ဒုက္ခရောက် နေသူတွေအတွက် မိမိ ဝတ်ဖို့ ၁၁ ထည်လောက်သာ ချန်ထားပြီး ကျန်တာအကုန်လုံးကို စစ်ဘေးရှောင် ပြည်သူတွေအတွက် လှူဒါန်းမယ့် ခင်သဇင်..

Cele nwes

ခင်သဇင်ကတော့ အနုပညာ လောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိ ပိုင်ဆိုင် ထားတဲ့ မင်းသမီး တစ်ယောက် ဖြစ်ပြီး ဇာတ်လမ်းတွဲတွေ များစွာ ကိုလည်း ရိုက်ကူး ထားသူ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလက စတင်ပြီး နိုင်ငံ အတွင်းမှာ ဖြစ်ပေါ် နေတဲ့ အခြေအနေ တွေမှာ ဆိုရင်လည်း ခင်သဇင်က ပြည်သူတွေ ဘက်ကနေ ရပ်တည် ပေးကာ သူမတတ်နိုင် သလောက် ပါဝင် လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခင်သဇင်က ပရိသတ် တွေအတွက် ခွန်အား ဖြစ်စေမယ့် စာလေးတွေကိုလည်း မကြာခဏ ရေးတင် လေ့ရှိသူတစ်ယောက်ဖြစ်ပြီး

သူမရဲ့ရပ်တည်ချက် ကိုလည်း ပွင့်လင်းစွာပြော လေ့ရှိသူလည်း ဖြစ်ပါတယ်။သူမရဲ့စာနာ စိတ်ထားလေးကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီနေ့မှာ လည်း သူရဲ့ အဝတ် အစားတွေ အကုန်ကို စစ်ဘေးရှောင်ပြည်သူ တွေအား လှူဒါန်းမယ့် အကြောင်းလေးကို အသိ ပေးရေးသားဝေမျှ လာပါတယ် ။

” ဇင့် အဝတ်တွေ အကုန်ကို စစ်ဘေးရှောင် ဒုက္ခရောက် ပြည်သူတွေကို လှူပါမယ်…အဝတ်တွေက ဒါတောင် နှစ်တိုင်း မိဘမဲ့ ဂေယာတွေကို လှူနေကြပါ အခုတော့ ကိုယ့် ဆီမှာ အထည်လေး ၁၀ ဂဏန်းပဲ ထားခဲ့ ပြီး ရှိသမျှ အကုန် လှူမှာပါ

တချို့ ဒီဇိုင်းတွေ ကြောင့် ဘယ်လို လှူရ ရောင်းရမှန်း မသိလို့ ဝန်ထမ်းလည်း ခေါင်းတွေ မူးနေပါပြီ ဘယ်ဟာကို ရောင်းပြီး လှူရမယ် ဘယ်ဟာကို တိုက်ရိုက် လှူရမယ် ဆိုတာလည်း မသိတော့ပါဘူး

မိမိမှာ များလွန်းတဲ့ အဝတ်အစား တွေကြောင့်လည်း ဘာတွေကိုယ်လှူရင် အဆင် ပြေမလည်း လို့လည်းသေချာစီစဥ် ရပါတယ်။

ဒုက္ခရောက် ပြည်သူတွေ ဆီ တိုက်ရိုက် ရောက် နိုင်မယ့် နေရာကို လှူပါမယ်..အလှူခံချင်တဲ့ သူတွေ နီးစပ် ရာကနေ လက်တို့ပါနော်..ပြည်သူတွေ ကျန်းမာ ချမ်းသာ ဘေးကင်းကြပါစေရှင် ” ဆိုပြီးဖော် ပြထားရာ လေးစားမိ တာကြောင့် ပရိသတ် ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *