ဖမ်းဆီးခံထားရတဲ့ ရွေးကောက်ခံခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်တဲ့ အောင်လအန်ဆန်

News

ဖမ္းဆီးခံထားရတဲ့ေ႐ြးေကာက္ခံေခါင္းေဆာင္ေတြကို ျပန္လႊတ္ေပးဖို႔ထပ္မံေတာင္းဆိုလိုက္တဲ့ေအာင္လအန္ဆန္

ဝမ္းမစ္ဒယ္ဝိတ္ခ်န္ပီယံေဟာင္းေအာင္လအန္ဆန္ကတပ္မေတာ္မွဖမ္းဆီးထိန္းသိမ္းထားတဲ့ေ႐ြးေကာက္ခံေခါင္းေဆာင္ေတြကိုျပန္လႊတ္ေပးဖို႔ထပ္မံေတာင္းဆိုလိုက္ပါတယ္။ေအာင္လအန္ဆန္ကကြၽန္ေတာ္တို႔ႏိုင္ငံမွာတပ္မေတာ္ကအာဏာသိမ္းတာဒီေန႔နဲ႔ဆို၁၆ရက္ရွိပါၿပီ။ဒီအေျခအေနေပၚခ်က္ခ်င္းဆိုသလိုျပည္သူေတြ၊ အစိုးရ၀န္ထမ္းေတြ၊ဆရာဝန္ေတြ၊ေရွ႕ေနေတြနဲ႔ရဲဝန္ထမ္းေတြကပါCDMလႈပ္ရွားမႈနဲ႔အတူၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔တြန္းလွန္ေနၾကပါတယ္။

မေမွ်ာ္လင့္စြာပဲဒီရက္ေတြမွာေနျပည္ေတာ္၊မႏၲေလးစတဲ့ၿမိဳ႕ေတြမွာဆႏၵျပသူေတြကိုၿဖိဳခြင္းတာေတြကပိုၿပီးဆိုး႐ြားလာေနတာေတြ႕ရပါတယ္။ၿပီးခဲ့တဲ့ရက္ကပဲကြၽန္ေတာ့္ေမြးရပ္ေျမျမစ္ႀကီးနားမွာလည္းျပည္သူေတြပစ္ခတ္ႏွိမ္ႏွင္းခံခဲ့ရပါေသးတယ္။ဒါတင္မကဘူးအာဏာထိန္းသိမ္းတဲ့အေျခအေနကိုထိပါးၿခိမ္းေျခာက္တဲ့ဘယ္သူ႔ကိုမဆိုဖမ္းဆီးလို႔ရမယ့္ဥပေဒေတြကိုပါထပ္ၿပီးထုတ္ျပန္တယ္။

ျပည္တြင္းကလူေတာ္ေတာ္မ်ားမ်ားလည္းညႀကီးမိုးခ်ဳပ္ေတြမွာအေၾကာင္းျပခ်က္မရွိပဲဖမ္းဆီးခံေနရသလိုအင္တာနက္သုံးစြဲတာေတြကိုပါထိန္းခ်ဳပ္ကန႔္သတ္ထားတာေတြရွိေနတယ္။အဲ့ဒီအျပင္ဒီကာလမ်ိဳးမွာအက်ဥ္းသားႏွစ္ေသာင္းေက်ာ္လႊတ္ေပးၿပီးေတာ့အဲ့ဒီလြတ္လာတဲ့အထဲကတခ်ိဳ႕ကသာမာန္ျပည္သူေတြလုံၿခဳံေအးခ်မ္းမႈကိုအေႏွာက္အယွက္ျဖစ္မယ့္အျပဳအမူေတြလုပ္လာေနၾကတယ္။

ေလာေလာဆယ္မွာေဒၚေအာင္ဆန္းစုၾကည္၊သမၼတဦးဝင္းျမင့္နဲ႔ပါတီတြင္းကေခါင္းေဆာင္ေတြ၊အစိုးရအဖြဲ႕ဝင္ေတြလည္းထိမ္းသိမ္းခံေနရၿပီးသူတို႔နဲ႔ပတ္သက္တဲ့သတင္းတိတိက်က်ေတာင္မွကြၽန္ေတာ္တို႔မၾကားရေသးဘူး။ဒီအေျခေနေတြအားလုံးအေပၚမွာကြၽန္ေတာ္စိတ္မေကာင္းႀကီးစြာျဖစ္ရပါတယ္။ျမန္မာႏိုင္ငံကဒီမိုကေရစီအရသာကိုခံစားရတာႏွစ္အနည္းငယ္ပဲရွိပါေသးတယ္။အခုေတာ့ဒါေတြအားလုံးကလက္ရွိအေျခအေနမွာပ်က္စီးခဲ့ရပါတယ္။လတ္တေလာမွာျမန္မာႏိုင္ငံသားေတြတညီတည္းရွိေနတဲ့ဆႏၵေတြက

ဒီအာဏာသိမ္းမႈကိုေနာက္ျပန္လွည့္ေပးဖို႔ဖမ္းဆီးခံထားရတဲ့ေ႐ြးေကာက္ခံေခါင္းေဆာင္ေတြကိုျပန္လႊတ္ဖို႔နဲ႔ဒီမိုကေရစီစနစ္ကိုျပန္လည္ထူေထာင္ဖို႔ပဲျဖစ္ပါတယ္။ကြၽန္ေတာ္တစ္ကမာၻလုံးကိုေမတၱာရပ္ခံခ်င္တာကဒီအေျခအေနမွာျမန္မာႏိုင္ငံသားေတြရဲ႕အသံကိုနားစြင့္ေပးဖို႔နဲ႔ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ျပန္လည္အသြင္ကူးေျပာင္းႏိုင္ဖို႔အတြက္သူတို႔အကူအညီေတြျပသေပးဖို႔ပါ။

ဒီအေျခအေနကိုၿငိမ္းခ်မ္းစြာတြန္းလွန္ဖို႔ႀကိဳးစားၾကတဲ့ဘယ္လႈပ္ရွားမႈကိုမဆိုကြၽန္ေတာ္ေထာက္ခံအားေပးပါတယ္။ေနာက္ထပ္ကြၽန္ေတာ္တိုက္တြန္းခ်င္တာကႏိုင္ငံသားေကာင္းပီသစြာယဥ္ေက်းမႈရွိရွိတုံ႔ျပန္ဖို႔၊ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔မိမိတို႔ဆႏၵရွိရာကိုဆက္လက္ထုတ္ေဖၚေပးဖို႔ပါ။ဆႏၵထုတ္ေဖာ္တဲ့ေနရာမွာရန္လိုမႈနဲ႔စရင္ရန္လိုမႈနဲ႔ပဲႀကဳံၾကရလိမ့္မယ္။ဒါေတြကိုေက်ာ္ျဖတ္ဖို႔အတြက္တည္တည္ၿငိမ္ၿငိမ္ရွိဖို႔နဲ႔အာ႐ုံစူးစိုက္မႈရွိဖို႔ပဲလိုပါတယ္။ဒီလိုအေျခအေနမွာကြၽန္ေတာ္တို႔ႏိုင္ငံသားေတြအားလုံးေဘးကင္းေစဖို႔ကြၽန္ေတာ္ဆက္ၿပီးဆုေတာင္းေနပါမယ္။

Zawgyi

ဖမ်းဆီးခံထားရတဲ့ရွေးကောက်ခံခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ထပ်မံတောင်းဆိုလိုက်တဲ့အောင်လအန်ဆန်

ဝမ်းမစ်ဒယ်ဝိတ်ချန်ပီယံဟောင်းအောင်လအန်ဆန်ကတပ်မတော်မှဖမ်းဆီးထိန်းသိမ်းထားတဲ့ရွေးကောက်ခံခေါင်းဆောင်တွေကိုပြန်လွှတ်ပေးဖို့ထပ်မံတောင်းဆိုလိုက်ပါတယ်။အောင်လအန်ဆန်ကကျွန်တော်တို့နိုင်ငံမှာတပ်မတော်ကအာဏာသိမ်းတာဒီနေ့နဲ့ဆို၁၆ရက်ရှိပါပြီ။ဒီအခြေအနေပေါ်ချက်ချင်းဆိုသလိုပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေ၊ဆရာဝန်တွေ၊ရှေ့နေတွေနဲ့ရဲဝန်ထမ်းတွေကပါCDMလှုပ်ရှားမှုနဲ့အတူငြိမ်းငြိမ်းချမ်းချမ်းနဲ့တွန်းလှန်နေကြပါတယ်။

မမျှော်လင့်စွာပဲဒီရက်တွေမှာနေပြည်တော်၊မန္တလေးစတဲ့မြို့တွေမှာဆန္ဒပြသူတွေကိုဖြိုခွင်းတာတွေကပိုပြီးဆိုးရွားလာနေတာတွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်ကပဲကျွန်တော့်မွေးရပ်မြေမြစ်ကြီးနားမှာလည်းပြည်သူတွေပစ်ခတ်နှိမ်နှင်းခံခဲ့ရပါသေးတယ်။ဒါတင်မကဘူးအာဏာထိန်းသိမ်းတဲ့အခြေအနေကိုထိပါးခြိမ်းခြောက်တဲ့ဘယ်သူ့ကိုမဆိုဖမ်းဆီးလို့ရမယ့်ဥပဒေတွေကိုပါထပ်ပြီးထုတ်ပြန်တယ်။

ပြည်တွင်းကလူတော်တော်များများလည်းညကြီးမိုးချုပ်တွေမှာအကြောင်းပြချက်မရှိပဲဖမ်းဆီးခံနေရသလိုအင်တာနက်သုံးစွဲတာတွေကိုပါထိန်းချုပ်ကန့်သတ်ထားတာတွေရှိနေတယ်။အဲ့ဒီအပြင်ဒီကာလမျိုးမှာအကျဉ်းသားနှစ်သောင်းကျော်လွှတ်ပေးပြီးတော့အဲ့ဒီလွတ်လာတဲ့အထဲကတချို့ကသာမာန်ပြည်သူတွေလုံခြုံအေးချမ်းမှုကိုအနှောက်အယှက်ဖြစ်မယ့်အပြုအမူတွေလုပ်လာနေကြတယ်။

လောလောဆယ်မှာဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်နဲ့ပါတီတွင်းကခေါင်းဆောင်တွေ၊အစိုးရအဖွဲ့ဝင်တွေလည်းထိမ်းသိမ်းခံနေရပြီးသူတို့နဲ့ပတ်သက်တဲ့သတင်းတိတိကျကျတောင်မှကျွန်တော်တို့မကြားရသေးဘူး။ဒီအခြေနေတွေအားလုံးအပေါ်မှာကျွန်တော်စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။မြန်မာနိုင်ငံကဒီမိုကရေစီအရသာကိုခံစားရတာနှစ်အနည်းငယ်ပဲရှိပါသေးတယ်။အခုတော့ဒါတွေအားလုံးကလက်ရှိအခြေအနေမှာပျက်စီးခဲ့ရပါတယ်။လတ်တလောမှာမြန်မာနိုင်ငံသားတွေတညီတည်းရှိနေတဲ့ဆန္ဒတွေက

ဒီအာဏာသိမ်းမှုကိုနောက်ပြန်လှည့်ပေးဖို့ဖမ်းဆီးခံထားရတဲ့ရွေးကောက်ခံခေါင်းဆောင်တွေကိုပြန်လွှတ်ဖို့နဲ့ဒီမိုကရေစီစနစ်ကိုပြန်လည်ထူထောင်ဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တစ်ကမ္ဘာလုံးကိုမေတ္တာရပ်ခံချင်တာကဒီအခြေအနေမှာမြန်မာနိုင်ငံသားတွေရဲ့အသံကိုနားစွင့်ပေးဖို့နဲ့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြန်လည်အသွင်ကူးပြောင်းနိုင်ဖို့အတွက်သူတို့အကူအညီတွေပြသပေးဖို့ပါ။

ဒီအခြေအနေကိုငြိမ်းချမ်းစွာတွန်းလှန်ဖို့ကြိုးစားကြတဲ့ဘယ်လှုပ်ရှားမှုကိုမဆိုကျွန်တော်ထောက်ခံအားပေးပါတယ်။နောက်ထပ်ကျွန်တော်တိုက်တွန်းချင်တာကနိုင်ငံသားကောင်းပီသစွာယဉ်ကျေးမှုရှိရှိတုံ့ပြန်ဖို့၊ငြိမ်းငြိမ်းချမ်းချမ်းနဲ့မိမိတို့ဆန္ဒရှိရာကိုဆက်လက်ထုတ်ဖေါ်ပေးဖို့ပါ။ဆန္ဒထုတ်ဖော်တဲ့နေရာမှာရန်လိုမှုနဲ့စရင်ရန်လိုမှုနဲ့ပဲကြုံကြရလိမ့်မယ်။ဒါတွေကိုကျော်ဖြတ်ဖို့အတွက်တည်တည်ငြိမ်ငြိမ်ရှိဖို့နဲ့အာရုံစူးစိုက်မှုရှိဖို့ပဲလိုပါတယ်။ဒီလိုအခြေအနေမှာကျွန်တော်တို့နိုင်ငံသားတွေအားလုံးဘေးကင်းစေဖို့ကျွန်တော်ဆက်ပြီးဆုတောင်းနေပါမယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *