ဘယ်သူက သားကောင်လဲလို့ မေးနိုင်လောက်တဲ့ GENERATION Zတေွရဲ့အားသာချက်

News

” မြို့ပြပျောက်ကျားတွေကို ဖင်တုန်အောင်ကြောက်ကုန်ကြပြီ ”

ရန်သူရဲ့အားနည်းချက်ကိုသိရတာလောက်အဖိုးတန်တာဘာရှိမှာလဲ။အဲဒီအားနည်းချက်က “ကြောက်စိတ်”ပဲ။
ပြည်သူကဒီလိုတုံ့ပြန်လိမ့်မယ်ထင်မထားဘူးလို့တောင်ထုတ်ဖော်ဝန်ခံထားရတယ်။

ပထမတစ်ချက်ကလက်နက်အားကိုးနဲ့ငါလုပ်ချင်တာလုပ်လို့ရတယ်။လုပ်လိုက်ရင်ခဏပဲ။အရင်ကလည်းဒီအတိုင်းပဲလို့အခြေအနေအချိန်အခါ ခေတ်သဘောကိုဉာဏ်နဲ့ယှဉ်မသုံးသပ်တတ်ဘဲထင်ရာလုပ်တာကိုဖော်ပြတာ။

အထူးသဖြင့်ဒီလိုလုပ်တာကိုထောက်ခံလိမ့်မယ်လို့သာယူဆခဲ့တယ်ဆိုရင်သေချာတာကဒီလူတွေအနားမှာခိုင်းတာလုပ်ရုံကလွဲ၊ ဝေဖန်ဆွေးနွေးသင့်မသင့်ချိန်ထိုးပေးနိုင်၊ ပေးဝံ့တဲ့ပုဂ္ဂိုလ်တွေမရှိတာကိုဖော်ပြတယ်။ဒါအဖွဲ့အစည်းတစ်ခုအတွက်ကျဆုံးစေတဲ့အချက်ပဲ။အဓိကအားနည်းချက်တွေကအရေးပါတဲ့တစ်ချက်ဆိုပါတော့။

ဒါကြောင့်လည်းစကစလို့အပူတပြင်းဖွဲ့တဲ့အခါ ဘောင်မဝင်၊တန်းမဝင်၊အဆင့်မရှိတဲ့လူတွေချည်းတွေ့နေရတာသက်သေ။
အခုလေထဲအသင်းဘာညာသာဖိန့်နေတာအချိန်ကိုက်လိုင်းဖြတ်တဲ့အထိလုပ်တာဟာတကယ်က ကြောက်ကန်ကန်တာပဲ။

အဓိကတော့လူထုစိတ်ခွန်အားထပ်ရမှာကိုကြောက်တာ။ဒီအကြောက်တရားကသူတို့ဖုံးကွယ်မရတော့တဲ့ သွေးရူးသွေးတန်းပြိုကွဲမှု။တချို့ကသုံးသပ်တယ်။လိုင်းဖြတ်တာက ပြည်တွင်းမှာသုံးနေတဲ့အဖွဲ့ဝင်တွေကိုခြေရာခံချင်လို့စသဖြင့်။ဒီလောက်နဲ့တော့ဗျာ။
ဖမ်းပေါ့ သတိမထားမိဘူးလားDASSKကိုဆွဲထိန်းထားရင် ပွဲသိမ်းပြီတွက်ပြီးအရင်ဖမ်းပြီးမှ အာဏာလုရဲတာခုကဘယ်သူမရှိလို့ဆိုတဲ့ခေတ်မဟုတ်တော့ဘူး။

ပြည်သူကကျားနာဖြစ်နေပြီ ကျားနာခဲ ခဲတာကို သူတို့ခံနေရပြီ ခဲတာကလည်းဗရမ်းပတာမဟုတ်ဘဲစနစ်တကျစုဖွဲ့ပြီး အမြစ်ပြတ်တိုက်တော့မှာဘွာတေးမရ။အရသာခံကြစမ်းပါအားတက်ကြစမ်းပါ။

ရန်သူရဲ့ ကြောက်စိတ်နံ့မရဘူးလား။ ကြောက်ကန်ကန်နေတာမခံစားရဘူးလားဖမ်းချင်တာလောက်နဲ့လိုင်းဖြတ်တယ်ထင်လား။မထင်ဘူး။ပြည်သူစိတ်အားတက်မှာ၊ပိုပိုညီညွတ်သန်မာလာမှာ မာကျောကျစ်လစ်လက်နက်ဖြစ်လာမှာကို အသေကြောက်နေတာ။ဒါကိုထိကပါးရိကပါးလိုလိုလိုင်းဖြတ်ရုံနဲ့နိုင်ပြီလားလို့ပညာပြည့်ဝနှလုံးလှသလိုလိုဘောနှစ်ဖက်ခွထိုင်ဖို့ပြင်နေသူတွေကိုလည်း ရွံတယ်။သိကြလိမ့်မယ်။

ကိုယ့်အသင်းနိုင်တော့မယ်ဆိုတာကို ဘောလုံးပွဲအကြည့်များသူတွေသဘောပေါက်တယ်အားကစားသမားတွေဆိုလည်း နားလည်မယ်ရှိုးတွေဘာတွေတစ်ချက်မှောက်ဆော့တတ်သူတွေဆိုပိုသိမယ်။


ဘယ်သူဘာဖဲနင်းပြီးဖိန့်နေတာ၊ဖြဲနေတာတွက်လို့ရတယ်ထားတော့။အဓိကကသူတို့ကြောက်တဲ့လက်နက်ကိုပိုခိုင်မာဖို့ ကျွန်တော်တို့အားထုတ်ရမယ်

အဲဒါကတော့မကြောက်တရား၊စည်းလုံးညီညွတ်မှု၊လူမျိုးဘာသာပေါင်းစုံတသားတည်းဖြစ်မှု၊တော်လှန်ရေးသစ္စာနဲ့စနစ်ကျနမှုပြီးတော့လုံခြုံမှု။နောက်ထပ်ကတော့အတွင်းသူလျှို၊လောက်ကောင်၊သတင်းပေးဖော်ထုတ်ရှင်းလင်းနိုင်ဖို့။ကျန်တာကတော့အောင်ပွဲပါပဲ။ပြောရဦးမယ်။

လူတွေကလိုင်းဖြတ်တာကိုဆဲတယ်၊ပေါက်ကွဲတယ်ထင်နေတာလားမဟုတ်ဘူး။ယုတ်မာတာ၊ယောကျာ်းမဆန်တာ၊အောက်တန်းကျတာအရှက်မဲ့လွန်းတာနဲ့တိုင်းပြည်နဲ့ပြည်သူ့လွတ်လပ်ခွင့်ကိုတန်ဖိုးမသိစော်ကားနေလို့ နာကျည်းနေတာဗျ။

သဘောကတော့လူထုကလုံးဝလုံးဝလက်မခံဘူး။မကြောက်ဘူး အခွင့်ရတာနဲ့အဆုံးထိအမြစ်ဖြတ်ဖို့အသင့်ပဲဆိုတဲ့စိတ်တွေအမြင့်ဆုံးရောက်နေတာ။ရောက်ကုန်ကြတာ။အရသာခံကြစမ်းပါအားတင်းအားတက်ကြစမ်းပါ။ရန်သူရဲ့ကြောက်စိတ်ကိုအနံ့ရတာလောက်ခွန်အားဖြစ်တာဘာရှိလဲငါတို့နိုင်နေပြီဆိုတာညာသံပေးသလိုပဲ။

ဟေ့.ဟေ့.ဟေ့.ဟေ့.ညာသံပေးတက်လာသလိုပဲ။မကြားရဘူးလား..မခံစားကြရဘူးလား..။

ကိုက်တတ်တယ်ဆိုတဲ့ခွေးကိုမျက်လုံးချင်းဆုံ၊ရှေ့တိုးသွားရင်း စီးလာတဲ့ဖိနပ်ကိုလက်တစ်ဖက်ကကောက်ကိုင်လိုက်ချိန်အဲဒီခွေးရဲ့ဖြစ်ပျက်သွားတဲ့အမူအယာကိုမြင်ဖူးလား။မြင်ကြည့်ကြပါလား။

 

Unicode

” မြို့ပြပျောက်ကျားတွေကိုဖင်တုန်အောင်ကြောက်ကုန်ကြပြီ ”

ရန်သူရဲ့အားနည်းချက်ကိုသိရတာလောက်အဖိုးတန်တာဘာရှိမှာလဲ။အဲဒီအားနည်းချက်က “ကြောက်စိတ်”ပဲ။ပြည်သူကဒီလိုတုံ့ပြန်လိမ့်မယ်ထင်မထားဘူးလို့တောင်ထုတ်ဖော်ဝန်ခံထားရတယ်။

ပထမတစ်ချက်ကလက်နက်အားကိုးနဲ့ငါလုပ်ချင်တာလုပ်လို့ရတယ်။ လုပ်လိုက်ရင် ခဏပဲ။အရင်ကလည်းဒီအတိုင်းပဲလို့ အခြေအနေအချိန်အခါခေတ်သဘောကိုဉာဏ်နဲ့ယှဉ်မသုံးသပ်တတ်ဘဲထင်ရာလုပ်တာကိုဖော်ပြတာ။

အထူးသဖြင့်ဒီလိုလုပ်တာကိုထောက်ခံလိမ့်မယ်လို့သာယူဆခဲ့တယ်ဆိုရင်သေချာတာကဒီလူတွေအနားမှာခိုင်းတာလုပ်ရုံကလွဲ၊ဝေဖန်ဆွေးနွေးသင့်မသင့်ချိန်ထိုးပေးနိုင်၊ပေးဝံ့တဲ့ပုဂ္ဂိုလ်တွေမရှိတာကိုဖော်ပြတယ်။ဒါအဖွဲ့အစည်းတစ်ခုအတွက် ကျဆုံးစေတဲ့အချက်ပဲ။အဓိကအားနည်းချက်တွေကအရေးပါတဲ့တစ်ချက်ဆိုပါတော့။

ဒါကြောင့်လည်းစကစလို့အပူတပြင်းဖွဲ့တဲ့အခါဘောင်မဝင်၊တန်းမဝင်၊အဆင့်မရှိတဲ့လူတွေချည်းတွေ့နေရတာသက်သေ။
အခု လေထဲအသင်းဘာညာသာဖိန့်နေတာအချိန်ကိုက်လိုင်းဖြတ်တဲ့အထိလုပ်တာဟာတကယ်ကကြောက်ကန်ကန်တာပဲ။

အဓိကတော့လူထုစိတ်ခွန်အားထပ်ရမှာကိုကြောက်တာ။ဒီအကြောက်တရားကသူတို့ဖုံးကွယ်မရတော့တဲ့ သွေးရူးသွေးတန်းပြိုကွဲမှု။တချို့ကသုံးသပ်တယ်။


လိုင်းဖြတ်တာကပြည်တွင်းမှာသုံးနေတဲ့အဖွဲ့ဝင်တွေကိုခြေရာခံချင်လို့စသဖြင့်။ဒီလောက်နဲ့တော့ဗျာ။ဖမ်းပေါ့သတိမထားမိဘူးလားDASSKကိုဆွဲထိန်းထားရင်ပွဲသိမ်းပြီတွက်ပြီးအရင်ဖမ်းပြီးမှ အာဏာလုရဲတာခုကဘယ်သူမရှိလို့ဆိုတဲ့ခေတ်မဟုတ်တော့ဘူး။

ပြည်သူကကျားနာဖြစ်နေပြီကျားနာခဲ ခဲတာကိုသူတို့ခံနေရပြီ ခဲတာကလည်းဗရမ်းပတာမဟုတ်ဘဲစနစ်တကျစုဖွဲ့ပြီး အမြစ်ပြတ်တိုက်တော့မှာဘွာတေးမရ။အရသာခံကြစမ်းပါ အားတက်ကြစမ်းပါ။

