နေပါလို့ဆွဲထားမယ့်အစား ကိုယ်ကအရင်ထွက်သွားမယ့် မာနခဲတွေဆိုတာ…

အချစ်ရေး

တစ်ခါတရံ ဘဝမှာ ကိုယ့်ဖက်က ဘယ်လောက်ပဲ ချစ်ခင်မြတ်နိုးနေပါစေ၊တစ်ဖက်လူက စိတ်မပါတော့တဲ့အခါ ဘယ်လိုမှ လုပ်လို့မရတော့ပါဘူး။

   

တစ်ချို့ကတော့ ဒီလိုလူတွေကို ဆွဲထားဖို့အတွက် မာနတွေအားလုံးကို ခဝါချထားပြီး ဆွဲထားတတ်ကြတယ် ..ပေးဆပ်တယ်၊ အနစ်နာခံတယ်၊ လုပ်သမျှကို အောင့်အီးသည်းခံနေတတ်ကြပါတယ်။

   

ဒါပေမယ့်လည်း ကိုယ့်ဘဝထဲ မနေချင်တော့တဲ့သူတစ်ယောက်ကို နေပါလို့ ဆွဲထားမယ့်အစား ကိုယ်ကအရင်ထွက်သွားမယ့် မာနခဲလေးတွေကတော့ ဒီလိုပါ။

(၁) သူ့ထပ်ကိုယ်က ပိုပြီးအရေးကြီးတယ်

   

သူကကိုယ့်အတွက်အရမ်းအရေးပါတယ်ဆိုပေမယ့်လည်း သူကကိုယ့်ဆီမှာ မနေချင်တော့တဲ့အခါ သူ့ထပ်ကိုယ်က အရေးကြီးသွားပါပြီ။ အကြောင်းကတော့ ရှေ့ဆက်လျှောက်ရမယ့် ဘဝထဲမှာ ကိုယ်ပဲရှိတော့တာကြောင့် ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့လိုတယ်လို့ ခံယူထားသူတွေပါ။

(၂) တန်ဖိုးကျမခံနိုင်

   

ကိုယ့်ဘဝထဲမရှိချင်တော့တဲ့သူတစ်ယောက်ကို ဆွဲထားခြင်းဟာ ကိုယ့်ကိုတန်ဖိုးကျသွားစေတယ်လို့ ခံစားရတဲ့သူတွေပါ။

ခဏသွေးပူတုန်း လုပ်လိုက်မိတဲ့အရာတစ်ခုအတွက် ကိုယ့်ရဲ့ သိက္ခာတွေ၊မာနတွေအားလုံးကို စတေးလိုက်မယ့်သူတွေမဟုတ်ပါဘူး။

ဘယ်လောက်ပဲ နာကျင်နေရင်တောင်မှ နည်းနည်းလေးမှ မာနကိုအထိခိုက်ခံမှာမဟုတ်ပါဘူး။

(၃) ဆြဲထားရတာ ဝါသနာမပါဘူး

   

ဒီလိုလူတွေဟာ ဆွဲထားရတာ လုံးဝဝါသနာမပါတဲ့သူတွေပါ။ကိုယ့်ဘဝမှာမနေချင်တော့တဲ့ သူတစ်ယောက်ကို အောက်ကျနောက်ကျစကားလုံးတွေ၊မက်လုံးတွေပေးပြီး ဆွဲမထားချင်တဲ့သူပါ။ ဆွဲမယ့်သူမဟုတ်ပဲ အဆွဲခံရမယ့်သူလို့ ကိုယ့်ကိုယ်ကိုသတ်မှတ်ထားတဲ့သူတွေပါ။

(၄) သူထွက်သွားတာကို ကြည့်မနေနိုင်ဘူး

   

ဆွဲထားမယ့်အစားကိုယ်ကအရင်ထွက်သွားမယ့်သူတွေဆိုတာ သူထွက်သွားတာကို ပြုံးပြုံးလေးကြည့်နေမယ့်သူတွေ မဟုတ်ပါဘူး။

ကျန်နေခဲ့တဲ့ အရှုံးသမားအဖြစ်နဲ့ ကျန်ခဲ့မှာထက်စာရင် အသည်းကွဲခံပြီး ခေါင်းမော့ကာဦးအောင်ထွက်သွားမယ့်သူတွေပါ။

(၅) အချစ်ထက်မာနက အရေးကြီးတယ်

   

ဆွဲထားမယ့်အစားကိုယ်ကအရင်ထွက်သွားမယ့်သူတွေဆိုတာ အချစ်ထက်မာနကို ပိုပြီးအလေးထားတဲ့သူတွေပါ။

အချစ်ကမတည်မြဲပေမယ့် မာနကိုတော့ အဆုံးထိတိုင်ယူသွားမယ့် မာနခဲလေးတွေဖြစ်နေတာကြောင့်ပါ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *