MRTV 4 ကထုတ္လႊင့္ျပသခဲ့တဲ့ တုနိႈင္းမရတဲ့ေမတၱာဇာတ္လမ္းတြဲ႐ိုက္ကူးခဲ့စဥ္က အမွတ္တရတစ္ခ်ိဳ႕ကိုေျပာျပလာတဲ့ ခင္သဇင္

Cele nwes

ခင်သဇင်ကတော့ လက်တလော အနုပညာလောကမှာ ကြိုးစားမှုတွေနဲ့ အောင်မြင်မှုတွေ များစွာပိုင်ဆိုင်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝ ရရှိထား သူတစ်ယောက်ပါ။ လေယာဉ်မယ်အလုပ်ကို စွန့်ခွာပြီး အနုပညာလော ကထဲကို ဝင်ရောက်လာသူတစ်ယောက်ဆိုလည်း မမှားပါဘူး ။


ခင်သဇင်ကတော့ အနုပညာ အလုပ်တွေပါမကပဲ ပရဟိတလုပ်ငန်းတွေကိုလည်း စိတ်အားထက်သန်စွာ လုပ်ကိုင်သူလေးဖြစ်ကာ တကယ်ကို လေးစားအားကျစရာကောင်းတာအမှန်ပဲဖြစ်ပါတယ်။ ဒီလိုကာလမှာလည်း သူမရဲ့ အင်္ကျီတွေကို လိုအပ်တဲ့နေ ရာတွေမှာ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။


ဒီနေ့မှာတော့ တုနှိုင်းမရတဲ့ မေတ္တာ ဇာတ်ကား ရိုက်ခဲ့စဉ်က အမှတ်တရ ဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတွေကို ပရိသတ်တွေကို ဝေမျှလာပါတယ် ။ ” တုနှိုင်း မရတဲ့ မေတ္တာ မှာ အိုးလေးကို မွေးစားတဲ့ ဆင်းရဲလွန်းတဲ့ ထမင်းသည်ကြီး အေမီ အဖြစ် သရုပ်ဆောင်တဲ့ ဇာတ်ရုပ်ကို အန်တီမို့ က တွေ့တော့ ချီးကျူးခဲ့ပါတယ်..အဲကားလေးကို သူ စောင့်ကြည့်ဖြစ်တယ်တဲ့ ဘာလို့ဆို အေမီ ငယ်ဘဝ မှာ အန်တီမို့ နဲ့ တွဲဖက် ပြီး သရုပ်ဆောင်ခဲ့ရတာ မို့လို့ပါ.. အဖွားကြီး တစ်ယောက်လို သရုပ်ဆောင်တာ ပီပြင်မှုရှိပြီး မင်းသမီး တစ်ယောက်လို လှချင်မနေပဲ ဝတ်စားတာ ၊ လမ်းလျှောက်တာ၊ လေယူလေသိမ်းက အစ ကောင်းတယ် ပီပြင်မှု ရှိတယ် လို့ ချီးကျူးတဲ့ အခါ ထိုင်နေတဲ့ နေရာကနေတောင် နည်းနည်း ကြွသွားတယ် ထင်ရအောင် ပျော်ရွှင်ခဲ့ရပါတယ်.

ဦးရန်လေး နဲ့လည်း အတူတွဲဖက် သရုပ်ဆောင်ခဲ့ရတာမို့နင်က ရှူတင်တုန်းက အဖွားကြီးလို ဝတ်ထားတော့ အခု ဂါဝန်နဲ့လည်း ဆိုရော ငါက မမှတ်မိတော့ ဘူး ဆိုပြီး တွေ့တာနဲ့ နောက်ပါတယ်… ကျွန်မလေ ဘဝ မှာ အနုပညာနဲ့ မွေးဖွားလာခဲ့ပြီး အနုပညာနဲ့ပဲ သေဆုံးသွား တဲ့ သူတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်…ကျွန်မရဲ့ ဆန္ဒတွေ ပြည့်ဝ ပါရစေ “ဆိုတဲ့ စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Unicode

ခင္သဇင္ကေတာ့ လက္တေလာ အႏုပညာေလာကမွာ ႀကိဳးစားမႈေတြနဲ႔ ေအာင္ျမင္မႈေတြ မ်ားစြာပိုင္ဆိုင္ကာ ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးျခင္းကို အျပည့္အဝ ရရွိထား သူတစ္ေယာက္ပါ။ ေလယာဥ္မယ္အလုပ္ကို စြန႔္ခြာၿပီး အႏုပညာေလာ ကထဲကို ဝင္ေရာက္လာသူတစ္ေယာက္ဆိုလည္း မမွားပါဘူး ။

ခင္သဇင္ကေတာ့ အႏုပညာ အလုပ္ေတြပါမကပဲ ပရဟိတလုပ္ငန္းေတြကိုလည္း စိတ္အားထက္သန္စြာ လုပ္ကိုင္သူေလးျဖစ္ကာ တကယ္ကို ေလးစားအားက်စရာေကာင္းတာအမွန္ပဲျဖစ္ပါတယ္။ ဒီလိုကာလမွာလည္း သူမရဲ့ အကၤ်ီေတြကို လိုအပ္တဲ့ေန ရာေတြမွာ လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။

ဒီေန႔မွာေတာ့ တုႏွိုင္းမရတဲ့ ေမတၱာ ဇာတ္ကား ရိုက္ခဲ့စဥ္က အမွတ္တရ ျဖစ္ခဲ့တဲ့ အေၾကာင္းအရာေလးေတြကို ပရိသတ္ေတြကို ေဝမၽွလာပါတယ္ ။ ” တုႏွိုင္း မရတဲ့ ေမတၱာ မွာ အိုးေလးကို ေမြးစားတဲ့ ဆင္းရဲလြန္းတဲ့ ထမင္းသည္ႀကီး ေအမီ အျဖစ္ သ႐ုပ္ေဆာင္တဲ့ ဇာတ္႐ုပ္ကို အန္တီမို႔ က ေတြ႕ေတာ့ ခ်ီးက်ဴးခဲ့ပါတယ္..အဲကားေလးကို သူ ေစာင့္ၾကည့္ျဖစ္တယ္တဲ့ ဘာလို႔ဆို ေအမီ ငယ္ဘဝ မွာ အန္တီမို႔ နဲ႔ တြဲဖက္ ၿပီး သ႐ုပ္ေဆာင္ခဲ့ရတာ မို႔လို႔ပါ.. အဖြားႀကီး တစ္ေယာက္လို သ႐ုပ္ေဆာင္တာ ပီျပင္မႈရွိၿပီး မင္းသမီး တစ္ေယာက္လို လွခ်င္မေနပဲ ဝတ္စားတာ ၊ လမ္းေလၽွာက္တာ၊ ေလယူေလသိမ္းက အစ ေကာင္းတယ္ ပီျပင္မႈ ရွိတယ္ လို႔ ခ်ီးက်ဴးတဲ့ အခါ ထိုင္ေနတဲ့ ေနရာကေနေတာင္ နည္းနည္း ႂကြသြားတယ္ ထင္ရေအာင္ ေပ်ာ္ရႊင္ခဲ့ရပါတယ္.

ဦးရန္ေလး နဲ႔လည္း အတူတြဲဖက္ သ႐ုပ္ေဆာင္ခဲ့ရတာမို႔နင္က ရႉတင္တုန္းက အဖြားႀကီးလို ဝတ္ထားေတာ့ အခု ဂါဝန္နဲ႔လည္း ဆိုေရာ ငါက မမွတ္မိေတာ့ ဘူး ဆိုၿပီး ေတြ႕တာနဲ႔ ေနာက္ပါတယ္… ကၽြန္မေလ ဘဝ မွာ အႏုပညာနဲ႔ ေမြးဖြားလာခဲ့ၿပီး အႏုပညာနဲ႔ပဲ ေသဆုံးသြား တဲ့ သူတစ္ေယာက္ပဲ ျဖစ္ခ်င္ပါတယ္…ကၽြန္မရဲ့ ဆႏၵေတြ ျပည့္ဝ ပါရေစ “ဆိုတဲ့ စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပး လိုက္ပါတယ္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *