ပြည်သူများကို အားတင်းထားပါလို့ပြောရင်း မြန်မာပြည်ကို နောက်တခါ ပြန်လာချင်သေးတယ်လို့ ဆိုလာတဲ့ SINON LORESCA

News

ပြည်သူများကို အားတင်းထားပါလို့ပြောရင်း မြန်မာပြည်ကို နောက်တခါ ပြန်လာချင်သေးတယ်လို့ ဆိုလာတဲ့ Sinon Loresca

ဖိလစ်ပိုင် Cat Walk King လို့ပရိသတ်အားလုံးက အသိအမှတ်ပြုထားတဲ့ မော်ဒယ်လ် Sinon Loresca ကတော့ မြန်မာပရိသတ်တွေနဲ့ အတော်လေး ရင်းနှီးနေတဲ့သူ တစ်ယောက်ပါ။

Sinonက မြန်မာပြည်မှာ အချိန်အတော်ကြာ နေထိုင်ခဲ့သူတစ်ဦးဖြစ်ပြီး မြန်မာပြည်ကို ချစ်တယ်လို့ ဆိုခဲ့သူပဲဖြစ်ပါတယ်။အခုဆိုရင် Sinonက ကြော်ငြာတွေကိုလည်း ရိုက်ကူးနေရသလို

ရုပ်ရှင်ဇာတ်ကားကြီးမှာပါ ပါဝင်ပြီး သရုပ်ဆောင်နေရပြီဖြစ်ပါတယ်။Sinonက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေမှာလည်း ပြည်သူလူထုနဲ့အတူတူ ရပ်တည်ပေးခဲ့ပြီး

မြန်မာ့အရေးကို ကမ္ဘာကသိအောင် သူရဲ့လူမှုကွန်ယက်မှာ အချိန်နဲ့တပြေးညီ ပြန်လည်မျှဝေ ပေးနေသူလည်း ဖြစ်ပါတယ်။Sinonက မြန်မာပြည်သား မဟုတ်ပေမယ့်လည်း ခက်ခဲနေကြတဲ့

ပြည်သူတွေကို ပေးကမ်းလှူဒါန်းလေ့ရှိသူ တစ်ယောက်ဖြစ်ပါတယ်။Sinon ကလက်ရှိ အင်္ဂလန်နိုင်ငံမှာ ရောက်ရှိနေပေမယ့် မြန်မာနိုင်ငံကို သတိရနေတဲ့အကြောင်း၊မြန်မာနိုင်ငံကို နောက်တကြိမ်

ပြန်လာချင်တဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက် အကောင့်မှာ ရေးသားထားပါတယ်။”ကျတော် မြန်မာကို နောက်တစ်ကြိမ်ပြန်လာပီး ကျတော့်ရဲ့အချိန်တွေကို ချစ်စရာ မြန်မာလူမျိုးတွေနဲ့

အရင်လို ‌ပျော်ပျော်ရွှင်ရွှင်နေရဖို့ မစောင့်နိုင်တော့ဘူး။ကျတော် ဘုရားသခင်ဆီမှာ အမြဲဆုတောင်းပေးနေပါတယ် စစ်ပွဲတွေ အဆုံးသတ်ဖို့ကို ပီးတော့အရင်လို မေတ္တာတွေ အမြန်ဆုံး ပြန်မြင်ရချင်နေပါပီဗျ

မြန်မာနိုင်ငံက ပြည်သူပြည်သားများ အားတင်းထားပါခင်ဗျာ ကျတော်တို့အချိန် ကျရောက်လာတော့မှာပါ နိုင်ပွဲကို ကျတော်တို့ဆင်နွဲပီး အောင်ပွဲခံရမယ့်အချိန် နီးပါပီ”လို့ရေးသားလာခဲ့တာပဲဖြစ်ပါတယ်။

မော်ဒယ် Sinon ကတော့ ဖေဖော်ဝါရီလအတွင်းက သူ့ရဲ့နေရပ်နိုင်ငံ ဖိလစ်ပိုင်ကို ပြန်သွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့မှာ နေထိုင်နေတယ်လို့ သိရှိရပါတယ်နော်။

ပရိတ်သတ်ကြီးတို့လည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သာယာပျော်ရွှင်စရာကောင်းသော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကျပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်နော်။

C r d

Leave a Reply

Your email address will not be published. Required fields are marked *