ဧရာဝတီမြစ်ရိုးတလျှောက် ဓားပြမှုတွေ ကျူးလွန်နေတဲ့ (၁၅)ဦးပါ ဓားပြဂိုဏ်း PDF က ဖော်ထုတ် ဖမ်းဆီး၊

News

ဧရာဝတီမြစ်ရိုးတလျှောက် ဓားပြမှုတွေ ကျူးလွန်နေတဲ့ (၁၅)ဦးပါ ဓားပြဂိုဏ်း PDF က ဖော်ထုတ် ဖမ်းဆီး၊

MFP ၊ စက်တင်ဘာ – ၃၀

မန္တလေးတိုင်း မတ္တရာနယ်နှင့် စစ်ကိုင်းတိုင်း ဝက်လက်နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက် ဓားပြတိုက် လုယက်မှုတွေ ကျူးလွန်နေတဲ့ အဖွဲ့ဝင် (၁၅)ဦးပါ နာမည်ကြီး ဓားပြဂိုဏ်းကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရွှေဘိုခရိုင် တပ်ရင်း(၁၈) က သတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၂၃)ရက်က အဆိုပါ ဓားပြဂိုဏ်း အခြေပြုရာ ဧရာဝတီမြစ်ဘေးက စိန်ပန်းကုန်းရွာထဲ စီးနင်းဝင်ရောက်ပြီး ခေါင်းဆောင် အပါအဝင် (၁၅)ဦးလုံးကို သက်သေခံ ပစ္စည်းတွေနဲ့တကွ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

“မန္တလေးတိုင်း မတ္တရာမြို့နယ် အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက် မှာ ဓားပြမှုပေါင်း များစွာ ကျူးလွန်လျှက် ရှိသော အင်အား(၁၅) ဦးပါ နာမည်ကြီး ဓားပြဂိုဏ်း တစ်ခုကို ၎င်းတို့၏ တိုက်ရာပါပစ္စည်းများ၊ ၎င်းတို့ ကိုင်ဆောင်သော သက်သေခံ လက်နက်များနှင့် တကွ ဓားပြဂိုဏ်း အခြေပြုရာ စိန်ပန်းကုန်း ကျေးရွာ သို့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တပ်ရင်း (၁၈) က စက်တင်ဘာ(၂၃)ရက်မှာ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပြီး တပ်ရင်းမှ ရဲဘော်များ ထိခိုက်မှု လုံးဝ မရှိဘဲ ဓားပြခေါင်းဆောင် နိုင်ဝင်း နဲ့ ငြိမ်းဇော် အပါအဝင် အင်အား(၁၅)ယောက်ကို သက်သေခံပစ္စည်း များစွာဖြင့် ဖမ်းဆီး ရမိခဲ့ပါသည်” လို့ ရွှေဘိုခရိုင် တပ်ရင်း(၁၈) က ဗိုလ်စွန်ရဲက ဆိုပါတယ်။

မန္တလေးမြို့ရဲ့ အထက်ပိုင်း ဧရာဝတီမြစ်တကြောမှာ ဓားပြတိုက် လုယက်မှုတွေ ဆက်တိုက် ဖြစ်ပွား နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

လက်ရှိမှာ မန္တလေး နန်းတွင်း အခြေစိုက် စစ်အုပ်စုက ဧရာဝတီမြစ်ထဲက ရေလည်ကျွန်းရွာ အပါအဝင် မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်း သတ်-ဖြတ် မီးရှို့နေသလို မတ္တရာ၊ စဉ့်ကူးနှင့် ဝက်လက်နယ်ထဲ စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူတွေကလည်း ဓားပြတိုက် လုယက်တာတွေ ကျူးလွန် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Crd

Unicode

ဧရာဝတီျမစ္ရိုးတေလၽွာက္ ဓားျပမႈေတြ က်ဴးလြန္ေနတဲ့ (၁၅)ဦးပါ ဓားျပဂိုဏ္း PDF က ေဖာ္ထုတ္ ဖမ္းဆီး၊

