စစ်တပ်ကလေယာဉ်ဖြင့်B-းလာကြဲစဉ် PDF များ‌ေ-သပြီဟုဆိုကာ ဆောင်းဘောက်ဖွင့်ကခုန်ခဲ့သည့် ဒလန်ကျောင်းဆရာမနှစ်ဦး ရှင်းလင်းခံရ

News

စစ်တပ်ကလေယာဉ်ဖြင့်B-းလာကြဲစဉ် PDF များ‌ေ-သပြီဟုဆိုကာ ဆောင်းဘောက်ဖွင့်ကခုန်ခဲ့သည့် ဒလန်ကျောင်းဆရာမနှစ်ဦး ရှင်းလင်းခံရ

ဂန့်ဂေါ၊ ဩဂုတ် ၂၀

လူငယ်ခေတ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြစ်သာဆည်ပေါ်ရိပ်သာကုန်းသို့ လေယာဉ် ၄ စီးဖြင့်စစ်တပ်ကလာရောက်ပစ်ခတ်စဉ် PDF များသေပြီဟုဆိုကာ ဆောင်းဘောက်ဖွင့်၍ ကခုန်ခဲ့သည့် စစ်ကောင်စီသတင်းပေး ကျောင်းဆရာမ နှစ်ဦးကို ယခုအခါ ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း CDF – KKG တပ်ရင်း ၅ ထံမှသိရသည်။

ဂန့်ဂေါမြို့နယ်၊ မင်းရွာအတွင်းနေထိုင်သည့် အထက်ပါကျောင်းဆရာမနှစ်ဦးသည် အဖွဲ့အစည်းများ၏ ဒလန်စာရင်းတွင်ပါဝင်နေသည့်အပြင် ၎င်းတို့၏ လုပ်ရပ်များကို ပြည်သူများက သတင်းပေးပို့သဖြင့် CDF – KKG တပ်ရင်း ၅ က နေအိမ်တွင်သွားရောက်ဖမ်းဆီးခဲ့ကြောင်း ယနေ့ထုတ်ပြန်ထားသည်။

“စကစလက်ပါးစေဒလန်တွေကို ကျွန်တော်တို့အရင်သတိပေးပါတယ်ခင်ဗျ။ စကစကိုသတင်းမပေးဖို့၊ အေးအေး ဆေးဆေးနေဖို့ ပထမတစ်ခါ၊ ဒုတိယတစ်ခါ သတိပေးပါတယ်။ ဒါမှဆက်သတင်းပေးနေတယ်၊ စကစနဲ့ဆက်ပြီး ပတ်သက်နေတယ်ဆိုရင် ကျွန်တော်တို့ဖမ်းဆီးစစ်ဆေးပါတယ်” ဟု CDF – KKG တပ်ရင်း ၅၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

အဆိုပါကျောင်းဆရာမနှစ်ဦးနှင့် ဒလန်အုပ်စုသည် စစ်ခေါင်းဆောင်မင်းအောင် လှိုင်အတွက် ဆုတောင်းပွဲများ ပြုလုပ်ခြင်း၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်များက မင်းရွာစခန်းသို့ ဝင်ရောက်စီးနင်းရာတွင်လည်း စစ်ကောင်စီထံ သတင်းပေးခဲ့ခြင်းများပြုလုပ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း CDF – KKG တပ်ရင်း ၅ ထံမှ သိရသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်ရှိ မြန်မာ့အသံရုပ်မြင်သံကြားတွင် အလုပ်လုပ်ကိုင်နေသည့် ညီမဖြစ်သူထံသို့ လည်း ယောဒေသအတွင်းဖြစ်ခဲ့သည့် အ ဖြစ်အပျက်မှန်သမျှကို နေ့စဉ်ဖုန်းဖြင့်သတင်းပေးခဲ့ပြီး စစ်ကောင်စီကိုလည်း အပြည့်အဝထောက်ခံသည်ဟု ဝန်ခံထွက်ဆိုသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒေသအတွင်းအကြမ်းဖက်စစ်ကောင်စီ လက်ပါးစေဒလန်တွေကို ဆက်မလုပ်ဖို့၊ စစ်ကောင်စီနဲ့ မပတ်သက်ဖို့၊ အေးအေးဆေးဆေးပဲနေသွားဖို့ပြောချင်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ထပ်မံသတိပေးပြောသည်။

အဆိုပါကျောင်းဆရာမနှစ်ဦးသည် ဒေသတွင်းရှိ စစ်ကောင်စီကိုအားပေးထောက်ခံသည့် ဒလန်များကို ဖော်ထုတ် ပြောဆိုသွားခဲ့ပြီး ဒေသခံပြည်သူလူ ထု၊ ဒေသခံအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ စစ်ကောင်စီလက်ပါးစေ ဒလန်များနှင့် ပျူစောထီးများကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း CDF – KKG တပ်ရင်း ၅ ထံမှ သိရသည်။

ဓာတ်ပုံ-ပုံဟောင်

Crd

Unicode

စစ္တပ္ကေလယာဥ္ျဖင့္ဗုံးလာႀကဲစဥ္ PDF မ်ားေသၿပီဟုဆိုကာ ေဆာင္းေဘာက္ဖြင့္ကခုန္ခဲ့သည့္ ဒလန္ေက်ာင္းဆရာမႏွစ္ဦး ရွင္းလင္းခံရ

ဂန႔္ေဂါ၊ ဩဂုတ္ ၂၀

လူငယ္ေခတ္

မေကြးတိုင္း၊ ဂန႔္ေဂါၿမိဳ႕နယ္ ျမစ္သာဆည္ေပၚရိပ္သာကုန္းသို႔ ေလယာဥ္ ၄ စီးျဖင့္စစ္တပ္ကလာေရာက္ပစ္ခတ္စဥ္ PDF မ်ားေသၿပီဟုဆိုကာ ေဆာင္းေဘာက္ဖြင့္၍ ကခုန္ခဲ့သည့္ စစ္ေကာင္စီသတင္းေပး ေက်ာင္းဆရာမ ႏွစ္ဦးကို ယခုအခါ ရွင္းလင္းလိုက္ၿပီျဖစ္ေၾကာင္း CDF KKG တပ္ရင္း ၅ ထံမွသိရသည္။

ဂန႔္ေဂါၿမိဳ႕နယ္၊ မင္း႐ြာအတြင္းေနထိုင္သည့္ အထက္ပါေက်ာင္းဆရာမႏွစ္ဦးသည္ အဖြဲ႕အစည္းမ်ား၏ ဒလန္စာရင္းတြင္ပါဝင္ေနသည့္အျပင္ ၎တို႔၏ လုပ္ရပ္မ်ားကို ျပည္သူမ်ားက သတင္းေပးပို႔သျဖင့္ CDF KKG တပ္ရင္း ၅ က ေနအိမ္တြင္သြားေရာက္ဖမ္းဆီးခဲ့ေၾကာင္း ယေန႕ထုတ္ျပန္ထားသည္။

စကစလက္ပါးေစဒလန္ေတြကို ကြၽန္ေတာ္တို႔အရင္သတိေပးပါတယ္ခင္ဗ်။ စကစကိုသတင္းမေပးဖို႔၊ ေအးေအး ေဆးေဆးေနဖို႔ ပထမတစ္ခါ၊ ဒုတိယတစ္ခါ သတိေပးပါတယ္။ ဒါမွဆက္သတင္းေပးေနတယ္၊ စကစနဲ႕ဆက္ၿပီး ပတ္သက္ေနတယ္ဆိုရင္ ကြၽန္ေတာ္တို႔ဖမ္းဆီးစစ္ေဆးပါတယ္ ဟု CDF KKG တပ္ရင္း ၅၊ ျပန္ၾကားေရးဌာနမွ တာဝန္ရွိသူတစ္ဦးက လူငယ့္ေခတ္သို႔ေျပာသည္။

အဆိုပါေက်ာင္းဆရာမႏွစ္ဦးႏွင့္ ဒလန္အုပ္စုသည္ စစ္ေခါင္းေဆာင္မင္းေအာင္ လွိုင္အတြက္ ဆုေတာင္းပြဲမ်ား ျပဳလုပ္ျခင္း၊ ေယာေဒသျပည္သူ႕ကာကြယ္ေရးတပ္မ်ားက မင္း႐ြာစခန္းသို႔ ဝင္ေရာက္စီးနင္းရာတြင္လည္း စစ္ေကာင္စီထံ သတင္းေပးခဲ့ျခင္းမ်ားျပဳလုပ္ခဲ့သည္ဟု ဝန္ခံထြက္ဆိုခဲ့ေၾကာင္း CDF KKG တပ္ရင္း ၅ ထံမွ သိရသည္။

ထို႔ျပင္ စစ္ေကာင္စီလက္ေအာက္ရွိ ျမန္မာ့အသံ႐ုပ္ျမင္သံၾကားတြင္ အလုပ္လုပ္ကိုင္ေနသည့္ ညီမျဖစ္သူထံသို႔ လည္း ေယာေဒသအတြင္းျဖစ္ခဲ့သည့္ အ ျဖစ္အပ်က္မွန္သမွ်ကို ေန႕စဥ္ဖုန္းျဖင့္သတင္းေပးခဲ့ၿပီး စစ္ေကာင္စီကိုလည္း အျပည့္အဝေထာက္ခံသည္ဟု ဝန္ခံထြက္ဆိုသြားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ေဒသအတြင္းအၾကမ္းဖက္စစ္ေကာင္စီ လက္ပါးေစဒလန္ေတြကို ဆက္မလုပ္ဖို႔၊ စစ္ေကာင္စီနဲ႕ မပတ္သက္ဖို႔၊ ေအးေအးေဆးေဆးပဲေနသြားဖို႔ေျပာခ်င္ပါတယ္ဟု အထက္ပါတာဝန္ရွိသူက ထပ္မံသတိေပးေျပာသည္။

အဆိုပါေက်ာင္းဆရာမႏွစ္ဦးသည္ ေဒသတြင္းရွိ စစ္ေကာင္စီကိုအားေပးေထာက္ခံသည့္ ဒလန္မ်ားကို ေဖာ္ထုတ္ ေျပာဆိုသြားခဲ့ၿပီး ေဒသခံျပည္သူလူ ထု၊ ေဒသခံအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းကာ စစ္ေကာင္စီလက္ပါးေစ ဒလန္မ်ားႏွင့္ ပ်ဴေစာထီးမ်ားကို ျပင္းျပင္းထန္ထန္အေရးယူသြားမည္ျဖစ္ေၾကာင္း CDF KKG တပ္ရင္း ၅ ထံမွ သိရသည္။

ဓာတ္ပုံ-ပုံေဟာင္

Crd

Leave a Reply

Your email address will not be published.