NLD ဟာ ပြည်သူ့ပါတီဖြစ်နေသရွေ့ ဆက်လက်ထောက်ခံနေအုန်းမှာပဲလို့ ပြတ်ပြတ်သားသား ပြောလိုက်တဲ့ အဆိုတော် သျှီ

News

NLD ဟာ ပြည်သူ့ပါတီဖြစ်နေသရွေ့ ဆက်လက်ထောက်ခံနေအုန်းမှာပဲလို့ ပြတ်ပြတ်သားသား ပြောလိုက်တဲ့ အဆိုတော် သျှီ

အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့အားပေးမှု့ကို တစ်ခဲနက်ရရှိခဲ့တဲ့ အဆိုတော် သျှီ ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမှာပါ။

ဆူးလေး၊ကယ်တင်ခြင်း အစရှိတဲ့သီချင်းတွေနဲ့ ပရိသတ်တွေရင်ထဲကို ရောက်ရှိခဲ့တဲ့ သူမကတော့ အခုချိန်ထိလဲ ပရိသတ်တွေအချစ်ကိုခံယူနေတုန်းပါပဲ။

သျှီ ဟာလဲ အမှန်တရားဘက်တော်သားတစ်ဦးဖြစ်ပြီး ပြည်သူတွေဘက်ကနေ ရပ်တည်ခဲ့တာပါ။ ဒါကြောင့်လဲ လက်ရှိမှာ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းကြောင့်

ဘေးကင်းရာကို တိမ်းရှောင်နေရပြီး ချစ်တဲ့သူများနဲ့ဝေးရာမှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ လက်ရှိမှာ သူမ ဟာဘေးကင်းတယ်လို့ အသိပေးထားပါတယ်။

အဆိုတော် သျှီ ကတော့ ဓမ္မဘက်သားတွေရဲ့ အောင်ပွဲအတွက်အကောင်းဆုံးပြင်ဆင်ရင်း ချစ်ရသူများနဲ့လည်း ပြန်ဆုံတွေ့ချင်ပါတယ်တဲ့။

“မမေ့နိုင်တဲ့ အနီးဆုံးသမိုင်းထဲမှာNLD ကို တသမတ်တည်း ထောက်ခံခဲ့တဲ့ ကျမတို့မိသားစုလည်း ပါဝင်မဲပေးခဲ့ ၊ လက်သန်းလေးတွေ မင်စွန်းခဲ့ ၊ ကျေနပ်ပျော်ရွှင်ခဲ့ရပါတယ် …

( ခုချိန်ထိလည်း ထောက်ခံဆဲဖြစ်ပြီး တိုင်းပြည်အတွက် ၊ ပြည်သူတွေဘက်ကို NLD ဟာမျက်နှာမူထားတယ်လို့ ယုံကြည်နေရသမျှ ထောက်ခံနေမှာပါ )ဒါဟာ ကျမရဲ့ယုံကြည်ချက်ဖြစ်သလို

NLD ဟာလည်းနိုင်ငံ့အတွက် လိုအပ်ချက် ဖြစ်ကြောင်း သမိုင်းတွေမှာ အဖြေတွေက ရှိပြီးသားပါ

အဆန်ခရီးနဲ့ NLD ဟာ ဒီမိုကရေစီခရီးကြမ်း ကို ဖြတ်သန်းခဲ့ရပြီး အခုထိတိုင်ဖြတ်သန်းနေရဆဲ ဖြစ်ကြောင်းလည်း အလွန်မြင်သာနေဆဲဖြစ်ပါတယ် …

ဒီနေရာကနေပြီး အသက်စွန့်သွားရတဲ့ပါတီဝင်များ တာဝန်ရှိသူများကိုလည်း ငြိမ်းအေးပါစေကြောင်းအမျှဝေရင်းက

စိတ်မကောင်းကြီးစွာဖြင့် အလေးပြုလိုက်ပါတယ် …ကျန်ရှိတာဝန်ယူထားသူ တော်လှန်ရေးထဲ တာဝန်ထမ်းဆောင်နေသူများကိုလည်း ကျေးဇူးတင်လျှက်ပါ …”

ပါတီထောင်တာလည်း ပြည်သူတွေအတွက် ဖြစ်တာကြောင့် ပြည်သူတွေရှိသရွေ့ ပါတီရှိနေပါမယ် ” လို့ ကျမတို့ခေါင်းဆောင်က ဆိုခဲ့တာမို့

ပြည်သူ့အတွက် အမှန်တကယ် အလုပ်လုပ်ပေးကြဖို့ ၊ အလုပ်လုပ်သူတွေ ပိုများဖို့နဲ့ ဘေးထိုင်တာဝန်ရှောင်သူများကိုလည်း ပြည်သူကလက်ခံမှာမဟုတ်ကြောင်း အသိပေးလိုပါတယ်

… ကျမကလည်း ပြည်သူထဲက တယောက်သာဖြစ်ပြီး NLD ပါတီဝင် တယောက်မဟုတ်ပါကြောင်း နှင့် ပြည်သူ့ပါတီ ဖြစ်နေသမျှ ကျေးဇူးတင်စွာ ထောက်ခံနေမည်ဖြစ်ပါကြောင်း

ဒီနေ့မှာ ဒီနေရာကနေ ပြောလိုပါတယ် …မပြောင်းလဲသောသမိုင်းကောင်းများနှင့် NLD ဟာ ပြည်သူ့ပါတီ အဖြစ် ဆက်လက်ရှေ့ဆက်ရင်း …

စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်ကို အောင်မြင်စွာ တည်ထောင်ပေးနိုင်ပါစေလို့ ဆန္ဒပြုရင်း …”လို့ အဆိုတော် သျှီ ဟာ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

Crd CeleOnly

ZAWGYI VERSION

NLD ဟာ ျပည္သူ႔ပါတီျဖစ္ေနသေ႐ြ႕ ဆက္လက္ေထာက္ခံေနအုန္းမွာပဲလို႔ ျပတ္ျပတ္သားသား ေျပာလိုက္တဲ့ အဆိုေတာ္ သွ်ီ


အသံပါဝါေကာင္းေကာင္းနဲ႔ ပရိသတ္ေတြရဲ႕အားေပးမႈ႕ကို တစ္ခဲနက္ရရွိခဲ့တဲ့ အဆိုေတာ္ သွ်ီ ကိုေတာ့ အားလုံးပဲ မွတ္မိၾကအုန္းမွာပါ။

ဆူးေလး၊ကယ္တင္ျခင္း အစရွိတဲ့သီခ်င္းေတြနဲ႔ ပရိသတ္ေတြရင္ထဲကို ေရာက္ရွိခဲ့တဲ့ သူမကေတာ့ အခုခ်ိန္ထိလဲ ပရိသတ္ေတြအခ်စ္ကိုခံယူေနတုန္းပါပဲ။

သွ်ီ ဟာလဲ အမွန္တရားဘက္ေတာ္သားတစ္ဦးျဖစ္ၿပီး ျပည္သူေတြဘက္ကေန ရပ္တည္ခဲ့တာပါ။ ဒါေၾကာင့္လဲ လက္ရွိမွာ စစ္ေကာင္စီရဲ႕ ဖမ္းဝရမ္းေၾကာင့္

ေဘးကင္းရာကို တိမ္းေရွာင္ေနရၿပီး ခ်စ္တဲ့သူမ်ားနဲ႔ေဝးရာမွာ ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လဲ လက္ရွိမွာ သူမ ဟာေဘးကင္းတယ္လို႔ အသိေပးထားပါတယ္။

အဆိုေတာ္ သွ်ီ ကေတာ့ ဓမၼဘက္သားေတြရဲ႕ ေအာင္ပြဲအတြက္အေကာင္းဆုံးျပင္ဆင္ရင္း ခ်စ္ရသူမ်ားနဲ႔လည္း ျပန္ဆုံေတြ႕ခ်င္ပါတယ္တဲ့။

“မေမ့ႏိုင္တဲ့ အနီးဆုံးသမိုင္းထဲမွာNLD ကို တသမတ္တည္း ေထာက္ခံခဲ့တဲ့ က်မတို႔မိသားစုလည္း ပါဝင္မဲေပးခဲ့ ၊ လက္သန္းေလးေတြ မင္စြန္းခဲ့ ၊ ေက်နပ္ေပ်ာ္႐ႊင္ခဲ့ရပါတယ္ …

( ခုခ်ိန္ထိလည္း ေထာက္ခံဆဲျဖစ္ၿပီး တိုင္းျပည္အတြက္ ၊ ျပည္သူေတြဘက္ကို NLD ဟာမ်က္ႏွာမူထားတယ္လို႔ ယုံၾကည္ေနရသမွ် ေထာက္ခံေနမွာပါ )ဒါဟာ က်မရဲ႕ယုံၾကည္ခ်က္ျဖစ္သလို

NLD ဟာလည္းႏိုင္ငံ့အတြက္ လိုအပ္ခ်က္ ျဖစ္ေၾကာင္း သမိုင္းေတြမွာ အေျဖေတြက ရွိၿပီးသားပါ

အဆန္ခရီးနဲ႔ NLD ဟာ ဒီမိုကေရစီခရီးၾကမ္း ကို ျဖတ္သန္းခဲ့ရၿပီး အခုထိတိုင္ျဖတ္သန္းေနရဆဲ ျဖစ္ေၾကာင္းလည္း အလြန္ျမင္သာေနဆဲျဖစ္ပါတယ္ …

ဒီေနရာကေနၿပီး အသက္စြန႔္သြားရတဲ့ပါတီဝင္မ်ား တာဝန္ရွိသူမ်ားကိုလည္း ၿငိမ္းေအးပါေစေၾကာင္းအမွ်ေဝရင္းက

စိတ္မေကာင္းႀကီးစြာျဖင့္ အေလးျပဳလိုက္ပါတယ္ …က်န္ရွိတာဝန္ယူထားသူ ေတာ္လွန္ေရးထဲ တာဝန္ထမ္းေဆာင္ေနသူမ်ားကိုလည္း ေက်းဇူးတင္လွ်က္ပါ …”

ပါတီေထာင္တာလည္း ျပည္သူေတြအတြက္ ျဖစ္တာေၾကာင့္ ျပည္သူေတြရွိသေ႐ြ႕ ပါတီရွိေနပါမယ္ ” လို႔ က်မတို႔ေခါင္းေဆာင္က ဆိုခဲ့တာမို႔

ျပည္သူ႔အတြက္ အမွန္တကယ္ အလုပ္လုပ္ေပးၾကဖို႔ ၊ အလုပ္လုပ္သူေတြ ပိုမ်ားဖို႔နဲ႔ ေဘးထိုင္တာဝန္ေရွာင္သူမ်ားကိုလည္း ျပည္သူကလက္ခံမွာမဟုတ္ေၾကာင္း အသိေပးလိုပါတယ္

… က်မကလည္း ျပည္သူထဲက တေယာက္သာျဖစ္ၿပီး NLD ပါတီဝင္ တေယာက္မဟုတ္ပါေၾကာင္း ႏွင့္ ျပည္သူ႔ပါတီ ျဖစ္ေနသမွ် ေက်းဇူးတင္စြာ ေထာက္ခံေနမည္ျဖစ္ပါေၾကာင္း

ဒီေန႔မွာ ဒီေနရာကေန ေျပာလိုပါတယ္ …မေျပာင္းလဲေသာသမိုင္းေကာင္းမ်ားႏွင့္ NLD ဟာ ျပည္သူ႔ပါတီ အျဖစ္ ဆက္လက္ေရွ႕ဆက္ရင္း …

စစ္မွန္ေသာဒီမိုကေရစီႏိုင္ငံေတာ္ကို ေအာင္ျမင္စြာ တည္ေထာင္ေပးႏိုင္ပါေစလို႔ ဆႏၵျပဳရင္း …”လို႔ အဆိုေတာ္ သွ်ီ ဟာ သူမရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။

Crd CeleOnly

Leave a Reply

Your email address will not be published.