ထာဝရ single ဖြစ်မယ့်သူတစ်ယောက်ရဲ့ စရိုက် (၁၀)ခု

အချစ်ရေး








၎ အိမ်တွင်းပုန်းတစ်ယောက် မို့လို့ပါ













ဖုန်းပေါ်မှာ တစ်နေ့လုံးရှိနေနိုင်သော်လည်း သင်ဟာ စာပို့ရတာကို အရမ်းငြီးငွေ့ပြီး တစ်ယောက်ထဲနေရတာကို ပျော်မွေ့တာကြောင့် မက်ဆေ့ခ်ျတွေ သို့ ဖုန်းခေါ်ဆိုမှုတွေကို ပြန်လည် ဖြေကြားခြင်းမရှိပါဘူး

 

Zawgyi

သင်ဟာ အမြဲတမ်း single ဖြစ်နေပေမယ့် သင်ဘာ့ကြောင့် single တစ်ယောက် ဖြစ်နေရတာလဲဆိုတာ သေချာမသိဘူးလား ကောင်းပါပြီ။ အမြဲတမ်း single ဖြစ်နေသူတစ်ယောက်မှာ အများအားဖြင့် တွေ့ရလေ့ရှိတဲ့ စရိုက် ၁၀ချက်ရှိပါတယ်

၁ Rs အကြံပေးတစ်ယောက်ဖြစ်နေလို့ပါ

သင့်ဘဝတစ်လျှောက်လုံး ဒိတ်တဲ့အဆင့်သာ ရှိခဲ့ရင်တောင် သူငယ်ချင်းတွေက အချစ်ရေးအကြံပေးချက်အတွက် သင့်ဆီသာ လာတတ်ကြပါတယ်။ သို့သော်သင်ဟာ အမြဲတမ်း ကြားနေ အနေအထားမှာ ရှိနေတာကြောင့် သင့်အကြံပေးချက်က တစ်နည်းနည်းနဲ့ အမြဲတမ်း အလုပ်ဖြစ်နေတတ်ပါတယ်

၂ သင်ကြိုက်နေတဲ့သူဆီမှာ စိတ်ဝင်စားမှု မရှိလို့

လူတစ်ယောက်ကို စိတ်ထဲကနေအသေ crush နေနိုင်ပေမယ့် သူ သူမကို တကယ့်ဘဝမှာ မြင်တွေ့တဲ့အခါ သင်ဟာ ဝေးဝေးရှောင်နေတာမျိုး၊ ခပ်တန်းတန်းနေတာမျိုး ဖြစ်ပါတယ်။ သင်ဟာ သူတို့ကို ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာ မသိလို့သာဖြစ်ပါတယ်

၃ တော်တော်လေး ချောနေ လှနေလို့ပါ

သင်ဟာ များသောအားဖြင့် ကြည့်ရဆိုးတဲ့သူ မဟုတ်ပါဘူး ပြီးတော့ ဒီအချက်က သင်ဘာကြောင့် single ဖြစ်နေရတာလဲဆိုတာကို လူတွေ မတွေးတတ်နိုင်အောင်ဖြစ်ရပါတယ်

၄ အိမ်တွင်းပုန်းတစ်ယောက် မို့လို့ပါ

သင်ဟာ အိမ်မှာနေရတာကို လိုလားပြီး တတ်နိုင်လျှင် တစ်နေ့လုံး၊ တစ်ပတ်လုံးလည်း အိမ်မှာနေလို့ ရနိုင်ပါတယ်။ ဒါ့အပြင် ညအိပ်ဝတ်စုံနဲ့ပဲ အိပ်ရာထဲမှာ နေရတာထက် ပိုပြီးသက်တောင့်သက်သာဖြစ်တာ ဘာမှမရှိပါဘူး

၅ အချိန်အကြာကြီး single အဖြစ် နေလာလို့ပါ

သင်ဟာ မွေးကတည်းက တစ်ကိုယ်တော် ဖြစ်နိုင်ပါတယ် သို့ ချိန်းတွေ့ဖို့ လုံးလုံးမေ့လျော့နေတဲ့ အပျံသင်စ အချစ်မျိုးရှိခဲ့တာ ဖြစ်နိုင်ပါတယ်။ သင်ဟာ ဘာပဲဖြစ်ဖြစ် တစ်ယောက်တည်းလည်း ပျော်ရွင်နေသူဖြစ်ပါတယ်။ သို့သော် အနားမှာ စုံတွဲတွေကို မြင်ရင်တော့ အနည်းငယ်မနာလိုတာမျိုး ရှိပါလိမ့်မယ်

၆ အချိန်နဲ့ ငွေက အနှစ်သာရဖြစ်နေလို့ပါ

အချိန်နဲ့ ငွေက သင့်အတွက် အရမ်းအဖိုးတန်ပါတယ်။ ချိန်းတွေ့ခြင်းက အချိန်များစွာနဲ့ ငွေရင်းနှီးမှုများစွာ လိုအပ်တာကြောင့် အချိန်နဲ့ ငွေကို မြှုပ်နှံပစ်လိုက်တာထက် သင့်ကိုယ်သင် တိုးတတ်အောင် လုပ်ချင်ပါလိမ့်မယ်၊ တကယ်တမ်းတော့ သင်ဟာ တစ်ခုခုပေါ်မှာ ပုံအောဖို့ အကြောင်းပြချက်ရှာနေတာပါ

၇ သင့်စံနှုန်းတွေက အရမ်းမြင့်နေလို့ပါ

တစ်နည်းအားဖြင့်ပြောရရင် သင့်မှာ လက်တွဲဖော်အတွက် အရမ်းမြင့်တဲ့ စံနှုန်းတွေ ရှိတယ်ဆိုပေမယ့် သင်လိုချင်တာ ဘယ်လိုရည်းစားမျိုးလဲဆိုတာ သင်တကယ်မသိပါဘူး။ ကိုယ့်စံနှုန်းတွေက မြင့်တယ်လို့ မထင်သော်လည်း မြင့်ချင် မြင့်ပါလိမ့်မယ်။ သင့်ရဲ့ ပထမဆုံးချိန်းတွေ့မှုအတွေ့အကြုံက သင်ကြည့်နေတဲ့ ဒရမ်မာတွေမှတဆင့် ဖြစ်ပါတယ်

၈ တစ်ယောက်ယောက်က သင့်ကို အခြားသူနဲ့ မိတ်ဆက်ဖို့ ကြိုးစားတဲ့အခါ မုန်းတတ်ပါတယ်

သင့်မှာရည်းစားမရှိဘူးလို့ အမြဲတမ်းညည်းညူနေပေမယ့် တစ်ယောက်ယောက်ကို ရှာဖို့ ကြိုးစားအားထုတ်တာမျိုး လုံးဝမရှိခဲ့ပါဘူး။ တစ်ယောက်ယောက်ကသင့်ကို ဖြစ်နိုင်ချေရှိတဲ့ ပါတနာတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ကြိုးစားတဲ့အခါ ကသိကအောက်ဖြစ်တာမျိုး၊ ရှက်ကိုးရှက်ကန်းဖြစ်တာမျိုး တွေ့ပါလိမ့်မယ်

၉ ဘယ်လိုဒိတ်ရမယ်ဆိုတဲ့ အကြံဉာဏ်တွေကို နားထောင်ရတာ မုန်းလို့

ဟုတ်ပါတယ်၊ သင်ဘယ်လိုဒိတ်ရမယ်ဆိုတာကို သိပေမယ့်လည်း ကိုယ့်ကိုကိုယ် action မလုပ်နိုင်ပါဘူး။ ပျင်းရိလွန်းနေတာကြောင့် သို့ အရမ်းကြောက်နေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်

၁၀ အခြားသူတွေနဲ့ ပြောဆိုဆက်ဆံရတာကို ငြီးငွေ့လို့ပါ

ဖုန်းပေါ်မှာ တစ်နေ့လုံးရှိနေနိုင်သော်လည်း သင်ဟာ စာပို့ရတာကို အရမ်းငြီးငွေ့ပြီး တစ်ယောက်ထဲနေရတာကို ပျော်မွေ့တာကြောင့် မက်ဆေ့ချ်တွေ သို့ ဖုန်းခေါ်ဆိုမှုတွေကို ပြန်လည် ဖြေကြားခြင်းမရှိပါဘူး

crd

Leave a Reply

Your email address will not be published. Required fields are marked *