တော်လှန်ရေးကြီးထက် အရေးကြီးနေတဲ့ မန်ယူ FAN တွေကို ဒဲ့ပြောပစ်လိုက်တဲ့ လူရွှင်တော် ပြည်ကျော်

News

တော်လှန်ရေးကြီးထက် အရေးကြီးနေတဲ့ မန်ယူ FAN တွေကို ဒဲ့ပြောပစ်လိုက်တဲ့ လူရွှင်တော် ပြည်ကျော်

ပရိသတ်ကြီးရေ ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင် ပျက်လုံးတွေနဲ့ တင်ဆက်နေတဲ့ ဟားငါးကောင်အငြိမ့်အဖွဲ့ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။

ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အာဏာစသိမ်းတဲ့အချိန်ကစပြီး အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ အစောဆုံးရပ်တည်ခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့ကို တိုင်းကျော်၊ပြည်ကျော်၊ဝိုင်းကျော်၊ပိုးလေး၊တိုးကျော် အစရှိတဲ့အဖွဲ့ဝင်ငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

အမှန်တရားဘက်တော်သားတွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ တတ်ညီလက်ညီနဲ့ အာဏာရှင်ကိုတွန်းလှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ဟားငါးကောင် လူရွှင်တော် ပြည်ကျော် ဟာ လူမှု့ကွန်ယက်ပေါ်မှတစ်ဆင့် ပြည်သူတွေသွေးမအေးစေဖို့ တိုက်တွန်းနှိုးဆော်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

အခုတစ်ခါမှာလဲ တော်လှန်ရေးနဲ့ပတ်သက်တဲ့ သတင်းတွေကို ဖုံးလွှမ်းသွားစေနိုင်တဲ့ မန်ယူ Fan တွေရဲ့ကိစ္စနဲ့ပတ်သက်ပြီး

” တော်လှန်ရေးထက်အရေးကြီးတဲ့မန်ယူ Fanတွေလည်းကျွန်တော်မပြောချင်တော့ဘူးဗျာ…သတင်းတွေမဖုံးစမ်းပါနဲ့ဗျာ…

မန်ယူရှုံးတာကျွန်တော်တို့နဲ့ဆိုင်လား…”လို့ လူရွှင်တော် ပြည်ကျော် ဟာ အွန်လိုင်းပေါ်မှာ မန်ယူရှုံးတာနဲ့ပတ်သက်ပြီး ဂယက်ထနေတဲ့ ပြည်သူတွေကို အခုလိုပဲပြောဆိုဆုံးမခဲ့တာ ဖြစ်ပါတယ်။

အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Crd

Unicode

တ်ာလှန်ရေးကြီးထက် အရေးကြီးနေတဲ့ မန်ယူ Fan တွေကို ဒဲ့ပြောပစ်လိုက်တဲ့ လူရွှင်တော် ပြည်ကျော်










Crd

Leave a Reply

Your email address will not be published.