အာဏာအတွက် စစ်သားများအသက်ပေးနေရပြီး စစ်တပ်ကအကြောင်းမဲ့ ရပ်ရွာများကိုဖျက်ဆီးနေရဟု ခမရ ၆CDM ဒုဗိုလ် ၀န်ခံထွက်ဆို(ရုပ်သံ)

News

အာဏာရူး မင်းအောင်လှိုင်အတွက် စစ်သားများ အသက်ပေးနေရပြီး စစ်တပ်က အကြောင်းမဲ့ ပြည်သူ ပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေဟု ခမရ ၆ မှ CDM ဒုဗိုလ် ရဲရင့်အောင် ဝန်ခံ

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ ခမရ ၆ မှ ဒုဗိုလ် ရဲရင့်အောင်သည် ကရင်နီပြည်သူ့ရင်ခွင်ထံ CDM ပြုလုပ် အလင်းဝင်ခဲ့ပြီး စစ်တပ်က ကရင်နီပြည်တွင် စစ်ကြောင်းထိုး တိုက်ခိုက်စဉ် ပြည်သူပိုင်နေအိမ်များကို အကြောင်းမဲ့ မီးရှို့ခဲ့ကြသည်ဟု ဝန်ခံထွက်ဆိုသည်။

“ရန်သူက ဒီနေရာက လာပစ်တယ်။ ကျွန်တော် ပြောချင်တာက အိမ်ကို မီးရှို့စရာမလိုဘူး။ ရန်သူက သက်ရှိသတ္တဝါ လာပစ်တာ။ အိမ်က သက်မဲ့။ သူက ဒီတိုင်းနေလို့ရှိရင်။ ကျွန်တော်တို့လည်း ဒီလမ်းကြောင်းမသွားရင် သူတို့လည်း ဒီရှေ့က လာပြီးတော့ မပစ်ဘူး။ အဲဒါကြောင့် တောလမ်းကပဲ သွားစေချင်တယ်။

တောထဲမှာပဲ သူသေ ကိုယ်သေ။ ရွာတွေကို မထိခိုက်စေချင်ဘူးပေါ့။ ခုက ရွာတွေကို မီးရှို့တယ်။ အဲဒီလို ရှို့မယ်ဆိုလို့ဆိုရင် ရွာလုံးကျွတ်လိုက်ပြီးတော့ ရှို့ရမယ်ဆိုရင် ။ ပြည်ပစစ် မဟုတ်ဘူး ပြည်တွင်းစစ်ဆိုတော့ အိမ်တွေ အကုန်လုံး ကုန်သွားမှာပေါ့။

အိမ်တစ်လုံးဆောက်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ။ ပိုက်ဆံချမ်းသာတဲ့ လူပဲ ဖြစ်ပါစေ။ ဆင်းရဲတဲ့ လူပဲ ဖြစ်ပါစေ မလွယ်ဘူး ” CDM တပ်သား ရဲရင့်အောင်က ဝန်ခံ ထွက်ဆိုသည်။

ရဲရင့်အောင်သည် အသက် ၁၄ နှစ်အရွယ်တွင် စစ်တပ်ထဲ ကလေးစစ်သားအဖြစ် ရောက်လာခဲ့သူဖြစ်ပြီး ယခုအချိန်တွင် စစ်သက် ၁၁ နှစ် ရှိပြီဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်တပ်ကြား ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အထိနာနေပြီး တိုက်ပွဲများအတွင်း သေဆုံးခဲ့သည့် စစ်သားများသည် နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိပြီး သေခြင်းမဟုတ်ဘဲ အာဏာရူးများ၏ အမိန့်ကြောင့် သေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီ CDM ဝင်ရောက်တဲ့ အကြောင်းအရင်းကတော့ တပ်ထဲမှာ နေရာတာ မပျော်တော့တာလည်း ပါတယ်။ သူတို့ အာဏာရူးတွေနဲ့ သိပ်ပြီးတော့ အဆင်မပြေတော့ဘူးပေါ့။ နောက်ပြီးတော့ ထမ်းဆောင်ရတဲ့ တာဝန်တွေက သိပ်ပြီးတော့ အဆင်မပြေတာလည်း ပါတယ်။

ကိုယ့်မိဘလည်း စိတ်ချမယ်၊ လွတ်လပ်လပ်လပ်ပဲ နေချင်တာ များလာတော့ CDM ဝင်လိုက်တာပါ။ အာဏာရူးတဲ့ ကောင်တွေက အမိန့်ပေးလို့ တိုက်ပွဲမှာ သေတဲ့စစ်သားတွေမှာ ကိုယ့်ကိုယ်ကိုယ် နိုင်ငံတော်ပေါ်မှာ

သစ္စာစောင့်သိပြီး သေသွားတယ်ဆိုတာ မရှိဘူး။ အာဏာရူးတဲ့ ကောင်တွေက အမိန့်ပေးပြီး ခိုင်းတဲ့ အတွက် Free သက်သက် အသက်တစ်ချောင်းပေးလိုက်ရတယ်။

ပြီးတော့ အခုဖြစ်နေတာက ပြည်ပက လာတိုက်တဲ့ စစ်ပွဲ မဟုတ်ဘူး။ ပြည်တွင်းမှာဖြစ်တဲ့ စစ်ပွဲဆိုတာ သေချာဆုံးဖြတ်ပြီးတော့ တိုက်ရမယ့် စစ်ပွဲဖြစ်တဲ့အတွက် CDM ဝင်စေချင်တာပေါ့ အမှား အမှန် အမြန်ဆုံး သိစေချင်တယ်။” ဟု CDM အရာရှိ ရဲရင့်အောင်က ဆက်ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ချင်သည့် စစ်သားများစွာ ရှိနေသော်လည်း တပ်တွင်း၌ မိသားစုများ ကျန်ရစ်နေသည့်အတွက် CDM ပြုလုပ်ရန် အခက်အခဲများ ရှိနေကြောင်း ၎င်းက ရှင်းပြသည်။

ကရင်နီပြည်သူ့ရင်ခွင်သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ လက်အောက်ခံအဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိတွင် အဆိုပါအဖွဲ့၌ အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင် ပြန်တိုက်နေသည့် CDM စစ်သားများ ရှိနေကြောင်း သိရှိရသည်။

Crd

Zawgyi

အာဏာ႐ူး မင္းေအာင္လွိုင္အတြက္ စစ္သားမ်ား အသက္ေပးေနရၿပီး စစ္တပ္က အေၾကာင္းမဲ့ ျပည္သူ ပိုင္ေနအိမ္မ်ားကို မီးရွို႔ဖ်က္ဆီးေနဟု ခမရ ၆ မွ CDM ဒုဗိုလ္ ရဲရင့္ေအာင္ ဝန္ခံ

အၾကမ္းဖက္စစ္ေကာင္စီ၏ တပ္မ ၆၆ လက္ေအာက္ခံ ခမရ ၆ မွ ဒုဗိုလ္ ရဲရင့္ေအာင္သည္ ကရင္နီျပည္သူ႕ရင္ခြင္ထံ CDM ျပဳလုပ္ အလင္းဝင္ခဲ့ၿပီး စစ္တပ္က ကရင္နီျပည္တြင္ စစ္ေၾကာင္းထိုး တိုက္ခိုက္စဥ္ ျပည္သူပိုင္ေနအိမ္မ်ားကို အေၾကာင္းမဲ့ မီးရွို႔ခဲ့ၾကသည္ဟု ဝန္ခံထြက္ဆိုသည္။

“ရန္သူက ဒီေနရာက လာပစ္တယ္။ ကြၽန္ေတာ္ ေျပာခ်င္တာက အိမ္ကို မီးရွို႔စရာမလိုဘူး။ ရန္သူက သက္ရွိသတၱဝါ လာပစ္တာ။ အိမ္က သက္မဲ့။ သူက ဒီတိုင္းေနလို႔ရွိရင္။ ကြၽန္ေတာ္တို႔လည္း ဒီလမ္းေၾကာင္းမသြားရင္ သူတို႔လည္း ဒီေရွ႕က လာၿပီးေတာ့ မပစ္ဘူး။ အဲဒါေၾကာင့္ ေတာလမ္းကပဲ သြားေစခ်င္တယ္။

ေတာထဲမွာပဲ သူေသ ကိုယ္ေသ။ ႐ြာေတြကို မထိခိုက္ေစခ်င္ဘူးေပါ့။ ခုက ႐ြာေတြကို မီးရွို႔တယ္။ အဲဒီလို ရွို႔မယ္ဆိုလို႔ဆိုရင္ ႐ြာလုံးကြၽတ္လိုက္ၿပီးေတာ့ ရွို႔ရမယ္ဆိုရင္ ။ ျပည္ပစစ္ မဟုတ္ဘူး ျပည္တြင္းစစ္ဆိုေတာ့ အိမ္ေတြ အကုန္လုံး ကုန္သြားမွာေပါ့။

အိမ္တစ္လုံးေဆာက္ဖို႔ ဆိုတာ လြယ္တာမွ မဟုတ္တာ။ ပိုက္ဆံခ်မ္းသာတဲ့ လူပဲ ျဖစ္ပါေစ။ ဆင္းရဲတဲ့ လူပဲ ျဖစ္ပါေစ မလြယ္ဘူး ” CDM တပ္သား ရဲရင့္ေအာင္က ဝန္ခံ ထြက္ဆိုသည္။

ရဲရင့္ေအာင္သည္ အသက္ ၁၄ ႏွစ္အ႐ြယ္တြင္ စစ္တပ္ထဲ ကေလးစစ္သားအျဖစ္ ေရာက္လာခဲ့သူျဖစ္ၿပီး ယခုအခ်ိန္တြင္ စစ္သက္ ၁၁ ႏွစ္ ရွိၿပီျဖစ္ေၾကာင္း သိရွိရသည္။

လက္ရွိ တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႕မ်ား၊ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ စစ္တပ္ၾကား ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားတြင္ စစ္ေကာင္စီဘက္မွ အထိနာေနၿပီး တိုက္ပြဲမ်ားအတြင္း ေသဆုံးခဲ့သည့္ စစ္သားမ်ားသည္ နိုင္ငံေတာ္အေပၚတြင္ သစၥာေစာင့္သိၿပီး ေသျခင္းမဟုတ္ဘဲ အာဏာ႐ူးမ်ား၏ အမိန႔္ေၾကာင့္ ေသျခင္းျဖစ္သည္ဟု ၎က ဆက္ေျပာသည္။

“ဒီ CDM ဝင္ေရာက္တဲ့ အေၾကာင္းအရင္းကေတာ့ တပ္ထဲမွာ ေနရာတာ မေပ်ာ္ေတာ့တာလည္း ပါတယ္။ သူတို႔ အာဏာ႐ူးေတြနဲ႕ သိပ္ၿပီးေတာ့ အဆင္မေျပေတာ့ဘူးေပါ့။ ေနာက္ၿပီးေတာ့ ထမ္းေဆာင္ရတဲ့ တာဝန္ေတြက သိပ္ၿပီးေတာ့ အဆင္မေျပတာလည္း ပါတယ္။

ကိုယ့္မိဘလည္း စိတ္ခ်မယ္၊ လြတ္လပ္လပ္လပ္ပဲ ေနခ်င္တာ မ်ားလာေတာ့ CDM ဝင္လိုက္တာပါ။ အာဏာ႐ူးတဲ့ ေကာင္ေတြက အမိန႔္ေပးလို႔ တိုက္ပြဲမွာ ေသတဲ့စစ္သားေတြမွာ ကိုယ့္ကိုယ္ကိုယ္ နိုင္ငံေတာ္ေပၚမွာ

သစၥာေစာင့္သိၿပီး ေသသြားတယ္ဆိုတာ မရွိဘူး။ အာဏာ႐ူးတဲ့ ေကာင္ေတြက အမိန႔္ေပးၿပီး ခိုင္းတဲ့ အတြက္ Free သက္သက္ အသက္တစ္ေခ်ာင္းေပးလိုက္ရတယ္။

ၿပီးေတာ့ အခုျဖစ္ေနတာက ျပည္ပက လာတိုက္တဲ့ စစ္ပြဲ မဟုတ္ဘူး။ ျပည္တြင္းမွာျဖစ္တဲ့ စစ္ပြဲဆိုတာ ေသခ်ာဆုံးျဖတ္ၿပီးေတာ့ တိုက္ရမယ့္ စစ္ပြဲျဖစ္တဲ့အတြက္ CDM ဝင္ေစခ်င္တာေပါ့ အမွား အမွန္ အျမန္ဆုံး သိေစခ်င္တယ္။” ဟု CDM အရာရွိ ရဲရင့္ေအာင္က ဆက္ေျပာသည္။

လက္ရွိတြင္ အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္မွ ႐ုန္းထြက္ခ်င္သည့္ စစ္သားမ်ားစြာ ရွိေနေသာ္လည္း တပ္တြင္း၌ မိသားစုမ်ား က်န္ရစ္ေနသည့္အတြက္ CDM ျပဳလုပ္ရန္ အခက္အခဲမ်ား ရွိေနေၾကာင္း ၎က ရွင္းျပသည္။

ကရင္နီျပည္သူ႕ရင္ခြင္သည္ ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ KNDF ၏ လက္ေအာက္ခံအဖြဲ႕တစ္ခုျဖစ္ၿပီး လက္ရွိတြင္ အဆိုပါအဖြဲ႕၌ အၾကမ္းဖက္စစ္တပ္ကို လက္နက္ကိုင္ ျပန္တိုက္ေနသည့္ CDM စစ္သားမ်ား ရွိေနေၾကာင္း သိရွိရသည္။

Crd

Leave a Reply

Your email address will not be published.