လွတ်မြောက်နယ်မြေမှာ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ ဓမ္မဘက်တော်သား အနုပညာရှင် ညီအစ်ကိုနှစ်ဦး

News

လွတ်မြောက်နယ်မြေမှာ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ ဓမ္မဘက်တော်သား အနုပညာရှင် ညီအစ်ကိုနှစ်ဦး

ပရိသတ်ကြီးရေ မြန်မာနိုင်ငံကို စစ်အာဏာသိမ်းသွားခဲ့တာကြောင့် သဘောမတူတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်တွေဟာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံရပြီး အနုပညာရှင်အချို့ဟာ ဖမ်းဆီးခံရပြီး အချို့ကတော့ လွတ်မြောက်နယ်မြေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ အနုပညာရှင်တွေထဲကမှ အမှန်တရားကိုလဲ ချစ်မြတ်နိုးပြီး ကိုယ်တိုင်လဲ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ အနုပညာရှင် ညီအစ်ကိုနှစ်ဦးကို ဖော်ပြပေးချင်ပါတယ်။

အကယ်ဒမီ မင်းမော်ကွန်း

မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ မင်းသား မင်းမော်ကွန်း ဟာ အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး အခြားအနုပညာရှင်တွေနဲ့အတူ လမ်းမပေါ်ထွက်ဆန္ဒပြခဲ့သူတစ်ဦးဖြစ်ပါတယ်။ ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံရတဲ့အပြင် ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်အဖြစ် ပယ်ဖျက်ခံခဲ့ရတဲ့တိုင်တောင် ခိုင်မာတဲ့စိတ်ဓာတ်နဲ့ လွတ်မြောက်နယ်မြေမှာ မိသားစုနဲ့အတူရောက်ရှိပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေတာပဲ ဖြစ်ပါတယ်။

မင်းမော်ကွန်း ဟာ ခံယူချက်မတူတဲ့ နှင်းဆီအငြိမ့်အဖွဲ့ ကနေ တရားဝင်နှုတ်ထွက်ခဲ့ပြီး ပြည်သူအားလုံးရဲ့ အချစ်ကိုခံယူထားတဲ့ ပြည်သူကထာဝရချစ်တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

မင်းသား ဟိန်းထက်

MRTV-4 ဇာတ်လမ်းတွဲတွေမှတစ်ဆင့် နာမည်ကြီးလူကြိုက်များလာခဲ့တဲ့ မင်းသား ဟိန်းထက် ကိုတော့အားလုံးပဲ သိကြမှာပါပဲ။ အာဏာသိမ်းတာကိုလက်မခံတဲ့ မင်းသား ဟိန်းထက် ဟာလဲ လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်ပြီး ပြည်သူ့ရဲဘော်အနေနဲ့ခံယူခဲ့တာကို မိသားစုတွေနဲ့ ချစ်တဲ့ပရိသတ်တွေကို အသိမပေးခဲ့ပါဘူး။ နောက်ကျမှ လူမူ့ကွန်ယက်မှတစ်ဆင့် သိခဲ့ကြပြီးနောက် အံ့သြခဲ့ကြရပြီး သူ့ရဲ့စိတ်ဓာတ်ကို အားလုံးကချီးကျူးခဲ့ကြပါတယ်။

အဓမ္မကိုတွန်းလှန်နေတဲ့ ဟိန်းထက် ကိုတော့ မိသားစုမှ သားအဖြစ်နဲ့ အမွေပြတ်စွန့်လွှတ်ခံခဲ့ရပေမယ့် တော်လှန်ရေးအတွက် သူ့ရဲ့စိတ်ဓာတ်ကတော့ အခုချိန်ထိ ခိုင်မာနေဆဲပါပဲ။

ကဲ… ပရိသတ်ကြီးရေ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ အမှန်တရားကိုချစ်မြတ်နိုးသူ အနုပညာရှင် ညီအစ်ကိုနှစ်ဦးရဲ့အကြောင်းကို ဖော်ပြပေးခဲ့တာကို ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်နော်။ ဓမ္မဘက်တော်သား ညီအစ်ကိုနှစ်ယောက်ကို ‌ဘေးကင်းကျန်းမာအောင် ကောမန့်မှာ ဆုတောင်းစကားလေးတွေ ပြောခဲ့ပါအုန်းနော်။

Crd

Unicode







မင်းသား ဟိန်းထက်




Crd

Leave a Reply

Your email address will not be published.