မိုးရွာလို့ သောက်ရေ အနည်းငယ်ရပေမယ့် မိုးမလုံတဲ့ တဲလေးတွေကြောင့် နေထိုင်မှုတွေ အပြင် အစစအရာရာ ပိုပြီးခက်ခဲလာတဲ့ စစ်ဘေးရှောင် ပြည် သူ တွေ

News

Zawgyi

လက်ရှိအခြေအနေတွေကြောင့်နယ်မြို့တွေမှာသူရဲကောင်းပြည်သူတွေနဲ့စစ်ကာင်စီတပ်ဖွဲ့တို့တိုက်ပွဲတွေပြင်းထန်နေပြီးမြို့ခံပြည်သူတွေအများအပြားစစ်ဘေးရှောင်နေကြရတာတွေ့ရပါတယ်။

လူထုလှုပ်ရှားမှုတွေမှာအကြမ်းဖက်ဖြိုခွင်းမှုတွေအပြင် တိုက်ပွဲတွေကြောင့်အသက်ပေးကျဆုံးသွားကြတဲ့သူရဲကောင်းတွေအတွက်ပြည်သူတွေကဂုဏ်ပြုလေးစားကြသလိုစစ်ဘေးရှောင်ပြည်သူတွေအတွက်လည်းဖေးမကူညီမှုတွေပြုလုပ်နေကြတာပါ။

ပြည်သူတွေကအချင်းချင်းတတ်နိုင်သလောက်ကူညီနေကြသလိုစစ်ဘေးရှောင်ပြည်သူတွေကိုလည်းစာနာနားလည်မှုတွေနဲ့ကိုယ်ချင်းစာကာလိုအပ်တာတွေကိုလှူဒါန်းမှုတွေပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက်အခုလိုမိုးတွင်းအချိန်အခါမှာလည်း သောက်သုံးရေအတွက်အနည်းငယ်အဆင်ပြေလာပေမယ့်တစ်ဖက်မှာလည်းနေထိုင်မှုတွေနဲ့ကျန်းမာရေးတွေကအစပိုပြီးခက်ခဲလာတဲ့အရာတွေရှိနေပြန်ပါတယ်။

တောထဲတောင်ထဲမှာစစ်ပြေးနေကြရတာဖြစ်တဲ့အတွက်မိုးရွာလို့ သောက်ရေအနည်းငယ်ရပေမယ့်သွားလာဆက်သွယ်ရေးနဲ့နေထိုင်မှုတွေအပြင်တကိုယ်ရည်အသုံးအဆောင်များ၊ရေသန့်ဆေး၊ရေသန့်စက်၊စားနပ်ရိက္ခာတွေလိုအပ်နေသလိုကျန်းမာရေးစောင့်ရှောက်မှုလည်းလိုအပ်နေကြောင်းသိရပါတယ်။

ပြည်သူတွေအနေနဲ့ကလည်းအခက်အခဲတွေနဲ့အန္တရာယ်တွေကြားကနေလိုအပ်တာတွေကိုပို့ပေးကူညီကာအရေးတော်ပုံကြီးမှာတတ်နိုင်သလောက်အင်အားတွေနဲ့ကြိုးစားပါဝင်နေကြတာလည်းတွေ့ရပါတယ်။

Unicode

Crd

Leave a Reply

Your email address will not be published. Required fields are marked *