ရန်သူရဲ့ကြောက်စိတ်နံ့မရဘူးလား။ကြောက်ကန်ကန်နေတာမခံစားရဘူးလားဖမ်းချင်တာလောက်နဲ့ လိုင်းဖြတ်တယ်ထင်လား။မထင်ဘူး။ပြည်သူစိတ်အားတက်မှာ၊ပိုပိုညီညွတ်သန်မာလာမှာ မာကျောကျစ်လစ်လက်နက်ဖြစ်လာမှာကိုအသေကြောက်နေတာ။

ဒါကိုထိကပါးရိကပါးလိုလို လိုင်းဖြတ်ရုံနဲ့ နိုင်ပြီလားလို့ပညာပြည့်ဝနှလုံးလှသလိုလိုဘောနှစ်ဖက်ခွထိုင်ဖို့ပြင်နေသူတွေကိုလည်း ရွံတယ်။သိကြလိမ့်မယ်။

ကိုယ့်အသင်းနိုင်တော့မယ်ဆိုတာကို ဘောလုံးပွဲအကြည့်များသူတွေသဘောပေါက်တယ်အားကစားသမားတွေဆိုလည်း နားလည်မယ် ရှိုးတွေဘာတွေ တစ်ချက်မှောက် ဆော့တတ်သူတွေဆိုပိုသိမယ်။
ဘယ်သူဘာဖဲနင်းပြီးဖိန့်နေတာ၊ဖြဲနေတာတွက်လို့ရတယ်ထားတော့။အဓိကကသူတို့ကြောက်တဲ့လက်နက်ကိုပိုခိုင်မာဖို့ ကျွန်တော်တို့အားထုတ်ရမယ်

အဲဒါကတော့မကြောက်တရား၊စည်းလုံးညီညွတ်မှု၊လူမျိုးဘာသာပေါင်းစုံတသားတည်းဖြစ်မှု၊တော်လှန်ရေးသစ္စာနဲ့စနစ်ကျနမှုပြီးတော့လုံခြုံမှု။နောက်ထပ်ကတော့အတွင်းသူလျှို၊လောက်ကောင်၊သတင်းပေးဖော်ထုတ်ရှင်းလင်းနိုင်ဖို့။ကျန်တာကတော့အောင်ပွဲပါပဲ။ပြောရဦးမယ်။

လူတွေကလိုင်းဖြတ်တာကိုဆဲတယ်၊ပေါက်ကွဲတယ်ထင်နေတာလားမဟုတ်ဘူး။ယုတ်မာတာ၊ယောကျာ်းမဆန်တာ၊အောက်တန်းကျတာအရှက်မဲ့လွန်းတာနဲ့တိုင်းပြည်နဲ့ပြည်သူ့လွတ်လပ်ခွင့်ကိုတန်ဖိုးမသိစော်ကားနေလို့ နာကျည်းနေတာဗျ။

သဘောကတော့လူထုကလုံးဝလုံးဝလက်မခံဘူး။မကြောက်ဘူး အခွင့်ရတာနဲ့အဆုံးထိအမြစ်ဖြတ်ဖို့အသင့်ပဲဆိုတဲ့စိတ်တွေအမြင့်ဆုံးရောက်နေတာ။ရောက်ကုန်ကြတာ။အရသာခံကြစမ်းပါအားတင်းအားတက်ကြစမ်းပါ။ရန်သူရဲ့ကြောက်စိတ်ကိုအနံ့ရတာလောက်ခွန်အားဖြစ်တာဘာရှိလဲငါတို့နိုင်နေပြီဆိုတာညာသံပေးသလိုပဲ။

ဟေ့.ဟေ့.ဟေ့.ဟေ့.ညာသံပေးတက်လာသလိုပဲ။မကြားရဘူးလား..မခံစားကြရဘူးလား..။

ကိုက်တတ်တယ်ဆိုတဲ့ခွေးကိုမျက်လုံးချင်းဆုံ၊ရှေ့တိုးသွားရင်း စီးလာတဲ့ဖိနပ်ကိုလက်တစ်ဖက်ကကောက်ကိုင်လိုက်ချိန်အဲဒီခွေးရဲ့ဖြစ်ပျက်သွားတဲ့အမူအယာကိုမြင်ဖူးလား။မြင်ကြည့်ကြပါလား။

#credit

Leave a Reply

Your email address will not be published. Required fields are marked *