“အထူးသတိပေးချက်ထုတ်ပြန်”စစ်ကိုင်းတိုင်း လမ်းပိုင်းအချို့တွင် ပြည်သူများသတိပြုသွားလာရမည့်အချက်များအား ​ဒေသတွင်း PDF များ အသိပေး

News

စစ်ကိုင်းတိုင်း လမ်းပိုင်းအချို့တွင် ပြည်သူများသတိပြုသွားလာရမည့်အချက်များအား ​ဒေသတွင်း PDF များ အသိပေး

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကိုင်း၊ မုံရွာနှင့် ရွှေဘို ခရိုင်များရှိ လမ်းပိုင်းများတွင် ပြည်သူများသတိပြုသွားလာရမည့်အချက်များအား ဒေသတွင်း PDFအဖွဲ့များက အသိပေးကြေညာသည်။

ယနေ့ (သြဂုတ် ၂၂ရက်)မှ စက်တင်ဘာ ၁ ရက်အထိ ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-နောင်ကြီးအိုင်လမ်းတစ်လျှောက်အား ည ၇နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် ရွှေဘိုခရိုင် အ​ခြေစိုက် C&T SHWEBO အဖွဲ့က အသိပေးသည်။

မဖြစ်မနေ ဖြတ်သန်းသွားလာရမည်ဆိုပါက သက်ဆိုင်ရာအဖွဲ့အစည်းများအား သတင်းပို့၊ ချိတ်ဆက်၍ သွားလာကြရန် C&T SHWEBOအဖွဲ့က ပြည်သူများအား အသိပေးထားသည်။

သတိပေးထုတ်ပြန်ချက်များအား မလိုက်နာဘဲ မောင်းနှင်လာသောယဉ်များ၊ ယာဉ်မောင်း‌များ အန္တရာယ်တစ်စုံတစ်ရာတွေ့ရှိပါက တာဝန်ယူမည် မဟုတ်ကြောင်း C&T SHWEBOအဖွဲ့က သတိပေးသည်။

အလားတူ မုံရွာ-မြင်းမူ-မန္တလေး လမ်းပိုင်းအသုံးပြု၍ ခရီးသွားကြမည့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပက်သက်သော အာကာသယာဉ် အား လုံးဝအသုံးပြုခြင်းမပြုလုပ်ကြရန် မြင်းမူအခြေစိုက် Knight Commanders(MMU) PDF အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီထောက်တိုင်ယာဥ်လိုင်းသည် လမ်းကြောင်းပေါ်တွင် ပေါက်ကွဲမှုများဖြစ်ပေါ် နိုင်ပါသဖြင့် သတိပေးချက်ကို လိုက်နာပေးကြရန် ထပ်မံ သတိပေးထားသည်။

သြဂုတ် ၁၉ရက် နံနက်က စစ်ကိုင်းတံတားအနောက်ဘက်ခြမ်းတွင် အာကာယာဥ်လိုင်းပေါ်လိုက်ပါလာသူအချို့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ လေးဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူလေးဦးအနက် PDF ရဲဘော်နှစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။

(မုံရွာ – မန္တလေးလမ်းမကြီးပေါ် လမ်းယာယီပိတ် ထားစဥ်က စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဉ်၊ဓာတ်ပုံ – CJ)

Crd

Unicode

စစ္ကိုင္းတိုင္း လမ္းပိုင္းအခ်ိဳ႕တြင္ ျပည္သူမ်ားသတိျပဳသြားလာရမည့္အခ်က္မ်ားအား ​ေဒသတြင္း PDF မ်ား အသိေပး

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္းအတြင္းရွိ စစ္ကိုင္း၊ မုံရြာႏွင့္ ေရႊဘို ခရိုင္မ်ားရွိ လမ္းပိုင္းမ်ားတြင္ ျပည္သူမ်ားသတိျပဳသြားလာရမည့္အခ်က္မ်ားအား ေဒသတြင္း PDFအဖြဲ႕မ်ားက အသိေပးေၾကညာသည္။

ယေန႔ (ၾသဂုတ္ ၂၂ရက္)မွ စက္တင္ဘာ ၁ ရက္အထိ ေရႊဘို-ဆိပ္ခြန္-မူးကမ္းႀကီး-ေနာင္ႀကီးအိုင္လမ္းတစ္ေလၽွာက္အား ည ၇နာရီမွ ေနာက္တစ္ေန႔ နံနက္ ၅ နာရီအတြင္း ျဖတ္သန္းသြားလာျခင္းမျပဳၾကရန္ ေရႊဘိုခရိုင္ အ​ေျခစိုက္ C&T SHWEBO အဖြဲ႕က အသိေပးသည္။

မျဖစ္မေန ျဖတ္သန္းသြားလာရမည္ဆိုပါက သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားအား သတင္းပို႔၊ ခ်ိတ္ဆက္၍ သြားလာၾကရန္ C&T SHWEBOအဖြဲ႕က ျပည္သူမ်ားအား အသိေပးထားသည္။

သတိေပးထုတ္ျပန္ခ်က္မ်ားအား မလိုက္နာဘဲ ေမာင္းႏွင္လာေသာယဥ္မ်ား၊ ယာဥ္ေမာင္း‌မ်ား အႏၲရာယ္တစ္စုံတစ္ရာေတြ႕ရွိပါက တာဝန္ယူမည္ မဟုတ္ေၾကာင္း C&T SHWEBOအဖြဲ႕က သတိေပးသည္။

အလားတူ မုံရြာ-ျမင္းမူ-မႏၲေလး လမ္းပိုင္းအသုံးျပဳ၍ ခရီးသြားၾကမည့္ ျပည္သူမ်ားအေနျဖင့္ စစ္ေကာင္စီႏွင့္ပက္သက္ေသာ အာကာသယာဥ္ အား လုံးဝအသုံးျပဳျခင္းမျပဳလုပ္ၾကရန္ ျမင္းမူအေျခစိုက္ Knight Commanders(MMU) PDF အဖြဲ႕က ထုတ္ျပန္သည္။

အဆိုပါ စစ္ေကာင္စီေထာက္တိုင္ယာဥ္လိုင္းသည္ လမ္းေၾကာင္းေပၚတြင္ ေပါက္ကြဲမႈမ်ားျဖစ္ေပၚ နိုင္ပါသျဖင့္ သတိေပးခ်က္ကို လိုက္နာေပးၾကရန္ ထပ္မံ သတိေပးထားသည္။

ၾသဂုတ္ ၁၉ရက္ နံနက္က စစ္ကိုင္းတံတားအေနာက္ဘက္ျခမ္းတြင္ အာကာယာဥ္လိုင္းေပၚလိုက္ပါလာသူအခ်ိဳ႕ႏွင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္တို႔ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားရာ ေလးဦးေသဆုံးခဲ့ၿပီး ၈ ဦးဒဏ္ရာရရွိခဲ့သည္။ ေသဆုံးသူေလးဦးအနက္ PDF ရဲေဘာ္ႏွစ္ဦးလည္း ပါဝင္သည္ဟု သိရသည္။

(မုံရြာ – မႏၲေလးလမ္းမႀကီးေပၚ လမ္းယာယီပိတ္ ထားစဥ္က ေစာင့္ဆိုင္းေနေသာယာဥ္မ်ားအား ေတြ႕ရစဥ္၊ဓာတ္ပုံ – CJ)

Crd

Leave a Reply

Your email address will not be published.