တောင်ကိုရီးယားမှာ အဆောက်အဦတစ်လုံးပြိုကျခဲ့ပြီး လူ ၉ ဦး သေဆုံ

News

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းမှာ ဗုဒ္ဓဟူးနေ့(ဇွန်  ထပ် အဆောက်အဦတစ်လုံး ပြိုကျခဲ့တာကြောင့် လူ ဦး သေဆုံးကာ  ဦး ဒဏ်ရာရခဲ့ပြီး အပြိုအပျက်အပိုင်းအစတွေ ဘတ်စ်ကားတစ်စီးပေါ် ဖုံးသွားခဲ့တယ်လို့ ဒေသတွင်း မီဒီယာက ဖော်ပြပါတယ်။

ဖြိုချနေစဉ် ပြိုကျသွားခဲ့တဲ့ အဆောက်အဦမှ ကွန်ကရစ်တွေဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးက ဘတ်စ်ကားဂိတ်မှာ ရပ်ထားတဲ့ ဘတ်စ်ကားတစ်စီးကို ဖုံးအုပ်သွားခဲ့တယ်လို့ ယွန်ဟပ် သတင်းအေဂျင်စီက ဆိုပါတယ်။ တောင်ပိုင်း ဂွမ်ဂျူးမြို့ရှိ အခင်းဖြစ်နေရာကို အရေးပေါ် ကယ်ဆယ်ရေးတာဝန်ရှိသူတွေ သွားရောက်ခဲ့ကြပြီး လူ  ဦး ကိုကယ်တင်ပေးခဲ့ပါတယ်။ ၎င်းတို့  ဦးစလုံး ဒဏ်ရာရပြင်းထန်စွာ ရထားတယ်လို့လည်း အမျိုးသား မီးသတ်အေဂျင်စီက ထုတ်ပြန်ပါတယ်။

ယင်း  ဦးဟာ ဘတ်စ်ကားပေါ်လိုက်ပါခဲ့သူတွေလား အဆောက်အဦထဲ  ရှိနေသူတွေလားဆိုတာကိုတော့ ပြောဆိုခြင်း မရှိပါဘူး။ အဆောက်အဦ ပြိုကျချိန်မှာ အဆောက်အဦထဲ လူရှိနေသလားဆိုတာကိုလည်း လတ်တလောမှာမသိရသေးဘူးလို့ ဆိုပါတယ်။

ယွန်ဟပ်သတင်းရဲ့ အဆိုအရတော့ သေဆုံး ဒဏ်ရာရသူ အများစုဟာ ဘတ်စ်ကားပေါ်က လူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အခြား ကားနှစ်စီးဟာလည်း အပြိုအပျက်တွေ ဖုံးအုပ်ခံခဲ့ရပုံရတယ်လို့ ယင်း သတင်းက ဖော်ပြခဲ့ပေမယ့်ကားနှစ်စီးဟာ ဘေးရန်ကနေ သီသီလေးလွတ်သွားခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောဆိုခဲ့ပါတယ်။

အပြိုအပျက်တွေအောက် ပိတ်မိနေသူတွေ ရှိနေသေးသလားဆိုတာ သူတို့ ရှာဖွေမှုတွေလုပ်နေကြောင်း မီးသတ်အေဂျင်စီ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်

crd-

Leave a Reply

Your email address will not be published. Required fields are marked *