ရှောင်တာနယ်လ်ကို နိုင်ငံရေးအရ ပြန်ပေးဆွဲသည့်သဘော စစ်ခေါင်းဆောင်ထုတ်ပြော

News

ရှောင်တာနယ်လ်ကို နိုင်ငံရေးအရ ပြန်ပေးဆွဲသည့်သဘော စစ်ခေါင်းဆောင်ထုတ်ပြော

ဩစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်လ်ကို နိုင်ငံရေးအရ ပြန်ပေးဆွဲထားသည့်သဘော စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ဩစတြေးလျအစိုးရ၏ တုံ့ပြန်မှုများကြောင့် ပါမောက္ခရှောင်တာနယ်လ်ကို တင်းတင်းမာမာ အရေးယူခြင်းဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ် ခရီးစဉ်အပြီး စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရှောင်တာနယ်လ်ကို နိုင်ငံရေးအရ ပြန်ပေးဆွဲသည့်သဘော စစ်ခေါင်းဆောင်ထုတ်ပြော

ဩစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်လ်ကို နိုင်ငံရေးအရ ပြန်ပေးဆွဲထားသည့်သဘော စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ဩစတြေးလျအစိုးရ၏ တုံ့ပြန်မှုများကြောင့် ပါမောက္ခရှောင်တာနယ်လ်ကို တင်းတင်းမာမာ အရေးယူခြင်းဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ် ခရီးစဉ်အပြီး စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်လ်ကို ပြန်လွှတ်ပေးရန် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုချက်နှင့် ပတ်သက်၍ ဩစတြေးလျအစိုးရအနေဖြင့် အပြုသဘောဆောင်ရွက်ခဲ့ပါက တင်းမာစွာအရေးယူမည့် အခြေအနေမျိုးမရှိကြောင်း စစ်ခေါင်းဆောင်က တုံ့ပြန်သည့်အပြင် ရှောင်တာ နယ်လ်နှင့် ပတ်သက်၍ ကြီးလေးသောပြစ်ဒဏ်များ ချမှတ်နိုင်သည့် သက်သေအထောက်အထားများ စစ်ဆေးတွေ့ရှိထားသည်ဟုလည်း ဆိုသည်။

ရှောင်တာနယ်လ်ကို အာဏာသိမ်းပြီးငါးရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးကာ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပါ ပုဒ်မ ၃ (၁) ဖြင့် အမှုဖွင့်ခဲ့သည်။ ရှောင်တာနယ်လ်ကို ရန်ကုန် အင်းစိန်ထောင်မှ နေပြည်တော်အချုပ်ထောင်သို့ ပြောင်းရွှေ့ခဲ့သည့်အပြင် ထောင် ၅ နှစ် ချမှတ်နိုင်သော လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့်လည်း ထပ်မံအမှုဖွင့်ခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုကို ဒဏ်ခတ်အရေးယူသည့်အနေဖြင့် ဩစတြေးလျအစိုးရက ၂၀၂၁ ခုနှစ် မတ် လတွင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ရပ်ဆိုင်းခဲ့သည်။ ပါမောက္ခ ရှောင်တာ နယ်လ်ကို ပြန်လွှတ်ပေးရန်လည်း ဩစတြေးလျအစိုးရက အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

ပါမောက္ခရှောင်တာနယ်လ်ကို လွှတ်ပေးရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင် စစ်ကောင်စီကို တောင်းဆိုခဲ့ဖူးသည်။ မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုများ ဆက်ချမည်ဆိုပါက ရှောင်တာနယ်လ်၏လုံခြုံရေးကို ထိခိုက်နိုင်ကြောင်း ဩစတြေးလျနိုင်ငံမှ တစ်သီး ပုဂ္ဂလ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Zoe Daniel က ABC သတင်းဌာနကို ပြောဆိုထားသည်။

ဓာတ်ပုံ – Sean Turnell Twitter

Crd

Unicode

ေရွာင္တာနယ္လ္ကို နိုင္ငံေရးအရ ျပန္ေပးဆြဲသည့္သေဘာ စစ္ေခါင္းေဆာင္ထုတ္ေျပာ

ဩစေၾတးလ်နိုင္ငံသား ပါေမာကၡေရွာင္တာနယ္လ္ကို နိုင္ငံေရးအရ ျပန္ေပးဆြဲထားသည့္သေဘာ စစ္ေခါင္းေဆာင္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ဩစေၾတးလ်အစိုးရ၏ တုံ႔ျပန္မႈမ်ားေၾကာင့္ ပါေမာကၡေရွာင္တာနယ္လ္ကို တင္းတင္းမာမာ အေရးယူျခင္းျဖစ္ေၾကာင္း ကုလအထူးကိုယ္စားလွယ္ ခရီးစဥ္အၿပီး စစ္ေကာင္စီ၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ စီးပြားေရးအႀကံေပးျဖစ္သူ ဩစေၾတးလ်နိုင္ငံသား ေရွာင္တာနယ္လ္ကို ျပန္လႊတ္ေပးရန္ မင္းေအာင္လွိုင္ႏွင့္ ေတြ႕ဆုံစဥ္ ျမန္မာနိုင္ငံဆိုင္ရာ ကုလအထူးကိုယ္စားလွယ္က ေတာင္းဆိုခဲ့သည္။

ထိုေတာင္းဆိုခ်က္ႏွင့္ ပတ္သက္၍ ဩစေၾတးလ်အစိုးရအေနျဖင့္ အျပဳသေဘာေဆာင္ရြက္ခဲ့ပါက တင္းမာစြာအေရးယူမည့္ အေျခအေနမ်ိဳးမရွိေၾကာင္း စစ္ေခါင္းေဆာင္က တုံ႔ျပန္သည့္အျပင္ ေရွာင္တာ နယ္လ္ႏွင့္ ပတ္သက္၍ ႀကီးေလးေသာျပစ္ဒဏ္မ်ား ခ်မွတ္နိုင္သည့္ သက္ေသအေထာက္အထားမ်ား စစ္ေဆးေတြ႕ရွိထားသည္ဟုလည္း ဆိုသည္။

ေရွာင္တာနယ္လ္ကို အာဏာသိမ္းၿပီးငါးရက္အၾကာ ၂၀၂၁ ေဖေဖာ္ဝါရီ ၆ ရက္တြင္ စစ္ေကာင္စီက ဖမ္းဆီးကာ ေထာင္ဒဏ္ ၁၄ ႏွစ္အထိ ခ်မွတ္နိုင္သည့္ အစိုးရလၽွို႔ဝွက္ခ်က္မ်ား အက္ဥပေဒပါ ပုဒ္မ ၃ (၁) ျဖင့္ အမႈဖြင့္ခဲ့သည္။ ေရွာင္တာနယ္လ္ကို ရန္ကုန္ အင္းစိန္ေထာင္မွ ေနျပည္ေတာ္အခ်ဳပ္ေထာင္သို႔ ေျပာင္းေရႊ႕ခဲ့သည့္အျပင္ ေထာင္ ၅ ႏွစ္ ခ်မွတ္နိုင္ေသာ လူဝင္မႈႀကီးၾကပ္ေရးအက္ဥပေဒျဖင့္လည္း ထပ္မံအမႈဖြင့္ခဲ့သည္။

အာဏာသိမ္းစစ္အုပ္စုကို ဒဏ္ခတ္အေရးယူသည့္အေနျဖင့္ ဩစေၾတးလ်အစိုးရက ၂၀၂၁ ခုႏွစ္ မတ္ လတြင္ စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးကိစၥရပ္မ်ား ရပ္ဆိုင္းခဲ့သည္။ ပါေမာကၡ ေရွာင္တာ နယ္လ္ကို ျပန္လႊတ္ေပးရန္လည္း ဩစေၾတးလ်အစိုးရက အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့သည္။

ပါေမာကၡေရွာင္တာနယ္လ္ကို လႊတ္ေပးရန္ အာဆီယံအလွည့္က်ဥကၠ႒ ကေမၻာဒီးယားနိုင္ငံဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကိုယ္တိုင္ စစ္ေကာင္စီကို ေတာင္းဆိုခဲ့ဖူးသည္။ ျမန္မာစစ္တပ္အေပၚ ဒဏ္ခတ္အေရးယူမႈမ်ား ဆက္ခ်မည္ဆိုပါက ေရွာင္တာနယ္လ္၏လုံျခဳံေရးကို ထိခိုက္နိုင္ေၾကာင္း ဩစေၾတးလ်နိုင္ငံမွ တစ္သီး ပုဂၢလ လႊတ္ေတာ္အမတ္တစ္ဦးျဖစ္သူ Zoe Daniel က ABC သတင္းဌာနကို ေျပာဆိုထားသည္။

ဓာတ္ပုံ – Sean Turnell Twitter

Crd

Leave a Reply

Your email address will not be published.