MFP ၊ စက္တင္ဘာ – ၃၀

မႏၲေလးတိုင္း မတၱရာနယ္ႏွင့္ စစ္ကိုင္းတိုင္း ဝက္လက္နယ္၊ ဧရာဝတီျမစ္ရိုးတေလၽွာက္ ဓားျပတိုက္ လုယက္မႈေတြ က်ဴးလြန္ေနတဲ့ အဖြဲ႕ဝင္ (၁၅)ဦးပါ နာမည္ႀကီး ဓားျပဂိုဏ္းကို ေဖာ္ထုတ္ ဖမ္းဆီးနိုင္ခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္၊ ေရႊဘိုခရိုင္ တပ္ရင္း(၁၈) က သတင္း ထုတ္ျပန္ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ(၂၃)ရက္က အဆိုပါ ဓားျပဂိုဏ္း အေျချပဳရာ ဧရာဝတီျမစ္ေဘးက စိန္ပန္းကုန္းရြာထဲ စီးနင္းဝင္ေရာက္ၿပီး ေခါင္းေဆာင္ အပါအဝင္ (၁၅)ဦးလုံးကို သက္ေသခံ ပစၥည္းေတြနဲ႔တကြ ဖမ္းဆီးနိုင္ခဲ့တာလို႔ ဆိုပါတယ္။

“မႏၲေလးတိုင္း မတၱရာၿမိဳ႕နယ္ အတြင္း ဧရာဝတီျမစ္ရိုးတစ္ေလၽွာက္ မွာ ဓားျပမႈေပါင္း မ်ားစြာ က်ဴးလြန္လၽွက္ ရွိေသာ အင္အား(၁၅) ဦးပါ နာမည္ႀကီး ဓားျပဂိုဏ္း တစ္ခုကို ၎တို႔၏ တိုက္ရာပါပစၥည္းမ်ား၊ ၎တို႔ ကိုင္ေဆာင္ေသာ သက္ေသခံ လက္နက္မ်ားႏွင့္ တကြ ဓားျပဂိုဏ္း အေျချပဳရာ စိန္ပန္းကုန္း ေက်းရြာ သို႔ စစ္ကိုင္းတိုင္း ေရႊဘိုခရိုင္ တပ္ရင္း (၁၈) က စက္တင္ဘာ(၂၃)ရက္မွာ ဝင္ေရာက္စီးနင္း ဖမ္းဆီးခဲ့ၿပီး တပ္ရင္းမွ ရဲေဘာ္မ်ား ထိခိုက္မႈ လုံးဝ မရွိဘဲ ဓားျပေခါင္းေဆာင္ နိုင္ဝင္း နဲ႔ ၿငိမ္းေဇာ္ အပါအဝင္ အင္အား(၁၅)ေယာက္ကို သက္ေသခံပစၥည္း မ်ားစြာျဖင့္ ဖမ္းဆီး ရမိခဲ့ပါသည္” လို႔ ေရႊဘိုခရိုင္ တပ္ရင္း(၁၈) က ဗိုလ္စြန္ရဲက ဆိုပါတယ္။

မႏၲေလးၿမိဳ႕ရဲ့ အထက္ပိုင္း ဧရာဝတီျမစ္တေၾကာမွာ ဓားျပတိုက္ လုယက္မႈေတြ ဆက္တိုက္ ျဖစ္ပြား ေနတယ္လို႔ ေဒသခံေတြက MFP ကို ေျပာပါတယ္။

လက္ရွိမွာ မႏၲေလး နန္းတြင္း အေျခစိုက္ စစ္အုပ္စုက ဧရာဝတီျမစ္ထဲက ေရလည္ကၽြန္းရြာ အပါအဝင္ မတၱရာနယ္ထဲ ရြာစဥ္ပတ္ေမႊ လုယက္ ဓားျပတိုက္ ေသာင္းက်န္း သတ္-ျဖတ္ မီးရွို႔ေနသလို မတၱရာ၊ စဉ့္ကူးႏွင့္ ဝက္လက္နယ္ထဲ စစ္အုပ္စုက လက္သပ္ေမြးထားတဲ့ ပ်ဴေတြကလည္း ဓားျပတိုက္ လုယက္တာေတြ က်ဴးလြန္ ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

Crd

Leave a Reply

Your email address will not be published.