အဝေးရောက်နေပေမယ့်လဲ ညီဖြစ်သူမွေးနေ့ကို မှတ်မှတ်ရရ ဆုတောင်းပေးလိုက်တဲ့ R ဇာနည်

News

အဝေးရောက်နေပေမယ့်လဲ ညီဖြစ်သူမွေးနေ့ကို မှတ်မှတ်ရရ ဆုတောင်းပေးလိုက်တဲ့ R ဇာနည်

ပရိသတ်ကြီးရေ… အဆိုတော် R ဇာနည် ကတော့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော်ကြီးတစ်ဦး ဖြစ်ပါတယ်။

R ဇာနည် ဟာ MRTV-4 ကနေ စီစဥ်တင်ဆက်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာကျားပေါက်၊နီနီခင်ဇော်၊ရန်ရန်ချမ်း တို့နဲအတူပါဝင် အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသေးတယ်။

သူကတော့ ဖေဖော်ဝါရီလကတည်းက နွေဦးတော်လှန်ရေးအစကနေ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ဒါကြောင့်လဲ တရားစွဲဆိုခံထားရတာကြောင့် ဘေးကင်းရာကိုတိမ်းရှောင်ရင်း ကျရာတာဝန်ကို ဆက်လက်ထမ်းဆောင်နေတာပါ။

အာဇာနည်က လက်ရှိမှာ အသက် ၄၄နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူ့ရဲ့နာမည်အရင်းကတော့ ဇာနည်မျိုးညွန့်ဖြစ်ပါတယ်။

မွေးချင်း ညီအစ်ကို နှစ်ယောက်ရှိပြီး သူ့ရဲ့ ညီဖြစ်သူ သီဟမျိူးညွန့်ကလည်း အဆိုတော်ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၂၂ ရက်နေ့က သီဟမျိုး ညွန့်ရဲ့ မွေးနေ့ဖြစ်ပါတယ်။

ဒါကြောင့်လဲ ညီဖြစ်သူ အဆိုတော် သီဟမျိုးညွန့် (M Thiha) ရဲ့ မွေးနေ့အတွက်မှတ်မှတ်ရရ မွေးနေ့ဆုတောင်းလေး လုပ်ပေးခဲ့ပါတယ်။

” Happy Birthday Chit Nyi Gyi Thiha Myo Nyunt ပြီးမှအေးဆေး ကဲမယ်ကွာ Fighting ” လို့ အစ်ကိုဖြစ်သူရဲ့မွေးနေ့ကို ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။

အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ အဆိုတော် R ဇာနည် ရဲ့ ညီဖြစ်သူမွေးနေ့အတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။

Crd

Unicode







မွေးချင်း ညီအစ်ကို နှစ်ယောက်ရှိပြီး သူ့ရဲ့ ညီဖြစ်သူ သီဟမျိုးညွန့်ကလည်း အဆိုတော်ဖြစ်ပါတယ်။





Crd

Leave a Reply

Your email address will not be published.