မနေ့ညက ကား ACCIDENT ကြောင့် TAXI ယာဉ်မောင်း မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရတဲ့ ကျန်ရစ်သူသားလေးရဲ့ကြေကွဲဖွယ်ရာစကားလေး(အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ပါ)

News

ဇွန်လ (၇)ရက်နေ့၊မနေ့ညကဆိုရင်တော့ ရန်ကုန်မြို့၊အင်းယားလမ်းမှာ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွါးခဲ့ပြီး (၃)ယောက်သေဆုံးကာ ကျန်တဲ့သူများလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

Taxi မောင်းတဲ့ဦးလေးကြီးကတော့ သူ့ရဲ့အမျိုးသမီးနဲ့အတူ အိမ်ပြန်မယ့်လမ်းမှာ မိန်းကလေးတွေ ညဘက်ကြီး ကားငှါးတာကို ကိုယ်ချင်းစာကာ လိုက်ပို့ပေးခဲ့ရင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။အင်းယားလမ်း မီးပွိုင့်မှာတော့ တစ်ဖက်မှလာတဲ့ ကားက မီးနီကိုဖြတ်မောင်းပြီး Taxiကို ဝင်တိုက်လိုက်တယ်လို့ သိရပါတယ်။

Taxi ယာဉ်မောင်း ဦးလေးကြီးကတော့ ဆေးရုံးပေါ်မှာဆုံးပြီး သူ့ရဲ့အမျိုးသမီးနဲ့ မော်ဒယ်မေသစ္စာမောင်တို့ကတော့လူနာတင်ယာဉ်ပေါ်မှာတင် ဆုံးပါးသွားတာဖြစ်ပါတယ်။Taxiယာဉ်မောင်းတဲ့ လင်မယားမှာ သားလေးတစ်ယောက်လည်း ကျန်ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့သားလေးကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ Taxi ကဝင်တိုက်တယ်ဆိုပြီး သတင်းအမှားတွထွက်ပေါ်နေတာကြောင့် ပြန်လည်ဖြေရှင်းနေတာဖြစ်ပါတယ်။ကျန်ရစ်သူလူငယ်လေးရဲ့သူငယ်ချင်းတွေကလည်း သူ့ကို ကူညီဖေးမပေးပြီး ကောလာဟလတွေ မဟုတ်ကြောင်း ဖြစ်စဉ်အမှန်ကို ရေးတင်နေကြတာဖြစ်ပါတယ်။

မိဘနှစ်ပါးလုံးကိုဆုံးရှုံးလိုက်ရတဲ့ ကျန်ရစ်သူလူငယ်လေးက “အရင်လို နိုးလာတိုင်း ထမင်းချက်ထားမယ့်သူမရှိတော့ဘူး ကိုယ့်ဘာသာကြိုးစားရတော့မယ်” ဆိုပြီး သူငယ်ချင်းတွေကို ရင်ဖွင့်နေတာဖြစ်ပါတယ်။

ပြည်သူတွေကလည်း ကား Accident ကြောင့် ကွယ်လွန်သွားရတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်နေကြရတာဖြစ်ပါတယ်။လူမှုကွန်ယက်စာမျက်နှာပေါ်မှာ Taxi က ဝင်တိုက်တယ်ဆိုတဲ့ သတင်းက အမှားသာဖြစ်ပြီး ကျန်ရစ်သူလူငယ်လေးရဲ့ပူဆွေးသောကတွေကို ကိုယ်ချင်းစာရင်း အဖြစ်အပျက်အမှန်ကို ပြည်သူအများအပြားသိအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *