“ငါတို့ကျရှုံးပါစေ တရားကသာအနိုင်ရပါစေ” လို့ ဗိုလ်စနေ မကျဆုံးခင်ဆုတောင်းသွားတယ်

News

မနက်က မြောင်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး MUA ၏ ဒုတပ်စိတ်မှူး ဗိုလ်စနေ ကျဆုံး၊ စကစ ၂ ဦးသေပြီး ကိုရင်တစ်ပါးကို နှိပ်စက်သွား

ယနေ့မနက် ၄ နာရီခန့်က မြောင်မြို့နယ်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး မြောင်ပြည်သူ့တပ်မတော်မှ ဒုတပ်စိတ်မှူး ဗိုလ်စနေ ကျဆုံးခဲ့ကြောင်း သိရသည်။

ယနေ့မနက် ၄ နာရီခန့်တွင် ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီတပ် အင်အား ၆၀ ခန့်သည် မိုးတစ်ဖြိုက်ဖြိုက်ကျနေချိန် အမှောင်ထုကိုအားပြုပြီး ဆင်မင်းကျေးရွာကိုဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းအချိန်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး Myaung Farmer အဖွဲ့မှ မြောင်ပြည်သူ့တပ်မတော် MUA ၏ ဒုတပ်စိပ်မှုး မောင်မျိုးသန့်ခိုင် (ခ) ဗိုလ်စနေမှာ ကျဆုံးခဲ့ကြောင်း မြောင် PDF CDSOM က သတင်းထုတ်ပြန်လာသည်။

အပြန်အလှန်ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂ ဦး ကျဆုံးပြီး ဒဏ်ရာရ ၅ ဦးရှိကာ ထမ်းစင်နှင့်ပြန်ပြေးသွားခဲ့ကြောင်း CDSOM ကဆိုသည်။

“သူရဲကောင်းစိတ်ဓာတ်အပြည့်ဖြင့် တာဝန်ကျေပွန်စွာထမ်းဆောင်ပြီး နှုတ်ဆက်ထွက်ခွာသွားသော ရဲဘော် ဗိုလ်စနေအား ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများမှ အလေးနီပြုလိုက်ပါသည်” ဟု သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ဆင်မင်းကျေးရွာထဲရှိ ဘုန်းကြီးကျောင်းကိုရောက်ချိန် ကိုရင်လေးတစ်ပါးအားခေါ်ကာ PDF ရှိမရှိမေးမြန်းရာ မသိကြောင်း ပြန်ဖြေသဖြင့် ကိုရင်၏ဦးခေါင်းကို ခြေထောက်များနှင့်ကန်၍ ကျောကိုထိုးနှက်နှိပ်စက်ခဲ့ကြောင်း သိရသည်။

” ကျနော်နှင့်တွေ့ချိန်အထိ နာကျင်လွန်းလို့ အငိုတောင်မရပ်နိုင်သေးပဲ ရှိနေခဲ့ပါတယ်” ဟု CDSOM ကဆိုသည်။

ဘုန်းကြီးကျောင်းဝင်းထဲရှိ ပြည်သူ့ဆိုင်ကယ် ၄ စီးကိုလည်း စစ်ကောင်စီတပ်က မီးပုံရှို့ခဲ့ပြီး ဆင်မင်ရွာပြည်သူအိမ်တစ်အိမ်ကိုလည်း ခြံတံခါးများကျော်တက်ကာ ငွေသိန်း ၁၀၀ ခန့်နှင့် ဖုန်း ၄ လုံး ခိုးယူသွားခဲ့ကြောင်း သိရသည်။

Zawgyi

Unicode

မနက္က ေျမာင္တြင္ ထိေတြ႕ပစ္ခတ္မႈျဖစ္ၿပီး MUA ၏ ဒုတပ္စိတ္မႉး ဗိုလ္စေန က်ဆဳံး၊ စကစ ၂ ဦးေသၿပီး ကိုရင္တစ္ပါးကို ႏွိပ္စက္သြား

ယေန႕မနက္ ၄ နာရီခန့္က ေျမာင္ၿမိဳ႕နယ္တြင္ ထိေတြ႕ပစ္ခတ္မႈျဖစ္ပြားၿပီး ေျမာင္ျပည္သူ႕တပ္မေတာ္မွ ဒုတပ္စိတ္မႉး ဗိုလ္စေန က်ဆဳံးခဲ့ေၾကာင္း သိရသည္။

ယေန႕မနက္ ၄ နာရီခန့္တြင္ ေက်ာက္ရစ္ရဲစခန္းမွ စစ္ေကာင္စီတပ္ အင္အား ၆၀ ခန့္သည္ မိုးတစ္ၿဖိဳက္ၿဖိဳက္က်ေနခ်ိန္ အေမွာင္ထုကိုအားျပဳၿပီး ဆင္မင္းေက်း႐ြာကိုဝင္ေရာက္စီးနင္းခဲ့ေၾကာင္း၊ ယင္းအခ်ိန္တြင္ ထိေတြ႕ပစ္ခတ္မႈျဖစ္ပြားၿပီး Myaung Farmer အဖြဲ႕မွ ေျမာင္ျပည္သူ႕တပ္မေတာ္ MUA ၏ ဒုတပ္စိပ္မႈး ေမာင္မ်ိဳးသန့္ခိုင္ (ခ) ဗိုလ္စေနမွာ က်ဆဳံးခဲ့ေၾကာင္း ေျမာင္ PDF CDSOM က သတင္းထုတ္ျပန္လာသည္။

အျပန္အလွန္ပစ္ခတ္မႈမ်ားေၾကာင့္ စစ္ေကာင္စီတပ္ဘက္မွ ၂ ဦး က်ဆဳံးၿပီး ဒဏ္ရာရ ၅ ဦးရွိကာ ထမ္းစင္ႏွင့္ျပန္ေျပးသြားခဲ့ေၾကာင္း CDSOM ကဆိုသည္။

“သူရဲေကာင္းစိတ္ဓာတ္အျပည့္ျဖင့္ တာဝန္ေက်ပြန္စြာထမ္းေဆာင္ၿပီး ႏႈတ္ဆက္ထြက္ခြာသြားေသာ ရဲေဘာ္ ဗိုလ္စေနအား ကြၽန္ုပ္တို႔ ေတာ္လွန္ေရးအင္အားစုမ်ားမွ အေလးနီျပဳလိုက္ပါသည္” ဟု သတင္းထုတ္ျပန္ထားသည္။

စစ္ေကာင္စီတပ္သည္ ဆင္မင္းေက်း႐ြာထဲရွိ ဘုန္းႀကီးေက်ာင္းကိုေရာက္ခ်ိန္ ကိုရင္ေလးတစ္ပါးအားေခၚကာ PDF ရွိမရွိေမးျမန္းရာ မသိေၾကာင္း ျပန္ေျဖသျဖင့္ ကိုရင္၏ဦးေခါင္းကို ေျခေထာက္မ်ားႏွင့္ကန္၍ ေက်ာကိုထိုးႏွက္ႏွိပ္စက္ခဲ့ေၾကာင္း သိရသည္။

” က်ေနာ္ႏွင့္ေတြ႕ခ်ိန္အထိ နာက်င္လြန္းလို႔ အငိုေတာင္မရပ္နိုင္ေသးပဲ ရွိေနခဲ့ပါတယ္” ဟု CDSOM ကဆိုသည္။

ဘုန္းႀကီးေက်ာင္းဝင္းထဲရွိ ျပည္သူ႕ဆိုင္ကယ္ ၄ စီးကိုလည္း စစ္ေကာင္စီတပ္က မီးပုံရွို႔ခဲ့ၿပီး ဆင္မင္႐ြာျပည္သူအိမ္တစ္အိမ္ကိုလည္း ၿခံတံခါးမ်ားေက်ာ္တက္ကာ ေငြသိန္း ၁၀၀ ခန့္ႏွင့္ ဖုန္း ၄ လုံး ခိုးယူသြားခဲ့ေၾကာင္း သိရသည္။

Crd

Leave a Reply

Your email address will not be published.