျသွားစေမည့် “မချောနှစ်ယောက် ကိုယ်တစ်ယောက်” အချစ်ဇာတ်လမ်းလေးအချစ်ဆိုတာ ဆန်းကြယ်သောအရာတစ်ခုဖြစ်ပြီး ကိုယ်ကသူ့တစ်ယောက်တည်းချစ်ရင် သူလည်းကိုယ့်ကိုပဲ ချစ်စေချင်ကြသည်။
သို့သော် ကိုယ်ချစ်တဲ့သူမှာ ကိုယ့်အပြင်အခြားတစ်ယောက်လည်း ထပ်ရှိနေသေးသည်ကို သိရှိသော သူများမှာ ဝမ်းနည်းနာကျင်ရသည့်အပြင် အချို့ကျ ဖောက်ပြန်သည်ကို ခွင့်မလွှတ်နိုင်ကြ၍ နာကျည်းမုန်းတီးသွားတာမျိုးလည်းရှိသည်။
ယခုအခါမှာတော့ ထိုင်းနိုင်ငံတွင် နေထိုင်သော Manopအမည်ရှိသော အမျိုးသားသည် Warissara Poksrichan အမည်ရှိသူ အသက် ၃၂နှစ်အရွယ် အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့ရာ သားသမီးများနှင့်အတူ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းခဲ့သည်။
ထို့နောက် အမျိုးသားသည် အိမ်ထောင်သက်တမ်း ၁၀အကြာတွင် အခြားသော ၂၆နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် တွေ့ပြီး ချစ်ကြိုက်ခဲ့ရာ နောက်အိမ်ထောင်ထပ်ပြုခဲ့ပြန်သည်။
အမျိုးသားဧ။် ပထမဇနီးဖြစ်သူသည် ခင်ပွန်းအားဖောက်ပြန်ခဲ့သည်ကို သိနေသော်လည်း အပြစ်မပြောသည့်အပြင် မိန်းမချင်းကိုယ်ချင်းစာပြီး စိတ်မဆိုးပဲ ဒုတိယဇနီးကိုပင် သူငယ်ချင်းအဖြစ်သတ်မှတ်ပြီးတော့ အိမ်ပေါ်ခေါ်တင်ကျွေးထားသေးသည်။
ထိုအဖြစ်အပျက်သည် လူမှုမီဒီယာတွင် နာမည်ကြီးခဲ့ပြီး ဇနီးနှစ်ယောက်ဖြစ်နေသော်လည်းအိမ်ထောင်ရေးအခြေအနေကို လူတိုင်းကသိချင်ကြသည်။
ထို့ကြောင့် အမျိုးသားသည် သူတို့အိမ်ထောင်ရေး သာသာယာယာဖြစ်ရသည့်အကြောင်းမှာ တစ်ဦးနှင့်တစ်ဦး ဂရုစိုက် နားလည်မှုတွေအပြင် အမျိုးသားဖက်မှလည်း ဇနီးနှစ်ယောက်လုံးကို တန်းတူဆက်ဆံပြီး ခွဲခြားခြင်းမျိုးမရှိ၍ အဆင်ပြေကြောင်း ဆိုခဲ့သည်။
Unicode
Crd
Leave a Reply
Your email address will not be published. Required fields are marked *